ပဲခူးတိုင်းရေဘေးသင့်သူတွေအတွက် မုံရွာအဖွဲ့များမှ ကျပ် သိန်း ၃၀ လှူဒါန်း

ပဲခူးတိုင်းရေဘေးသင့်သူတွေအတွက် မုံရွာအဖွဲ့များမှ ကျပ် သိန်း ၃၀ လှူဒါန်း

ဆာ၊ စက်တင်ဘာ ၂ ။           ။ We Love Tattoos (မုံရွာ) နဲ့ LGBT မုံရွာအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးအတွင်းက ရေဘေးသင့်ပြည်သူတွေ အတွက် အလှူငွေ ကျပ် သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရေတာရှည်မြို့နယ် ဆွာချောင်းတစ်လျှောက်က ရေဘေးသင့်ဒေသခံတွေ၊တောင်ငူမြို့နဲ့ အုတ်တွင်းမြို့နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူတွေထံ သွားရောက်ပြီး ဩဂုတ်လ ၂၉ ရက်မှ စတင်ကာ မုံရွာမြို့ကနေ လာရောက်လှူတန်းခဲ့တာ ဖြစ်ပါတယ်။

“ အဓိက က အမှန်တကယ်ပျက်စီးသွားတဲ့ဒေတာလိုက်စုဆောင်းတာပေါ့။ ဒီနေ့မှာတော့ ကြာအင်းရွာက အိမ်ခြေအထိခိုက်များသွားတယ်ဆိုလို့ ကြာအင်းရွာမှာပဲ လှူဖြစ်သွားတာပေါ့” လို့ ကိုအောင်နေမျိုး(We Love Tattoos (မုံရွာ)) က စက်တင်ဘာလ ၁ ရက်က ပြောပါတယ်။

စက်တင်ဘာလ ၁ ရက်က ရေဘေးသင့်ပြီး ခက်ခဲနေတဲ့ ကြာအင်းရွာမှာ နေအိမ်ပျက်စီးသူတွေအတွက် တစ်အိမ်ကို  ကျပ် ၁ သိန်း နှုန်းနဲ့ နေအိမ် ၁၃ အိမ် လှူဒါန်းပြီး၊ ရေသန့်နဲ့ ဓာတ်ဆားထုပ်တွေကို လှူဒါန်းခဲ့ပါတယ်။

အခုလို လှူဒါန်းနိုင်ဖို့အတွက် မုံရွာမြို့ ညစျေးတန်းဖျော်ဖြေရေးစင်မှာ ဩဂုတ်လ ၁၈၊ ၁၉ ရက်က ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရံပုံငွေပွဲကနေ ရရှိတဲ့ အလှူငွေနဲ့ လှူဒါန်းခဲ့တာ ဖြစ်ပြီးတာဖြစ်ပြီး နိုင်ငံကျော် အဆိုတော် မိစန္ဒီကပါ ပူးပေါင်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်က ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်း ကျေးရွာထိပ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းကို ပဲခူးတိုငး်ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လာရောက်ခဲ့ပြီး ကွင်းဆင်းပြီး ပြည်သူတွေကို ကူညီရေးတွေ လုပ်ဆောင်နေပါတယ်လို့ ပြောသွားပါတယ်။

 

 

Mizzima Weekly