ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ကျားဖြူပါတီ ကော်မတီနှစ်ခုဖွဲ့

ကျားဖြူပါတီ ကော်မတီနှစ်ခုဖွဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။    ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ၏ ၃ ရက်ကြာ တောင်ကြီးမြို့ ညီလာခံမှ ဥပဒေအကြံပေးနှင့် တွေ့ဆုံဆွေးနွေးရေး ကော်မတီနှစ်ခုဖွဲ့ရန် သဘောတူကြသည်ဟု ပါတီ သတင်းရပ်ကွက်များက ပြောသည်။

ဥပဒေ အကြံပေးကော်မတီကို ရှေ့နေ ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ဗဟိုအလုပ်အမှုဆောင် မူဆယ် အခြေစိုက် စိုင်းဖိုးမြတ်က ဦးဆောင်မည်ဖြစ်ပြီးကွန်ဟိန်း ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုနှင့် ပါတီဝင် နန်းခမ်းပင်းတို့ ပါဝင်မည်။

တွေ့ဆုံရေးကော်မတီကို ဦးဆောင်ရန် ရန်ကုန်အခြေစိုက် ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း၊ အတွင်းရေးမှူး စိုင်းလှကျော်၊ ဗဟိုအလုပ်အမှုဆောင် စဝ်သန်းမြင့်တို့ ၃ ဦးကိုလည်း ရွေးချယ်ကြသည်။

သက်တမ်း ၅ နှစ် ရှိမည့် ဗဟိုအလုပ်အမှုဆောင်တွင် ကျိုင်းတုံမြို့နယ်ဥက္ကဋ္ဌ နန်းငွေမြကို တိုးချဲ့ရွေးလိုက်သဖြင့် ၁၆ ဦး ဖြစ်သွားကြောင်း ညီလာခံသတင်းရပ်ကွက်က ဆိုသည်။ ဗဟိုအလုပ် အမှုဆောင်မှ စိုင်းမောင်တင်ကိုတွဲဘက်အတွင်းရေးမှူး တာဝန်ပေးအပ်လိုက်သည်။

ကျားဖြူရုံး စတင်ဖွင့်လှစ်မည့် ကယားပြည်နယ်အတွက် ဗဟိုအလုပ်အမှုဆောင်တဦး၊ ကချင် အတွက် ၁ ဦး လျာထားပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့အတွက် ရွေးချယ်ရဦးမည်ဖြစ်သည်။

လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း ကချင်၊ ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင် မူးယစ်ဆေးဝါးပပျောက်ရေး တိုက်ဖျက်သွားရန်သဘောတူကြသည်။ “ကျနော်တို့ ပါတီလက်လှမ်းမီနိုင်တဲ့ ဧရိယာထဲမှာ ပပျောက်အောင်လုပ်ကြဖို့ ပြောကြဆိုကြတယ်” ဟု အဆင့်မြင့် ပါတီဝင်တဦးက  ပြောသည်။

စုစုပေါင်း ၁၀၂ နေရာရှိသည့် ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးကအများစုရထားပြီး ကျားဖြူက ၃၄ နေရာရသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲနေ့မှ ရက်ပေါင်း ၉၀ အတွင်း မခေါ်ခင်စစ်အစိုးရက ပြည်သူ့လွှတ်တော်မတိုင်မီ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပေါင်း ၃၉ ခုခန့် ထုတ်လိမ့်ဦးမည် သတင်းရထားသည်ဟု သီးခြား ပါတီတွင်း သတင်းရပ်ကွက်တခုက ပြောသည်။

“အဲဒါလာပြီဆို နှစ်ပတ်လောက်အတွင်းကို လွှတ်တော် ခေါ်တော့မှာ” ဟု သူကပြောသည်။

ယခင်လက ကြံ့ဖွံ့ပါတီခေါင်းဆောင်များဖြစ်သည့် လက်ရှိ စစ်အစိုးရဝန်ကြီးတချို့နှင့် SNDP ပါတီ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ ရန်ကုန်နှင့် လားရှိုး၌ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အသေးစိတ်ကိုမူ မထုတ်ပြန်ပေ။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1083 guests and 1 member online