ထန်းဇလုပ်ချောင်းတွင် ဆယ်လ်ဖီရိုက်ရင်း အမျိုးသားတစ်ဦး ရေထဲပြုတ်ကျပျောက်ဆုံး

ထန်းဇလုပ်ချောင်းတွင် ဆယ်လ်ဖီရိုက်ရင်း အမျိုးသားတစ်ဦး ရေထဲပြုတ်ကျပျောက်ဆုံး

မုံရွာ၊ စက်တင်ဘာ ၄ ။       ။ မုံရွာမြို့၏ အပန်းဖြေနေရာဖြစ်သည့် ထန်းဇလုပ် ချာင်းတွင် စက်တင်ဘာလ ၄ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်၌ ကျောက်စောင်းတွင် ဖုန်းဖြင့် ဆယ်လ်ဖီ ရိုက်နေခဲ့သည့် အသက်(၁၈)ရွယ် အမျိုးသားတစ်ဦး ရေထဲပြုတ်ကျ၍ ပျောက်ဆုံးခဲ့သည်။

အဆိုပါ လူငယ်ကို မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့မှာ မီးသတ် (၁၀)ဦး လက်လှော် လှေ(၂)စီး၊ ကယ်ဆယ်ရေး မော်တော်ယာဉ် (၁)စီးဖြင့်ရှာဖွေနေကြောင်း  မုံရွာမြို့နယ်မီသတ်ဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးညီညီဇော်၏ ပြောပြချက်အရ သိရသည်။

" သူက နိမ့်လျောအနေထားဖြစ်တဲ့ ကျောက်စောင်းမှာ ဆယ်ဖီဆွဲရင်း ပြုတ်ကျသွားတာ အခုကျွန်တော်တို့ ရှာဖွေရေး လုပ်ဆောင်နေပါတယ် " ဟု မြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။

အဆိုပါ ရေထဲပြုတ်ကျ ပျောက်ဆုံးနေသည့် အသက် (၁၈)နှစ်ရွယ် အမျိုးသားမှာ မုံရွာမြို့နယ်  ကျောက်စစ်ပုံကွန်ကရစ်တိုင်စက်ရုံ၌ အလုပ်လုပ်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဝါဆိုလပြည့် ဖြစ်သော ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း ထန်းဇလုပ်ချောင်း၌ ရေမချိူးရ တားမြစ်ဆိုင်းဘုတ်အောက်တွင် ရေချိုးခဲ့သည့် ကလေးငယ် (၂)ဦး ရေနစ်သေဆုံးခဲ့သေးသည်။

 

Mizzima Weekly