ကျောက်ဆည်သမိုင်းဝင် ဆင်လှူပွဲတော်နှင့် ဆင်ပြိုင်ပွဲတွင် ဆင်အစီး ၂၀ ယှဉ်ပြိုင်မည်

ကျောက်ဆည်သမိုင်းဝင် ဆင်လှူပွဲတော်နှင့် ဆင်ပြိုင်ပွဲတွင် ဆင်အစီး ၂၀ ယှဉ်ပြိုင်မည်

မန္တလေး ၊ အောက်တိုဘာ ၁၃ ။          ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပသော သမိုင်းဝင် ကျောက်ဆည်ဆင်လှူပွဲတော် နှင့် ဆင်ပြိုင်ပွဲတွင် ဆင်အစီး ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လပြည့်နေ့အထိ ကျင်းပမည့်  ကျောက်ဆည်ဆင်လှူပွဲတော် နှင့် ဆင်ပြိုင်ပွဲတွင် ရိုးရာဆင် ၉ စီး ၊ ကလေးဆင် ၄ စီး၊ ဘော်ကြယ်ဆင်  ၄ စီး၊ သဘာဝဆင် ၃စီး၊ စုစုပေါင်း ဆင်အစီး ၂၀  ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

''  စာရင်းပိတ်ပါပြီ ၊ ဆင်အစီး ၂၀ စာရင်းပေးသွင်းထားတယ်၊ အရင်နှစ်ထက် ၃ စီး လျော့သွားတယ်၊ ဘာကြောင့် လျော့နည်းသွားလဲဆိုတာတော့ အတိအကျ ပြောဖို့တော့ ခက်ပါတယ် '' ဟု ကျောက်ဆည်မြို့ ရပ်မိရပ်ဖ ဦးစိုးရွှေက ပြောသည်။

ယခင်နှစ်က ရိုးရာအငယ်တန်း(ကလေးဆင်) ပြိုင်ပွဲတွင် ၄ စီး၊ရိုးရာအကြီးတန်​းတွင် ၁၆ စီး၊ ​ဘော်​ကြယ်​တန်​းတွင် ၃ စီး စုစုပေါင်း ၂၃ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ယခင်နှစ်ထက် ၃ စီး လျော့နည်းသွားခဲ့သည်။

စားဝတ်နေရေး ကြပ်တည်းလာခြင်း နှင့် စီးပွားရေးကျဆင်းလာခြင်းများကြောင့် ပြိုင်ပွဲဝင်သူ လျော့နည်းလာခြင်းဖြစ်ကြောင်း ကျောက်ဆည် ဒေသခံတစ်ချို့က ဆိုသည်။

ယခုနှစ် ဆုကြေးများကို မကြာမီ ကြေညာပေးသွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဆင်လှူပွဲတော်၌ ရိုးရာအကြီးတန်း (ရိုးရာဆင်)ပြိုင်ပွဲတွင် ပထမဆု (၁၀)သိန်း၊ ဒုတိယဆု (၈)သိန်း၊ တတိယဆု (၆)သိန်း၊ ဘော်ကြယ်တန်း (ဘော်ကြယ်ဆင်)ပြိုင်ပွဲတွင် ပထမဆု (၈)သိန်း၊ ဒုတိယဆု (၆)သိန်း၊ တတိယဆု (၄)သိန်း၊ ရိုးရားအငယ်တန်း (ကလေးဆင်)ပြိုင်ပွဲတွင် ပထမဆု (၆)သိန်း၊ ဒုတိယဆု (၄)သိန်း၊ တတိယဆု (၂)သိန်း စသည့်ဖြင့် သတ်မှတ်ခဲ့သည်။

 

Mizzima Weekly