အမေရိကန် Starbucks ကော်ဖီကုမ္ပဏီ၏ တည်ဆောက်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခွင့်ပြုရန် MIC သို့ တင်ပြ

အမေရိကန် Starbucks ကော်ဖီကုမ္ပဏီ၏ တည်ဆောက်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခွင့်ပြုရန် MIC သို့ တင်ပြ
ဓာတ္ပံု - AFP

စက်တင်ဘာ ၂၀ ။                    ။ အမေရိကန် Starbucks ကော်ဖီကုမ္ပဏီသည် တည်ဆောက်ရေးကာလအတွင်း လုပ်ငန်းများကို ခေတ္တရပ်ဆိုင်း ခွင့်ပြုရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သို့ တင်ပြထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန(DICA) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ကပြောသည်။

"Starbucks ကိုခွင့်ပြုထားတယ်။ မေလက သူတည်ဆောက်ရေးကာလလုပ်နေတာပေါ့။ ဒါပေမယ့်သူက မကြာ ခင်ရက်ပိုင်းအတွင်းမှာ စာလေးတစ်စောင် MIC ကိုတင်လာတယ်။ MIC ဥပဒေမှာလည်းရှိပါတယ်။ လုပ်ငန်းတစ် ခုက စီးပွားရေးအရ သူအကျိုးအမြတ်မရှိဘူးလို့ ယူဆရင်ခဏရပ်ထားခွင့်ရှိတယ်" ဟု ဦးသန်းအောင်ကျော် ကပြောသည်။

Starbucks ကော်ဖီကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆိုင်ပေါင်း ၂ဝခန့်နှင့် အမေရိကန်ဒေါ်လာ ၆သန်းဖြင့် ရင်းနှီး မြှုပ်နှံမှုလုပ်ဆောင်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးအနေအထားကြောင့် တည်ဆောက်ရေး လုပ်ငန်းများကို ခေတ္တရပ်နားခွင့်ပြုရန်တင်ပြလာကြောင်း MIC မှ သတင်းရရှိသည်။ထို့အပြင် Starbucks ကော်ဖီကုမ္ပဏီ၏ ခွင့်ပြုမိန့် ပြန်အပ်ခြင်းသည် ကုမ္ပဏီရုတ်သိမ်းရန် တင်ပြခြင်း မဟုတ်ကြောင်း သိရသည်။

"သူဆိုင်တွေ ဆောက်နေတယ်။ ဆိုင်တွေဆောက်နေရင်းနဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေတွေကြောင့် ဒါကို ခဏ ရပ်နားခွင့်ပြုပါ ပြန်စမယ်ဆိုပြန်ပြီး တင်ပြပါမယ်ဆိုပြီး လာတင်တယ်။ ခွင့်ပြုမိန့်ပြန်အပ်တာ မဟုတ်ဘူး။ ရုတ် သိမ်းတယ်လို့ လာတင်ပြတာလည်း မဟုတ်ဘူး။ သူရဲ့ ရင်းနှီးမြှုပ်နှံမှုက ဆက်ရှိနေဆဲပဲ" ဟု ဦးသန်းအောင် ကျော် ကပြောသည်။

  အရှေ့တောင်အာရှနိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင် ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆိုင်ခွဲများဖွင့်လှစ်ထားသည်။

 Starbucks သည် ၁၉၇၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လူငယ်ပေါင်း ၁၀,၀၀၀ ကို အလုပ်အ ကိုင်အခွင့်အလမ်းပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ၄င်းတို့၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ အမေရိကန်ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ မှ လက်ရှိအချိန်အထိ လုပ်ငန်း ၂၀ ကျော်တွင် ဒေါ်လာ သန်း ၄၃၀ ကျော်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Mizzima Weekly