စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ကြံ့ဖွံ့ကို မဲပေးရန် မြို့တော်ဝန်ပြော

ကြံ့ဖွံ့ကို မဲပေးရန် မြို့တော်ဝန်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။       ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရမည်ဟု ဌာနတွင်း အစည်းအဝေးပွဲများတွင် ဌာနမှူးများမှတဆင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြောနေကြောင်း စည်ပင်ဝန်ထမ်းများက ပြောသည်။

“ဌာနတခုချင်းစီ အစည်းအဝေး လုပ်ခိုင်းတယ်။ သက်ဆိုင်ရာဌာနမှာရှိတဲ့ ဌာနမှူးက ဌာနတွင်းမှာရှိတဲ့ ဝန်ထမ်းတွေကို မြို့တော်ဝန်က မှာတဲ့အတိုင်း မြို့တော်ဝန် အမိန့်အတိုင်း ပြောတယ်။ ဒါပေမဲ့ ဌာနမှူးတွေကတော့ သူတို့အနေနဲ့ ဘာကိုမှ မတိုက်တွန်းပါဘူးတဲ့၊ မြို့တော်ဝန်က ပြောခိုင်းတာကို ပြောရတာပါတဲ့။ မဲပေးနိုင့်မယ့် ဝန်ထမ်းတွေကို ကြိုတင်မဲ ကောက်ပြီးတော့ အားလုံးက ကြံ့ဖွံ့ကိုပဲ မဲပေးရမှာတဲ့’’ ဟု အမည်မဖော်လိုသူ စည်ပင်အရာရှိကြီးတဦးက ပြောသည်။

လက်ရှိ ရန်ကုန်စည်ပင် ဥက္ကဋ္ဌမှာ ဦးအောင်သိန်းလင်း (ဗိုလ်မှူးချုပ်ဟောင်း) ဖြစ်ပြီး၊ ကြံ့ဖွံ့ပါတီတွင် ရန်ကုန်တိုင်းအတွင်း ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သည်။ သူသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ်မှနေ၍ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ ကြိုတင်မဲကောက်ခံမည့် ဖြစ်ရပ်မျိုးကို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်လည်း မြို့တော်ဝန်က ပြုလုပ်ခဲ့သေးသည်။

’’၂ဝဝ၈ ဖွဲ့စည်းပုံတုန်းက ကျနော်တို့ ကြိုတင်မဲ ပေးရတာလေ။ မဲပုံးမှာ သွားမထည့်ရဘူး။ အခုလည်း မဲပုံးတွေမှာ သွားမထည့်ရဘူးလို့ ကြားတယ်။ ကျနော်ဆိုရင် အင်းစိန်ဝန်ထမ်းလိုင်းခန်းမှာ နေတယ်။ ဒါပေမဲ့ အင်းစိန်မြို့နယ်မှာ မဲရုံကိုသွားပြီးတော့ မဲမပေးရဘူးတဲ့။ သူတို့လာကောက်မှာတဲ့၊ ကြံ့ခိုင်ရေးကလေ’’ ဟု စည်ပင်ရှိ တံတားဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

စည်ပင်ဝန်ထမ်းများသည် အင်းစိန်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေနှင့် ဗိုလ်တထောင်မြို့နယ်တို့ရှိ ဝန်ထမ်းလိုင်းခန်းများတွင် နေထိုင်ကြသည်။

ရန်ကုန်စည်ပင်တွင် ဌာနကြီး ၂၁ ခုရှိပြီး ဌာနမှူးများမှာ မြို့တော်ဝန်က အလိုလျောက် ကြံ့ဖွံ့ပါတီဝင်အဖြစ် သွတ်သွင်းပြီး ဖြစ်သည်။ ဝန်ထမ်းပေါင်းမှာ ၃,ဝဝဝ ကျော်ရှိကာ မဲပေးနိုင်သူ ဦးရေမှာလည်း ယင်းအရေအတွက် နီးပါးဖြစ်သည်။ ယခုအခါ မဲပေးနိုင်သူ စာရင်းကိုပါ ကောက်ယူနေပြီဖြစ်သည်။

ကြံ့ဖွံ့သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များအတွက် တနိုင်ငံလုံးတွင် လွှတ်တော်အမတ်လောင်း ၁၁ဝဝ ကျော်ဖြင့် ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ စာရင်း တင်သွင်းထားသော အင်အားအကြီးဆုံး ပါတီဖြစ်သည်။

၎င်းတို့၏ ယှဉ်ပြိုင်ဘက်ဖြစ်မည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှာမူ ၉၇၅ အမတ်လောင်း စာရင်းဖြင့် ဒုတိယလိုက်နေသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် နိုင်ငံရေးပါတီပေါင်း ၄၇ ပါတီ လျှောက်ထားခဲ့ရာ ကော်မရှင်က ၄၂ ပါတီကို မှတ်ပုံတင်ခွင့် ချထားပေးခဲ့သည်။ ယင်းတို့အနက် ၃၂ ပါတီမှာ ပါတီဝင်အင်အား ပြထားပြီး ဖြစ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1538 guests online