မုံရွာမြို့၌ ရှေဦးသူနာပြုစုခြင်းနှင့် လျှပ်တစ်ပြက်အရေးပေါ် အခြေခံအသက်ကယ်သင်တန်း ဖွင့်လှစ်

မုံရွာမြို့၌ ရှေဦးသူနာပြုစုခြင်းနှင့် လျှပ်တစ်ပြက်အရေးပေါ် အခြေခံအသက်ကယ်သင်တန်း ဖွင့်လှစ်

မုံရွာ၊ စက်တင်ဘာ ၄ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဇနကာရုံကျောင်းတိုက်မှာ စက်တင်ဘာ ၄ ရက်က ရှေးဦးသူနာပြုစုခြင်းနဲ့ လျှပ်တစ်ပြက်အရေးပေါ် အခြေခံ အသက်ကယ်သင်တန်းကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒီသင်တန်းကို ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ပရဟိတကွန်ရက်အဖွဲ့က ကြီးမှူး၍ We Love Tattoo (Monywa)ပရဟိတအဖွဲ့ကနေဖွင့်လှစ်တာဖြစ်ပြီး သင်တန်းကို (၅)ရက်တာဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို မုံရွာမြို့နယ်အနီးတစ်ဝိုက်ရှိ ပရဟိတ အသင်းပေါင်း (၃၀)၊ သင်တန်းသား/သင်တန်းသူ ၆၀ ကျော် တက်ရောက်ခဲ့ပြီး အခြေခံ နှလုံးနဲ့ အဆုတ်ကိုနှိုးဆွပြီး အသက်ရှင်အောင်လုပ်ခြင်း၊ အသက်ကယ်ပစ္စည်း ကိရိယာတွေသုံးပြီး အသက်ကယ်တင်ခြင်း၊ ပတ်တီးစည်းခြင်း၊ ကြပ်စည်းခြင်းနဲ့ အသက်ကယ်ခြင်း၊ လူနာ ဆန်းစစ်ခြင်း စသဖြင့် အပိုင်း(၄)ပိုင်းခွဲကာ (၅)ရက်တာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ဦးကျော်သူ(ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ) ၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မုံရွာပြည်သူ့ဆေးရုံ အုပ်ကြီးအပါအဝင် လူမှုရေးအသင်းအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

Mizzima Weekly