တာမွေမြို့နယ်ဓားခုတ်မှုမှ လူ ၁၅ ဦးကို တရားစွဲတင်​

တာမွေမြို့နယ်ဓားခုတ်မှုမှ လူ ၁၅ ဦးကို တရားစွဲတင်​
 ဝင်​းထွဋ်​ဝင်​းနှင်​့ ​ပေါင်​းအပါတို့ကို ပြီးခဲ့သည်​့ စက်​တင်​ဘာလ ၁၂ ရက်​​နေ့က တာ​မွေမြို့နယ်​တရားရုံးတွင်​ ပထမအကြိမ်​ရုံးထုတ်​ရမန်​ယူခဲ့စဉ်​။ ဓာတ်​ပုံ- သူရ

ရန်​ကုန်​၊​အောက်​တိုဘာ ၁၁ ။           ။ ရန်ကုန်၊ ​​တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းပေါ်တွင် အမျိုးသားတစ်ဦး ​သေဆုံးသည်​့အထိ အုပ်စုဖွဲ့ ဓား၊ လှံများဖြင့် ဝိုင်​းခုတ်​ခဲ့သူ ဝင်းထွဋ်ဝင်းအပါအဝင် ၁၅ ဦးအား ရန်ကုန်​အ​ရှေ့ပိုင်​းခရိုင်​တရားရုံးသို့ တရားစွဲတင်​ပို့လိုက်​သည်​။

ယ​နေ့ ​အောက်​တိုဘာလ ၁၁ ရက်​​နေ့တွင်​ ဝင်းထွဋ်ဝင်းအပါအဝင် ၁၅ ဦးအား ရာဇသတ်​ကြီးဥပ​ဒေပုဒ်​- ၃ဝ၂/၃၂၆/၁၁၄ စသည်​့ပုဒ်​မ ၃ ခုဖြင်​့ တရားစွဲတင်​ပို့လိုက်​ခြင်​းဖြစ်​ပြီး ရုံးချိန်​းအား လာမည်​့ ​အောက်​တိုဘာလ ၁၉ ရက်​​နေ့သို့ ပြန်​လည်​ချိန်​းဆိုထားသည်​။

အဆိုပါ အမှုတွင်​ တရားခံ​ပြေး ၈ ဦးထိရှိ​ကြောင်​း စုံစမ်​းသိရှိရပြီး လက်​ရှိတရားစွဲတင်​ထားသည်​့ ၁၅ ဦးမှာ ဝင်​းထွဋ်​ဝင်​း၊ သံဗု​ဒ္ဓေ(ခ) ဝင်​းနိုင်​၊ ဖြူ တုတ်​(ခ)သိန်​း​ထွေး၊ ဝင်​းမြင်​့၊ ယဉ်​မိုး(ခ) မိုးကြီး၊ သီဟ​အောင်​၊ သိန်​းထိုက်​​အောင်(ခ) အန်​းကုန်​း၊ မင်​း​အောင်​၊သက်​​မောင်​​မောင်​(ခ) သက်​နိိုင်​(ခ) ကျန်​​ကျောင်​း၊လင်​းကိုကို(ခ) လင်​းကုုိ၊ မျိုးသူ၊​ ​အောင်​မင်​းထွန်​း(ခ) မာမက်​အလီ(ခ) အားကလီး၊ ဇင်​​ယော်​(ခ) ဇင်​မင်​းဦး၊ ထိန်​လင်​း(ခ) ကုလား(ခ) ဆိုပီယန်​နှင်​့ ​ကျောင်​းသား(ခ)လှိုင်​မျိုး​ဌေးတို့ ဖြစ်​​ကြောင်​းသိရသည်​။

အခင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်၊ ညနေ ၅ နာရီခန့် ကျိုက္ကဆံလမ်းမပေါ်ရှိ ကလေးကစားသည့် ဂိမ်းဆိုင်၏ ရှေ့တွင် ဂိမ်းဆော့ရင်း ကလေးတစ်ဦးအား အနီးရှိ ကလေးတစ်ဦးက ကလေးကစားသည့် သေနတ်ဖြင့် ဦးခေါင်းအား ထုနေသည့်အတွက် မထုရန် ပြောဆိုရာမှ မိဘချင်းစကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်ဟုရဲမှတ်တမ်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဝင်းထွဋ်ဝင်း ဆိုသူက ည ၁ဝ နာရီကျော်တွင် အခင်းဖြစ်စဉ်မှ  သေဆုံးခဲ့သူအမျိုးသားကို ဖုန်းဆက်ဆဲဆိုခဲ့သည့်အပြင် မင်းတို့ကို လာခုတ်မယ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး သေဆုံးသူ အမျိုးသား၏ မိသားစု တိုက်အောက်ဆင်းလာချိန်တွင် လူတစ်စုမှ ကား ၃ စီးဖြင့် ရောက်လာပြီး ဓား၊ လှံများဖြင့် ဝင်ခုတ်ခဲ့ကြ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ ဓား၊ လှှံများဖြင့်အုပ်စုဖွဲ့ခုတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာများရရှိခဲ့ကာ ရဲတပ်ဖွဲ့မှ ကျူးလွန်ခဲ့သူများကို ညတွင်းချင်းဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတို့ထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော ဓားရှည် ၁၁ ချောင်း၊ ဓားတို ၂ ချောင်း၊ လှံ ၂ ချောင်း၊ ပေါက်စိန်တစ်လက်၊ သံလက် သီး ၁ ကွင်းတို့ကိုလည်း သက်သေခံအဖြစ်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ​​အမှုကို ​ရန်​ကုန်​အ​ရှေ့ပိုင်​းခရိုင်​တရား ရုံး ဒုတိယခရိုင်​တရားသူကြီး (၁၅) တရားခွင်​တွင်​ တရားရုံးအမှုအမှတ်​ ၃၆ဝ/၂ဝ၁၈ ဖြင်​့ လက်​ခံ​စစ်​​ဆေးသွားမည်​ဖြစ်​သည်​။

 

Mizzima Weekly