တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ၂၂၀၀၀ ကျော်သေ၊ ၄၁၀၀၀ ပျောက်ဆုံးဟု အစိုးရထုတ်ပြန်

၂၂၀၀၀ ကျော်သေ၊ ၄၁၀၀၀ ပျောက်ဆုံးဟု အစိုးရထုတ်ပြန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂၂၀၀၀ ကျော်သေ၊ ၄၁၀၀၀ ပျောက်ဆုံးဟု အစိုးရထုတ်ပြန်

လွှင့်တင်ချိန်။     ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၉း၁၀ - မြန်မာစံတော်ချိန်
ဆိုင်းကလုံးကြောင့် သေဆုံသူ နှစ်သောင်းနှစ်ထောင်ကျော် ရှိသည်ဟု စစ်အစိုးရ ရေဒီယို၏ နောက်ဆုံးသတင်း ကြေညာသွားသည်။

သေဆုံးသူ  ၂၂၄၆၄ ဦးသေဆုံးပြီး ၄၁၀၀၀ ပျောက်ဆုံးနေသည်ကို အတည်ပြုနိုင်ပြီဟု ပါရှိသည်။

သေဆုံးပျက်စီးမှု အရေအတွက်မှာ ထပ်ခါ ထပ်ခါ တက်လာနေဆဲ ဖြစ်သည်။

မဇ္ဈိမအနေဖြင့် ယနေ့ နံနက်က အတည်ပြုနိုင်သော အရေအတွက်မှာ သေဆုံးသူ ၅၀၀၀၀ ကျော် ဖြစ်သည်။

၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ မေ ၂၄ သို့ ရက်ရွှေ့ဆိုင်း

နေသွင်
လွှင့်တင်ချိန်။     ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၅း၁၅ - မြန်မာစံတော်ချိန်
 
မုန်တိုင်းဒဏ်ခံ မြို့နယ် ၄၇ မြို့နယ်တွင် အခြေခံဥပဒေမူကြမ်းအပေါ် ဆန္ဒခံယူပွဲကို မေ ၂၄ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ အမိန့် ကြေညာချက် (၅၊ ၂၀၀၈) နှင့် အတူ ဆက်တိုက် ထွက်လာသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မတီ၏ ကြေညာချက်ကို MRTV-4 မှ ကြေညာရာတွင် သဘာဝ အန္တရာယ် ကျရောက်ရာ ဇုံများအဖြစ် ဆက်ရှိနေမည့် မြို့နယ်များတွင် ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအတွင်းရှိ ကျန်မြို့နယ်များကို သဘာဝအန္တရာယ် ကျရောက်ရာ ဇုံအဖြစ် ကြေညာထားရမှ ပြန်လည် ရုပ်သိမ်းကြောင်း စစ်အစိုးရ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦး လက်မှတ်ထိုး ထုတ်ပြန်သည်။

သဘာဝအန္တရာယ် ကျရောက်ဒေသများအဖြစ် ဆက်လက် သတ်မှတ်ထားသော ဒေသများမှ လွဲ၍ တနိုင်ငံလုံးရှိ ကျန်ဒေသများတွင် ဆန္ဒခံယူပွဲကို ယခင် သတ်မှတ်ထားသည့် အတိုင်း လာမည့် စနေနေ့ မေလ (၁၀)ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ဆက်လက် သတ်မှတ်ပြီး ဆန္ဒခံယူပွဲ ရွှေ့ဆိုင်းသော မြို့နယ်များမှာ ဧရာဝတီတိုင်း အတွင်းရှိ ငပုတော၊ လပတ္တာ၊ မော်လမြိုင်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် စသော  (၇) မြို့နယ် ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒေါပုံ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သာကေတ၊ သင်္ကန်းကျွန်း၊ ကမာရွတ်၊ ကြည့်မြင့်တိုင်၊ ကျောက်တံတား၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဒဂုံ၊ ပန်းပဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ၊ သံလျှင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတွေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် တို့ ဖြစ်သည်။

မြို့နယ်အချို့တွင် ဆန္ဒခံယူပွဲ မေ ၂၄ သို့ ပြောင်းလဲသတ်မှတ်

လွှင့်တင်ချိန်။     ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၄း၀၀ - မြန်မာစံတော်ချိန်

ချင်းမိုင်။  ။ စစ်အစိုးရက ဧရာဝတီတိုင်းမှ ၇ မြို့နယ်နှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၀ တို့တွင် အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲကို မေ ၂၄ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။

မြန်မာ့ ရုပ်မြင်က လွန်ခဲ့သည့် ငါးမိနစ်အတွင်းက ကြားဖြတ်သတင်း ကြေညာသွားရာတွင် နာဂစ်မုန်တိုင်းကြောင့် လူသောင်းပေါင်းများစွာ သေကြေပျက်စီးမှု ဖြစ်ခဲ့ပြီးနောက် မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံခဲ့ရသော မြို့နယ်များတွင် ဆန္ဒခံယူပွဲကို ရက်သတ္တပတ် နှစ်ပတ် ရွှေ့ဆိုင်းလိုက်သည်ဟု ပါရှိသည်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၅၀၀၀၀ ကျော်သွားပြီ

လွှင့်တင်ချိန်။     ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၃း၀၀ - မြန်မာစံတော်ချိန်
မဇ္ဈိမမှ နောက်ဆုံးရရှိသော ဧရာဝတီတိုင်းမှ နောက်ဆုံး သတင်းများအရ သေဆုံးသူ ဦးရေ ၅၀၀၀၀ ကျော်သွားပြီ ဖြစ်သည်။

လူ ၄၀၀၀ နီးပါး သေဆုံးဟု အစိုးရ သတင်းထုတ်ပြန်

လွှင့်တင်ချိန်။     ။ မေလ ၅ ရက် ၂၀၀၈ ခုနှစ်၊ ၂၀း၀၀ - မြန်မာစံတော်ချိန်
မုန်တိုင်းကြောင့် သေဆုံးသူများသည် ၄၀၀၀ နီးပါးရှိသည်ဟု စစ်အစိုးရ၏ နောက်ဆုံး ထုတ်ပြန်ချက်က ပြောသည်။ လူပေါင်း ၃၉၃၄ ဦးသေဆုံးပြီး ၄၁ ယောက် ဒဏ်ရာရကာ လူ ၂၈၇၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု နိုင်ငံပိုင် ရေဒီယိုက ကြေညာသွားသည်။

ဧရာဝတီတိုင်းတွင် ဟင်္သတ၊ ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ငွေဆောင်၊ ချောင်းသာ၊ ဂွ၊ ငသိုင်းချောင်းတို့တွင် ပျက်ဆီးမှုများ ရှိခဲ့ပြီး ရန်ကုန်တိုင်းတွင် ရန်ကုန်နှင့် ကျောက်တန်း၊ ခရမ်း၊ သုံးခွတို့တွင် ပျက်စီးမှုရှိခဲ့သည်ဟု ရေဒီယိုသတင်းက ဖော်ပြသည်။

ပဲခူးတိုင်းတွင် ဝေါ၊ ဒိုက်ဦး၊ ပဲခူး၊ ညောင်လေးပင်၊ ဥက္ကံ၊ သုံးဆယ်၊ မွန်ပြည်နယ်တွင် သထုံ၊ ဘီးလင်း၊ မော်လမြိုင် တို့တွင် ပျက်ဆီးဆုံးရှုံးမှု ရှိခဲ့သည်ဟုလည်း ပြောသည်။

မဇ္ဈိမ ရရှိသော သတင်းများအရ အစိုးရ ကြေညာသော သေဆုံးသူမှာ ၁၀၀၀၀ ထက် ပိုနိုင်သေးသည်ဟု သိရသည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့မှ အစားအသောက်၊ ဆေးဝါး အပါအ၀င် အကူအညီများ စစ်အစိုးရက တောင်းခံလျှက်ရှိပြီး အပျက်အစီးများ ဖယ်ရှားရန်အတွက် စင်္ကာပူမှ စက်ပစ္စည်းများ ၀ယ်ယူလျှက် ရှိသည်။

မုန်တိုင်းဒဏ် သင့်ခံရသော ဒေသများ


နောက်ဆုံး ဖြည့်စွက် ရေးသားချိန် ( အင်္ဂါနေ့၊ မေလ ၀၆ ရက် ၂၀၀၈ ခုနှစ် ၁၉ နာရီ ၁၀ မိနစ် )  

သူတို့စကား

”ကြောက်ပြေးတွေ၊ ကြောက်ပွဲစားတွေ၊ ကြောက်မှောင်ခိုတွေက ထောင်ကျတဲ့ နိုင်ငံရေး မလုပ်ဘူး။ ထောင်ကျတဲ့ လှုပ်ရှားမှု မလုပ်ဘူးဆိုတဲ့ ထောင်ကြောက်တရားတွေ ဟောနေတယ်။ ထောင်ကျခံတာ ဘာမှအကျိုးမရှိဘူးဆိုတဲ့ ထောင်ရွံ့တရားတွေ ဟောနေတယ်”

ဦးဝင်းတင်