ကြက်ခြေနီအမှတ်တံဆိပ်အား အလွဲသုံးမှုမဖြစ်စေရန် ဥပဒေ ပြင်ဆင်သင့်ဟု သမ္မတ အကြံပြု

ကြက်ခြေနီအမှတ်တံဆိပ်အား အလွဲသုံးမှုမဖြစ်စေရန် ဥပဒေ ပြင်ဆင်သင့်ဟု သမ္မတ အကြံပြု

ရန်ကုန်၊ အောက်တိုဘာလ ၂ ။                    ။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အမှတ်တံဆိပ်နှင့် သင်္ကေတအား အလွဲသုံးမှုမဖြစ်စေရန် ဥပဒေအား ခေတ် စနစ်နှင့် လျော်ညီအောင်ပြင်ဆင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အကြံပေးပြောကြားခဲ့သည်။

“ အကြံပြုလိုတာက ဒီကိစ္စနဲ့ စပ်လျဉ်းတဲ့ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲပေါ့။ ဒါမှမဟုတ် လက်ရှိ ဥပဒေကို ပြင်ဆင်ဖြည့်စွက်တာတွေ စသဖြင့် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို စဉ်းစားစေချင်တယ်။ ပြင်ဆင်မယ် ဆိုရင်တော့ ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဥပဒေတစ်ခုက ရာနှုန်းပြည့် မပြည့်စုံနိုင် ပါဘူး။ လိုအပ်ရင် နည်းဥပဒေတွေကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆက်လက်ပြဋ္ဌာန်းရပါတယ်။ လိုအပ်ရင် လုပ်ထုံး၊ လုပ်နည်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး ဆောင်ရွက်နိုင်ပါတယ်”ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်း နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမတွင် မြန်မာနိုင်ငံ ကြက် ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ၊  ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်တို့ကို လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်း နယက လည်းဖြစ်သူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အကြံပြုပြောကြားခဲ့ခြင်းဖြစ်သည်။

 “ မြန်မာနိုင်ငံကြက်ခြေနီအသင်းက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ရပ် တည်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလှူငွေတွေ လှူဒါန်းမှုကို လက်ခံနိုင်ပေမယ့် နှောင် ကြိုးနဲ့ လှူဒါန်းတာတွေ မဖြစ်စေချင်ဘူး။ မွန်မြတ်တဲ့ လူမှုဂရုဏာလုပ်ငန်း လုပ်ဆောင်သူတွေအနေနဲ့ ငွေကြေး အလွဲသုံးစားမှုတွေ မရှိနိုင်ပါဘူး။ ဒါပေမယ့် လုပ်မှား ကိုင်မှားတော့ ရှိနိုင်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ထိုသို့  လုပ်မှားကိုင်မှား မဖြစ်စေရန်အတွက် ပွင်းလင်းမြင်သာမှုရှိပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ နှင့် အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် ကျပ်သိန်း ၅ဝ လှူဒါန်းခဲ့ကြောင်းသိရသည်။

 

Mizzima Weekly