အသက် ၁၁၈ နှစ်ရှိ ဘိုလီးဗီးယားအမျိုးသမီးအား ဂင်းနစ်စ်စံချိန်တင်နိုင်ရန် အာဏာပိုင်များကြိုးပမ်း

အသက် ၁၁၈ နှစ်ရှိ ဘိုလီးဗီးယားအမျိုးသမီးအား ဂင်းနစ်စ်စံချိန်တင်နိုင်ရန် အာဏာပိုင်များကြိုးပမ်း

အောက်တိုဘာ ၂၇ ။          ။ ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၂၆ ရက်က ဘိုလီးဗီးယားအမျိုးသမီးတစ်ဦးဟာ ၎င်းရဲ့ အသက် ၁၁၈ နှစ်ပြည့် မွေးနေ့ပွဲကို ဘိုလီးဗီးယား အာဏာပိုင်တွေနဲ့အတူ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

၁၉၀၀ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်မှာ မွေးဖွားခဲ့တဲ့ ဂျူလီယာ ဖလောရက်စ် (မာမာဂျူလီယာ) ဟာ ဘိုလီးဗီးယားနိုင်ငံ၊ ကာချာဘမ်ဘာမြို့နားက ဆာကာဘာမြို့လေးမှာ ၎င်းရဲ့ မြေးတူမ သြဂက်စ်တီနာ ဘာနာနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

ဆာကာဘာမြို့ပိုင်က မာမာဂျူလီယာရဲ့ မွေးနေ့ပွဲအတွက် ၎င်းရဲ့ဓာတ်ပုံပါတဲ့ ကိတ်မုန့်၊ တီးဝိုင်းတစ်ဝိုင်းကို စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

“သူက ကျွန်တော်တို့မြို့အတွက် ဘဝဆောင်ပုဒ်ပါပဲ။ သူက ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးလည်း ဖြစ်တယ်။ သူ့မွေးနေ့ကို ကျင်းပပေးရတာ ဂုဏ်ယူတယ်။”လို့ ဆာကာဘာမြို့အာဏာပိုင်တွေက ပြောပါတယ်။

မာမာဂျူလီယာကို ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးအဖြစ် ဂင်းနစ်စ်မှာ စံချိန်တင်နိုင်ဖို့ ဘိုလီးဗီးယားအာဏာပိုင်တွေက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးအဖြစ် စံချိန်တင်ထားတဲ့ ဂျပန်အမျိုးသမီး နာဘီတာဂျီမာကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၁၁၇ နှစ်ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ အသက် ၁၁၂ နှစ်ကျော်သူ ၃၆ ဦးရှိတဲ့အနက် ၃၄ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်းသိရပြီး မာမာဂျူလီယာကိုတော့ အဆိုပါစာရင်းထဲ ထည့်သွင်းခြင်းမပြုရသေးဘူးလို့ သိရပါတယ်။