ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ချင်းပါတီများ လက်တွဲရေးအဆိုကို CPP ကြိုဆို

ချင်းပါတီများ လက်တွဲရေးအဆိုကို CPP ကြိုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်လွှတ်တော်၌ ချင်းတိုင်းရင်းသားပါတီအချင်းချင်း ပူးပေါင်းလက်တွဲသွားလိုကြောင်း ချင်းအမျိုးသားပါတီ CNP ၏ ပြောဆိုချက်ကို ချင်းတိုးတက်ရေးပါတီ CPP က ယနေ့ ကြိုဆိုလိုက်သည်။

ပြည်နယ်လွှတ်တော်၌ အမတ်နေရာ ၂၄ နေရာရှိသည့်အနက် CPP နှင့် CNP သည် ၅ နေရာစီဖြင့် စုစုပေါင်း ၁၀ နေရာသာ ရရှိထားရာ အများစုအသာစီးရရန် မဖြစ်နိုင်သလို၊ စစ်တပ်ကိုယ်စားလှယ်က ၆ ဦးနှင့် ကြံ့ခိုင်ရေးပါတီက ၈ ဦးဖြင့် စုစုပေါင်း ၁၄  နေရာရရှိနေသည်။

ထို့ကြောင့် ချင်းပါတီ နှစ်ရပ်ပေါင်းမှသာ လွှတ်တော်ထဲ၌ ချင်းတိုင်းရင်းသားများအရေး ဆောင်ရွက်နိုင်မည်ဟု CNP ဒုဥက္ကဋ္ဌ ဦးချမ်ဟရဲက မဇ္ဈိမကို ယမန်နေ့က ပြောဆိုခဲ့သည့်အပေါ် CPP ကလည်း ကြိုဆိုကြောင်း သဘောထားပေးလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့လည်း CNP နဲ့ ပေါင်းမယ်” ဟု CPP အထွေထွေအတွင်းရေးမှူး ဦးဇုန်လှယ်ထန်းက ပြောဆိုသည်။

ယမန်နေ့တွင် ဦးချမ်ဟရဲက “ပြည်နယ်အတွက် ဥပဒေ ရေးဆွဲရမယ်၊ ပြင်စရာရှိတာ ပြင်ရမယ်။ ပြည်နယ် အစိုးရဖွဲ့ပြီးတော့ အစိုးရ ဖြစ်လာမယ်။ ဘတ်ဂျက်တွေ ဆွဲမယ်။ ဒါပေမဲ့ ဗဟိုအစိုးရက ခွင့်မပြုရင် မရဘူး။ ဒါကြောင့် တကယ့်ဖက်ဒရယ်တော့ မဖြစ်နိုင်ဘူး။ အများစုက ကြံ့ခိုင်ရေးဖြစ်တော့ အကြိတ်အနယ် ဖြစ်လာမယ်” ဟု ပြောဆိုခဲ့သည်။

CNP နှင့် CPP နှစ်ပါတီခေါင်းဆောင်များက ပူးပေါင်းရေးကို လက်ခံမည်ဟု ပြောလာကြသော်လည်း မည်သည့်အချိန်တွင် ပါတီနှစ်ရပ် တွေ့ဆုံဆွေးနွေးကြမည်ကိုမူ ပြောကြားခြင်း မရှိသေးပါ။

ရွေးကောက်ပွဲမ၀င်မီ တပါတီထဲအဖြစ် မစုစည်းနိုင်ခဲ့ခြင်းမှာ ဟားခါး၊ ဖလမ်းဟူသည့် အစွဲများ နှစ်ဖက်ဒေသခံ အများအပြားတွင် တည်ရှိနေသောကြောင့်ဟု ချင်းလူမျိုးအရေး ရှေ့မှီနောက်မှီ သိရှိသူများက ပြောဆိုသည်။

ချင်းတိုင်းရင်းသားပါတီများ ပူးပေါင်းသင့်သည်ဟု ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ အမတ်လောင်း ဦးထန်းကင်းမ်ကလည်း ထောက်ခံသည်။

“ချင်းပါတီတွေ လုံးဝ ပူးပေါင်းသင့်တယ်။ စဉ်းစားဥာဏ် ရှိတဲ့သူတွေပဲ ပူးပေါင်းလာမှာပါ။ အစိုးရပါတီကလွဲလို့ တစုတစည်းထဲ ပူးပေါင်းရင် ကျနော်တို့ ပြည်နယ်ကြီး ပိုမိုကောင်းမွန်လာမှာ။ ဒါမှ ဟိုဘက်က လုပ်ချင်သလို မလုပ်နိုင်မှာ။ စည်းလုံးခြင်းသည် အင်းအားတခုပါ” လို့ သူက ပြောသည်။

ချင်းနှစ်ပါတီ ပူးပေါင်းပြီး ချင်းပြည်နယ်အရေး ပိုမိုလုပ်ဆောင်သွားမည်ဟု ပြောဆိုကြသော်လည်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအောက်တွင် ထိရောက်စွာ ဆောင်ရွက်နိုင်မည်မဟုတ်ဟု ဇိုမီးအမျိုးသား ကွန်ဂရက်စ် ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က ပြောသည်။

“အခု ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုမှု ဖြစ်တယ်။ သူတို့လုပ်ထားတဲ့ ဥပဒေဟာ အခုထွက်လာတဲ့ အမတ်တွေအနေနဲ့ လုပ်ပိုင်ခွင့် ဘာမှမရှိပါ။ ကျနော်တို့ ချင်းလူမျိုးအတွက်၊ ချင်းပြည်နယ်အတွက် သူတို့က ဘယ်လောက်ပဲ စိတ်ပါပါ အခြေခံဥပဒေအရ ဘာမှ လုပ်ပိုင်ခွင့် မပေးတော့ ဘယ်လောက်ပဲ တက်လာတက်လာ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 113 guests online