စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ရွေးကောက်ပွဲကို တိုက်ဖျက်မည်ဟု မဒမခ က ပြောဆို

ရွေးကောက်ပွဲကို တိုက်ဖျက်မည်ဟု မဒမခ က ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို လူထုတိုက်ပွဲအပါအဝင် နည်းလမ်းစုံဖြင့် တိုက်ဖျက်မည်ဟု တောတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီရေး လိုလားသည့် အဖွဲ့များ ပူးပေါင်းထားသည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ) က ပြောဆိုလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံထားသဖြင့် စစ်ရေး၊နိုင်ငံရေးတို့ဖြင့် တိုက်ဖျက်မည်ဟု ညီလာခံကိုယ်စားလှယ် ၄၄ ဦးက ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ-ထိုင်းနယ်စပ်တွင် ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
KNU
“၂ဝဝ၈ အခြေခံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်မခံဘူး။ အဲဒါကြောင့် ၂ဝဝ၈ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ တိုက်ဖျက်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ပြီး တိုက်ပွဲဝင်နိုင်ရေးအတွက် အခြေအနေထူးရင် ထူးသလို ကြေညာချက်တွေ ထုတ်ပြန်သွားမှာပါ” ဟု ညီလာခံကြီးက ရွေးချယ်လိုက်သည့် (မဒမခ) အထွေထွေ အတွင်းရေးမှူး ရဲဘော်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

မဒမခ ညီလာခံက စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဖျက်သိမ်းပြီး ဖယ်ဒရယ်ဒီမိုကရက်တစ် အစိုးရတရပ် ဖွဲ့စည်းရေးကို မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်အဖြစ် ချမှတ်ခဲ့ပြီး ၎င်းရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဉ် ၇ ရပ်ကိုပါ ချမှတ်ခဲ့သည်။

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေး ကြိုးပမ်းသွားရန်၊ ဘက်ပေါင်းစုံ အုံကြွမှု အခြေခံပြီး လူထုတိုက်ပွဲ ဖြစ်အောင် လုပ်ဆောင်ရန်၊ တပ်တွင်း စည်းရုံးရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဖော်ဆောင်သွားရန်၊ စစ်အုပ်စုကို နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်ရန် ပါရှိသည်။

ထို့အပြင် ပြည်တွင်းရှိ စစ်အုပ်စု ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အင်းအားစုများ တတ်နိုင်သမျှ ဝိုင်းဝန်းလုပ်ဆောင်ရန်၊ အပစ်ရပ် အဖွဲ့အစည်းများကို ဝန်းရံပံ့ပိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးနေသည့်အပေါ် မဒမခ အနေဖြင့် လက်မခံကြောင်း အထွေထွေ အတွင်းရေးမှူးက ပြောသည်။

ညီလာခံက ဥက္ကဋ္ဌ ပဒိုစောအားတိုး၊ ဒုဥက္ကဋ္ဌ ဦးအေးဆောင်နှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် ရဲဘော်မျိုးဝင်းတို့ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးကို ရွေးချယ်တာဝန်ပေးအပ်လိုက်သည်။

မဒမခ ကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ကျောင်းသားတပ်မတော် ABSDF ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည့် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့ခန့်ဖြင့် အမျိုးသား လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1542 guests online