သောင်တင်ခဲ့သော သင်္ဘောနှင့် ဆွဲသင်္ဘောအမှုထမ်းကိစ္စအား ရှေ့နေချုပ်ရုံးကို တင်ပြမည်

သောင်တင်ခဲ့သော သင်္ဘောနှင့် ဆွဲသင်္ဘောအမှုထမ်းကိစ္စအား ရှေ့နေချုပ်ရုံးကို တင်ပြမည်

စက်တင်ဘာ ၆ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာအနီး ရေမိုင် ၇ မိုင်ခန့်အကွာတွင် သောင်တင်ခဲ့သော MV SAM RATULANGI သင်္ဘော ၊ ထိန်းသိမ်းခံထားရတဲ့ ဆွဲသင်္ဘော Independence နှင့် သင်္ဘောအမှုထမ်း များကိစ္စ အပါအဝင်အားလုံးကို စစ်ဆေးပြီး ရှေ့နေချုပ်ရုံးကို တင်ပြသွားမည်ဟု ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင် ကပြောသည်။

စက်တင်ဘာလ ၆ ရက်က ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမတွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

"ရှေ့နေချုပ်ရုံးကိုတော့မတင်ပြရသေးပါဘူး။ ကော့သောင်းမှာ သင်္ဘောကိုစစ်ေဆေးတာပြီးလို့ စစ်ဆေးတဲ့သူရဲ့ သုံးသပ်ချက်တွေနဲ့ သင်္ဘောသားတွေရဲ့ထွက်ဆိုချက်တွေ ဒီအချက်အလက်အထောက်အထားတွေအားလုံးရပြီ ဆိုရင်တော့ ကျွန်တော်တို့ အဲဒီအချက်အလက်တွေနဲ့ ရှေ့နေချုပ်ရုံးကိုတင်ပြမှာဖြစ်ပါတယ်" ဟု ဦးသောင်းကြိုင် ကပြောသည်။

လက်ရှိအချိန်တွင် အဖြစ်အပျက်၊ သင်္ဘောသားတွေရဲ့ထွက်ဆိုချက်အထောက်အထားများကို ရေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးမှုများပြီးစီးနေပြီဖြစ်ပြီး ရှေ့နေချုပ်ရုံးကို တင်ပြသွားရန် လုပ်ဆောင် နေကြောင်း သိရသည်။

"ရေကြောင်းဥပဒေအရလုပ်မယ်မလုပ်ဘူးလို့ မဆုံးဖြတ်ဘူး။ အဲဒါကိုဘာအရလုပ်မယ် ဆိုတာဆုံးဖြတ်ဖို့ရှေ့နေ ချုပ်ရုံးကိုတင်တာ ကိုယ်ဟာကိုယ်လုပ်ဖို့အစီအစဉ်မရှိပါဘူး။ ရှေ့နေချုပ်ရုံးကိုလည်း ခင်ဗျားတို့ဘာလုပ်လိုက်ပါ ဆိုပြီးအကြံပြုစရာမလိုဘူး။ သူကဥပဒေကျွန်တော်တို့ထက် နားလည်တဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့က အ ဖြစ်အပျက် ဒီဟာနဲ့ပတ်သက်တဲ့ သင်္ဘောသားတွေရဲ့ထွက်ဆိုချက်တွေရှိတဲ့ အထောက်အထား ဒီသက်သေအ ချက်အလက်တွေကိုပဲတင်တာ။ အားလုံးကို ရှေ့နေချုပ်ရုံးကိုတင်ပြပြီးတော့ သဘောထားမှတ်ချက်တောင်းမှာ ပါ" ဟု ဦးသောင်းကြိုင် ကပြောသည်။

Palau ကျွန်းစု နိုင်ငံမှတ်ပုံတင်ထားသည့် သောင်တင်နေသောသင်္ဘောကို သင်္ဘောဖျက်စက်ရုံတွင် ဖျက်ဆီးရန် အင်ဒိုနီးရှားမှ ဘင်္ဂလားဒေ့ရှ်သို့ ဆွဲယူရာ၌ သြဂုတ်လ ၂၅ ရက်တွင် ရာသီဥတုဆိုးဝါးမှုကြောင့် ချိတ်ဆက်ထား သည့် ကြိုးပြတ်ကာ မြန်မာနိုင်ငံအတွင်းသို့ မျောပါသွားခြင်းဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ပြောဆိုထားသည်။

ထို့ကြောင့် ဆွဲသင်္ဘော Independence မှ အကြိမ်ကြိမ်ပြန်ဆွဲယူရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ဘဲ ဆွဲ သင်္ဘောနှင့် အမှုထမ်းများကို တပ်မတော်(ရေ)မှ တွေ့ရှိထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် ရှေ့နေချုပ်ရုံးသို့ အဖြစ်အပျက်အထောက်အထားအချက်အလက်များ တင်ပြပြီး သဘောထားမှတ်ချက်ပြန်လည်ရောက်ရှိလာပါက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တရားလို ပြုလုပ်ကာ တရားစွဲဆိုမှု ပြုလုပ်သွားနိုင်ကြောင်း သိရသည်။

 

Mizzima Weekly