ကုလသမဂ္ဂညီလာခံမှာ ထရမ့်က မြောက်ကိုရီးယားကို အကောင်းပြောပြီး အီရန်ကို ရှုတ်ချ

ကုလသမဂ္ဂညီလာခံမှာ ထရမ့်က မြောက်ကိုရီးယားကို အကောင်းပြောပြီး အီရန်ကို ရှုတ်ချ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရကို ကမ္ဘာက ဖယ်ကြဉ်ထားရန် တိုက်တွန်းလိုက်ပြီး နိုဝင်ဘာမှာ အသက်ဝင်မယ့် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ပိုမိုပြဌာန်းသွားမယ်လို့  စက်တင်ဘာ ၂၅ ရက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပြောလိုက်ပါတယ်။

“အီရန်ရဲ့ ရန်လိုမှုတွေ ဆက်ရှိနေသရွှေ့ အီရန်အစိုးရကို ဖယ်ကြဉ်ထားကြဖို့ နိုင်ငံအားလုံးကို ကျွန်တော်တို့ တိုက်တွန်းတယ်။ ဘာသာရေးကိုးကွယ်မှုနဲ့ တရားမျှတမှုရှိတဲ့ ကံတရားတို့့အတွက် ရုန်းကန်နေရတဲ့ အီရန်ပြည်သူတွေကို အထောက်အပံ့ပေးကြဖို့လည်း နိုင်ငံအားလုံးကို ကျွန်တော်တို့ တိုက်တွန်းတယ်။”လို့ ကုလသမဂ္ဂမိန့်ခွန်းမှာ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ််။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာမှာ အန္တရာယ်အကြီးဆုံး လက်နက်တွေ ပိုင််ဆိုင််ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒီတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက ဖေးမနေတာမျိုးကို ခွင့်မပြုနိုင်ဘူး။ အမေရိကန်ကို သတ်ပစ်လို့ ကြွေးကြော်နေပြီး အစ္စရေးကိုလည်း အမြစ်ဖြုတ်ဖို့ လုပ်ဆောင်နေတဲ့ အစိုးရတစ်ရပ်ကို ခွင့်မပြုနိုင်ဘူး။ ကမ္ဘာပေါ် ဘယ်မြို့ကိုမဆို နျူကလီးယားထိပ်ဖူး ကျရောက်လာနိုင်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ခွင့်မပေးဘူး။”လို့ ထရမ့်က ဆိုပါတယ်။

သမ္မတထရမ့်ဟာ သူ့ရဲ့ ကုလသမဂ္ဂမိန့်ခွန်းမှာ အီရန်ကို ရှုတ်ချပြောဆိုပေမယ့် မြောက်ကိုရီးယားကို အကောင််းပြောဆိုသွားခဲ့ပါတယ်။

၂၀၁၇ ကုလသမဂ္ဂအထွေထွေညီလာခံတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ကို ‘ဒုံးကျည််လူသား’လို့ လှောင်ပြောင်ပြောဆိုခဲ့တာနဲ့ ခြားနားစွာပဲ လေသံပြောင်း အကောင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ကျွန်တော် ကျေးဇူးတင်လို့ပါတယ်။”လို့  ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားအရေးမှာ လုပ်ဆောင်စရာတွေ များစွာ ကျန်နေသေးဆဲဖြစ်ကြောင်း ပြောပြီး နျူကလီးယားမဖျက်သိမ်းမချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေက မြောက်ကိုရီးယားအပေါ် ရှိနေဦးမှာဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

Mizzima Weekly