မိုးကုတ်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြသော ဗုဒ္ဓအဆုံးအမခံယူပွဲ ပြုလုပ်

မိုးကုတ်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြသော ဗုဒ္ဓအဆုံးအမခံယူပွဲ ပြုလုပ်

သြဂုတ် ၂၆ ။           ။ မိုးကုတ်မြို့နယ်ရှိ ထင်းရှူးတောင်ရွာ၊ ကျောင်ဆင်ရွာ၊ ချောင်းကြီးလီဆူကုန်းစံရွာ၊ ကျောက်ဝါရွာ၊ အောင်နီလာ(၂)ရပ်ကွက်၊ အောင်မြေလာရပ်ကွက်အတွင်းရှိ ခရစ်ယာန်ဘာသာ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ ၇၂ ဦးတို့က ဗုဒ္ဓဘာသာသို့ ယုံကြည်သက်ဝင် ကူးပြောင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓအဆုံးအမခံယူပွဲကို သြဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းက မိုးကုတ်မြို့၊ ဗိုလ်ထူး သာမဏေကျော်ကျောင်း(၁)၊ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော်စာသင်တိုက်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ထင်းရှူးတောင်ရွာ၊ ကျောင်ဆင်ရွာ၊ ချောင်းကြီးလီဆူကုန်းစံရွာ၊ ကျောက်ဝါရွာ၊အောင်နီလာ(၂)ရပ်ကွက်၊ အောင်မြေလာရပ်ကွက်တို့မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူများမှာ ခရစ်ယာန်ဘာသာကိုုးကွယ်သူ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၆၀)နှင့် နတ်ကိုးကွယ်သူ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၂)ဦးတို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကူးပြောင်းနိုင်စေရန် မိုးကုတ်မြို့ ဧညောင်သုံးပင် ပရိယတ္တိသာမဏေကျော်စာသင်တိုက် ပဓာနနာယက (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့) (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဒေါက်တာအရှင်တေဇောသာရာဘိဝံသ(Ph.D) တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိုးကုတ်မြို့နယ်၊ လက်ထောက်သာသနာပြုဥက္ကဋ္ဌ) ဦးသန်းနိုင်စံတော်ဝင် (သုဓမ္မမဏိဇောတဓရ)၊ အတွင်းရေးမှူး ဦးစုဗူး(သဒ္ဓမ္မဇောတိကဓဇ)နှင့် လက်ထောက်သာသနာပြုအဖွဲ့တို့၏ ကြိုးစားအားထုတ်ခဲ့မှုဟု ဆိုသည်။

မိုးကုတ်မြို့နယ်အတွင်းရှိ ကရင်၊ လီဆူ၊ ကရင်လီဆူ၊ ဓနုနှင့် ကိုးကန့်တိုင်းသားများအနက် ခရစ်ယာန်ကိုးကွယ်သူ နှင့် နတ်ကိုးကွယ်သူ ၇၂ ဦး ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်ကာ ကူးပြောင်းလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုအများစု ကိုးကွယ်ကြသော်လည်း အခြားသက်ဆိုင်ရာဘာသာများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပေးထားသည်။

 

Mizzima Weekly