စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ရွေးကောက်ပွဲ ၆ ပတ်ရွှေ့ပေးရန် သုံးပါတီတောင်းဆို

ရွေးကောက်ပွဲ ၆ ပတ်ရွှေ့ပေးရန် သုံးပါတီတောင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။     ။ အချိန်မလုံလောက်မှုနှင့် ကြုံတွေ့နေရသော နိုင်ငံရေးပါတီ သုံးခုက ရွေးကောက်ပွဲကို ဒီဇင်ဘာလလယ်သို့ နောက်ဆုတ် ကျင်းပရန်နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းရမည့် နောက်ဆုံးရက်ကို အချိန်တိုးပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ စာတင်လိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ် (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် မြန်မာဒီမိုကရေစီ ကွန်ဂရက်တို့က အမှန်တကယ် အရေးကြီးဆုံးအဆင့် ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် ၁၅ ရက်သာ အချိန်ပေးခြင်းမှာ နည်းလွန်းလှသည်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ရှေ့ရှုဆောင်ရွက်သည့်အနေဖြင့် အမတ်လောင်း အမည်စာရင်း တင်သွင်းရက်နှင့် ရွေးကောက်ပွဲရက်ကို ပြင်ဆင်သတ်မှတ်ပါဟု ယမန်နေ့က ပေးပို့သော စာတွင် တောင်းဆိုထားသည်။
ayelwin
ကော်မရှင်က အမတ်လောင်းစာရင်း တင်သွင်းရက်ကို သြဂုတ် ၃၁ ရက်နေ့ဟု နောက်ဆုံး သတ်မှတ်ထားသည်။ သုံးပါတီက ကိုယ်စားလှယ်လောင်း တင်သွင်းရမည့်ရက်ကို ၄၅ ရက်အထိ တိုးပေးစေချင်နေသည်။

“အချိန်ကလည်း နည်း၊ ငွေရေးကြေးရေးကလည်း ခက်ခဲတော့ အဆင်မပြေဘူး။ ကျနော်တို့ကတော့ ၆ ပတ်လောက် တိုးပေးစေချင်တယ်။ ဒါမှ ရက်ပေါင်း ၆ဝ လောက်ရမယ်လေ״ဟု ၈၈ မျိုးဆက်ကျောင်းသား လူငယ်မှ ကိုအေးလွင်က ပြောသည်။ 

ဦးအေးလွင်က ဇာတိ ပဲခူးတိုင်း သဲကုန်းတွင် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၇၅ ယောက်ရရန် လျာထားသည်။
flat13 flat12 flat11

ထို့ပြင် နိုင်ငံရေးပါတီအများစု လက်ရှောင်နေသော စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်ခရိုင်တွင် ဝင်ပြိုင်မည်ဟုလည်း ဆိုသည်။

၎င်းသုံးပါတီကဲ့သို့ပင် ကိုယ်စားလှယ် ၃၅ ဦး ဝင်ပြိုင်လိုသော အမျိုးသားနိုင်ငံရေး မဟာမိတ်ပါတီကလည်း အမတ်လောင်းစာရင်း တင်သွင်းရက်ကို စက်တင်ဘာ ၁၄ သို့ ပြောင်းလဲသတ်မှတ်ရန် ကော်မရှင်ထံ တောင်းဆိုထားသည်။

လွှတ်တော်သုံးရပ်တွင် ပြည်သူက ရွေးချယ်ရမည့် ခွဲတမ်းမှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၃ဝ ၊ အမျိုးသား လွှတ်တော်အတွက် ၁၆၈ ဦးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ၆၆ဝ ရှိသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1545 guests online