လှိုင်သာယာပစ်ခတ်မှု မျက်မြင်သက်သေနှင့် တွေ့ဆုံခြင်း

လှိုင်သာယာပစ်ခတ်မှု မျက်မြင်သက်သေနှင့် တွေ့ဆုံခြင်း
လူသတ်မှုမြင်ကွင်းကို ရှင်းပြနေသော ကိုသန်းဇော် (ဓာတ်ပုံ - Myanmar Now)

သေနတ်သမားတို့က  ငြင်းခုံပြောဆိုမှု များစွာမပြုလုပ်ဘဲအိမ်ရှင်ကိုသွေးအေးအေးပစ်ခတ်သွားသည်ဟုတစ်ဦးတည်းသောမျက်မြင်သက်သေကပြောသည်

စက်တင်ဘာ ၂၆ နံနက် ၁၁ နာရီခန့်က ရန်ကုန်၊လှိုင်သာယာမြို့နယ် ပဒံကျေးရွာရှိ နေအိမ်တစ်ခုသို့ သေနတ်သမားတချို့ရောက်လာပြီးပစ်ခတ်သောကြောင့် လူတစ်ဦးသေဆုံးသွားသည့် သတင်းမှာအွန်လိုင်းလူမှုကွန်ရက်တွင် ချက်ချင်းပျံ့နှံ့သွားသည်။

သံသယတရားခံတို့ကိုနာရီပိုင်းအတွင်းမှာပင် ဖမ်းဆီးရမိကြောင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ကိုဝကြီးခေါ် ကိုခင်မောင်လွင်သည်အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးကြောင်း၊ သေနတ်သမားတို့က ကိုအောင်မင်းဦးဆိုသူကို ထိုးကြိ်တ်ရိုက်နှက်၊လက်ထိပ်ခတ်ကာကားဖြင့် တင်ခေါ်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်မပါဝင်သည့် ကိုသန်းဇော်သည် အခင်းဖြစ်နေရာတွင်ရှိနေခဲ့သည်။

အခင်းဖြစ်ပြီးနောက်တစ်နေ့ ပစ်ခတ်မှုဖြစ်သည့်နေရာတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ကိုသန်းဇော် ပြောပြသည့် ဖြစ်စဉ်အသေးစိတ်ထဲမှ ကောက်နုတ် ဖေါ်ပြလိုက်ပါသည်။

မေး။      ။ ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေ့ကအခြေအနေတွေ ပြန်ပြောပြပေးပါ။

ဖြေ။      ။ သူတို့ငါးယောက်ကတစ်ယောက်ကနောက်မှာမတ်တပ်ရပ်နေပြီးတော့ သုံးယောက်ကသေနတ်သုံးလက်ယူပြီးတော့ တက်လာတယ်။ ပြီးတော့ အောင်မင်းဦးကိုသေနတ်ဒင်တွေနဲ့ ထုတယ်။ မထုခင်မှာအောင်မင်းဦးကိုမင်းပိုက်ဆံတွေ ဘယ်လိုလုပ်မလဲဆိုပြီးမေးတော့ ကိုဝကြီးကဖုန်းဆက်ပြီးတောင်းပေမယ် သူ့ကိုတော့ မလုပ်ပါနဲ့ဆိုပြီးဝင်ပြောတယ်။ သူတိို့က'ဒီကောင်ရှုပ်တဲ့ အရှုပ််' ဆိုပြီးတော့ အောင်မင်းဦးကိုထိုးတယ်။ ထိုးတဲ့အချိန်မှာ ကျွန်တော်ကအိမ်ရဲ့ထောင့်လေးမှာထိုင်နေတာ။ ခင်ဗျားကဘာပတ်သက်လဲဆိုပြီး ကျွန်တော့်ကိုမေးတယ်။ ကျွန်တော်ကကိုဝကြီးရဲ့ ညီဆိုတော့ ကျွန်တော့််ကိုပါ သေနတ်ဒင်နဲ့ ထုတော့ ကျွန်တော်ရှောင်သေးတယ်။ အဲဒါလည်းသေနတ်ဒင်နဲ့ လိုက်ထုသေးတယ်။ အိမ်အစပ်နားရောက်သွားတော့ သေနတ်မောင်းကိုဆွဲတင်ပြီးတော့ ထိုင်ခိုင်းတယ်။ ပြီးတော့ နောက်တစ်ယောက်က ပြေးကန်တဲ့အချိန်မှာ ကျွန်တော် အိမ်အောက်ကို လှိမ့်ချလိုက်တာ။ အဲဒီအချိန်မှာ ကိုဝကြီးကထပြောတော့ သူ့ကိုပစ်ချလိုက်တာ။ အငြင်းအခုံတော့ မဖြစ်ကြဘူး။

မေး။      ။ သူတို့ ဘာကြောင့် ဒီလိုရက်ရက်စက်စက်လုပ်သွားတယ်လို့ထင်လဲ။

ဖြေ။      ။ အဲဒါတော့ ကျွန်တော်မသိဘူး။ အရင်က ဖြစ််ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ကျွန်တော်မသိရဘူး။ ရန်ငြိုးရန်စလည်းမရှိပါဘူး။ ကိုဝကြီး(ထုနှက် ပစ်ခတ်) ခံနေရတာကအောင်မင်းဦးကြောင့်ခံနေရတာ။ ဓားစာခံ ဖြစ်သွားတာပေါ့။ ပိုက်ဆံကိစ္စအရှုပ်အရှင်းကအောင်မင်းဦးနဲ့ ဖြစ်တာ။ ကိုဝကြီးကအောင်မင်းဦးကိုတော့ မလုပ်ပါနဲ့၊သူတို့မပေးနိုင်ရင်ဘူးဆိုရင်လည်း ငါခြံကွက်ပေါင်ပြီးပေးမယ်၊သူ့ကိုတော့ ပြဿနာမရှာပါနဲ့ ဆိုပြီးပြောလို့ ကြားကခံလိုက်ရတာ။ တစ်ချက်ပစ်ပြီးတော့ ကျွန်တော်ကအိမ်အောက်ကိုဆင်းပြေးသွားပြီးပုန်းနေလိုက်ပြီ။ တစ်ချက်ပစ်ပြီးဆင်းသွားပြီးတော့မှ နောက်တစ်ချက် (ကိုဝကြီး) ခေါင်းကိုလာပစ်သွားတာ။ ပစ်ပြီးသွားတော့ သူတို့လာတဲ့လမ်းအတိုင်းပဲအပြင်မှာရပ်ထားတဲ့ကားဆီကိုပြန်ထွက်သွားတယ်။

မေး။      ။ သူတို့ ပစ်ပြီးသွားတော့ ရဲစခန်းကိုအကြောင်းကြားသေးလား။

ဖြေ။      ။ ရဲစခန်းဖုန်းနံပါတ်မသိလို့ ကိုဝကြီးရဲ့ မွေးစားအမေဆီကိုဖုန်းဆက်ပြီးတော့ ရဲစခန်းကိုအကြောင်းကြားခိုင်းလိုက်တာ။ ရဲက ၁၅ မိနစ်လောက်မှာရောက်လာတယ်။ ပြီးတော့ သူတို့စစ်ဆေးတယ်၊ ဓာတ်ပုံတွေရိုက်တယ်။

မေး။      ။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သိန်း ၃၃ဝရလိုမှုဆိုပြီးထုတ်ပြန်ထားတယ်။ အဲဒါဘာကိုဆိုလိုတာလဲ။

ဖြေ။      ။ အောင်မင်းဦးတို့နဲ့ ခြံကွက်ခတ်တဲ့ကိစ္စတွေပဲ။ (အိမ်အပြင်ဘက်သို့ ညွှန်ပြပြီး) နေရာကတော့ ဟိုဘက်မှာပြောတယ်။ အလံတွေတောင်စိုက်ထားတယ် ပြောတယ်။ ဝါဝါဝင်းကုမ္ပဏီကိုလည်းခေါ်စစ်ကြတယ်။ ဝါဝါဝင်းကပို်က်ဆံပေးမယ်ဆိုပြီးတော့ ခြံခတ်ခိုင်းတာ။ ခြံဘယ်တုန်းကခတ်လဲဆိုတာတော့ မသိလိုက်ဘူး။ ဒါကသူတို့ ဖြစ်ပြီးတော့မှ ကျွန်တော်သိရတာ။ ကျွန်တော့်ကိုလည်း CID ကလည်းခေါ်စစ်ထားတယ်? ကျွန်တော်လည်းဖြေပေးထားတယ်။ သေနတ်သုံးလက်ပါတဲ့အကြောင်း၊ ငါးယောက်လာတယ်ဆိုတဲ့အကြောင်း။ ကားပေါ်မှာဘယ်နှစ်ယောက်ကျန်တယ်ဆိုတာတော့ ကျွန်တော်မသိရဘူး။ ဒီနားက(အိမ်နီးချင်း) ကောင်မလေးနှစ်ယောက်ကတော့ ကားပေါ်မှာ နှစ်ယောက်ကျန်တာကို မြင်ရတယ်ပြောတယ်။ ကားပေါ်ကလူကတော့ ကျွန်တော်မသိဘူး။ ဒီထဲရောက်တဲ့သူကိုပဲ ကျွန်တော်သိတယ်။

ငါးယောက်မှာတစ်ယောက်ကအိမ်ခေါင်းရင်းမှာ၊ တစ်ယောက်ကခြေရင်းမှာသုံးယောက်ကအိမ်ပေါ်ကိုသေနတ်မောင်းတင်ပြီးတော့ တက်လာတယ်။ နှစ်ချက်ပစ်သွားတယ် ။သေနတ်သံကလည်း ဗျောက်အိုးဖောက်သလောက်ပဲ။ အရမ်းအကျယ်ကြီးမဟုတ်ဘူး။ ပစ်တော့လည်းခပ်အေးအေးပဲ။ ပြောရမယ်ဆိုရင် တမင်သက်သက်ကိုအပြတ်ရှင်းချင်လို့လာတဲ့ သဘောပဲ။ ငြင်းတာခုံတာတွေမရှိဘူး။ ဒီနေ့ပိုက်ဆံပေးမယ်ဆိုတာဘာလို့ မပေးတာလဲလို့မေးတယ်။ ကိုဝကြီးကဒီနေ့တော့ ပိုက်ဆံမရှိဘူး၊သူတို့မပေးရင် ငါစိုက်ပေးမယ်လို့ပြောတယ်။ မင်းတို့ အေးအေးဆေးဆေးရှင်းကြပေါ့ကွာလို့ပြောတဲ့ အချိန်မှာအောင်မင်းဦးကိုဒီကိစ္စတွေကမင်းရှုပ်တာဆိုပြီးသေနတ်ဒင်နဲ့ ထုတယ်။ ခြေထောက်နဲ့ ဖြတ်ကန်တယ်။ ပြီးတော့ လက်ထိပ်ခတ်ပြီးအိမ်အောက်ကိုကန်ချပြီးတော့ မှ ကျွန်တော့်ကိုမဲတာ။ ဖြစ်တဲ့ အချိန်မှာကိုဝကြီးရယ် ကျွန်တော်ရယ် အောင်မင်းဦးရယ် သုံးယောက်ရှိနေတယ်။ (ကားနဲ့ ဖမ်းခေါ်ခံသွားရတဲ့ အောင်မင်းဦးကို) သေနတ်တွေနဲ့ထုတယ်။ လမ်းမှာလည်းဓားတွေနဲ့ ခုတ်တယ်လို့ကြားတယ်။ သေနတ်နဲ့ ထုပြီးတော့ သူတို့ကအောင်မင်းဦးကိုလက်ထိပ်ခတ်ပြီးခေါ်သွားတာ။ နောက်အပိုင်းကတော့ ကျွန်တော်မသိတော့ဘူး။အောင်မင်းဦးကတော့ ဒီနေ့မနက် ၁ဝ နာရီကျော်မှာဆေးရုံမှာဆုံးသွားတယ် (လို့ သိရတယ်)။

Mizzima Weekly