စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည်

စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည်

အောက်တိုဘာ ၂၆ ။         ။ ကုန်စည်ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းများပြုလုပ်ရာတွင် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များ တွင် သုံးစွဲပုံနှင့်ပတ်သတ်သော သတင်းအချက်အလက် (သို့) ညွှန်ကြားချက်များကို မြန်မာဘာသာ ဖြင့် ဖြစ်စေ၊ မြန်မာနှင့် နိုင်ငံခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဟု စားသုံးသူအကာအကွယ်ပေးရေး ဗဟို ကော်မတီမှ ထုတ်ပြန်လိုက်သည်။

ကုန်စည်များတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သ တိပေးချက်၊ ဘေးထွက်ဆိုးကျိုးများကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် နိုင်ငံခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်းကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၂၆ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဖော်ပြရန်လိုအပ်သည့် ကုစည်များမှာ စာသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်း များ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်သုံးပစ္စည်းကိရိယာများ စသည်တို့ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပိုပြီး ဘေးအန္တရာယ်ကင်းတဲ့ စားသောက်ကုန်ထုတ်လုပ်မှုအတွက်လည်း ကောင်းလာမယ်။ အ ရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေ၊ နောက်ပြီး မှောင်ခိုသွင်းတာတို့၊ Expire Date နီးတဲ့ ပစ္စည်းတွေ သွင်းလာတာ တို့ နယ်စပ်ကနေပြီးတော့ သွင်းလာတဲ့ပစ္စည်းတွေအတွက်အကာအကွယ်ပေးနိုင်တာပေါ့" မြန်မာနိုင်ငံစား သောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦး ကပြောသည်။

စားသောက်ကုန်များတွင် စားသုံးသူများသိရှိပြီး ရွေးချယ်ဝယ်ယူနိုင်စေရန်အတွက် ကုန်ပစ္စည်း အမှတ်တံဆိပ် များတွင် မြန်မာဘာသာစကား ကျိန်းသေပေါက်ထည့်သွင်းရမည်ဆိုသည့် သတ်မှတ်ချက်များ ဖြစ်ပေါ်လာစေရန် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးတိုင်ပင်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံစား သောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၅ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။

စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် အမိန့်ကြေညာချက်ထုတ်ပြန်သည့် နေ့မှ ၆လပြည့်သည့်နေတွင် အာ ဏာသက်ရောက်မည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူအကာအကွယ်ပေး ရေး ဥပဒေပုဒ်မ ၁၉ အရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mizzima Weekly