ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > UKL ကရင်ပါတီ ဧရာဝတီတိုင်း၌သာ အရွေးခံနိုင်မည်

UKL ကရင်ပါတီ ဧရာဝတီတိုင်း၌သာ အရွေးခံနိုင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။       ။ ပါတီဝင်အင်အား ၁,ဝဝဝ မပြနိုင်သဖြင့် နိုင်ငံတဝှမ်း ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ထားသည့်  ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် UKL အနေဖြင့် ဧရာဝတီတိုင်း၌သာ ယှဉ်ပြိုင်သွားတော့မည်ဟု သိရသည်။

ပါတီမှတ်ပုံတင်ခွင့် ကျပြီးနောက်  ရက် ၉ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်  ၅ဝဝ ကျော်သာ တင်ပြနိုင်ခဲ့သဖြင့် တပြည်လုံးမဟုတ်ဘဲ ဧရာဝတီတိုင်းကိုသာ ကိုယ်စားပြု ယှဉ်ပြိုင်တော့မည်ဟု UKL က ဆိုသည်။
kaufs
UKL ဗဟိုအလုပ်အမှုဆောင်နှင့် စည်းရုံးရေးမှူး တဦးဖြစ်သူ ဒေါ်နှင်းဖြူက “ပါတီဝင် ၁,၅ဝဝ လောက် သွားပြခဲ့တာ၊ လက်မှတ်တို့၊ မွေးသက္ကရာဇ်တို့ အတိအကျမပါလို့ ပါတီဝင်တွေ အပယ်ခံလိုက်ရတာ” ဟု ပြောသည်။

ကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြရာတွင် ပါတီဝင်အမှတ်၊ အမည်၊ အဘ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ပါတီဝင်သည့် ရက်စွဲ၊ ပါတီဝင် လက်မှတ် စသည်တို့ကို တင်ပြရမည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အခန်း (၅) အထွေထွေကဏ္ဍတွင် ဖော်ပြထားသည်။

ပါတီပျက်မသွားစေရန် ကရင်အများအပြား နေထိုင်ရာ ဧရာဝတီတိုင်း၌သာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ငွေကြေးတတ်နိုင်သည့် အမတ်လောင်း အနည်းငယ်သာ လွှတ်တော် ၃ ရပ်တွင် ဝင်ပြိုင်သွားမည်ဟု UKL က ဆိုသည်။

ယခင်က တနိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ပြိုင်ရန် မှတ်ပုံတင်ကာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့်  တနင်္သာရီတိုင်းတို့အပြင် ကရင်နှင့် မွန်ပြည်နယ်တို့တွင်ပါ အဓိက ယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့သည်။  UKL ပါတီသည် ၁၉၉ဝ ပါတီစုံရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး  ထိုစဉ်က လွှတော်အမတ်လောင်း တယောက်မှ အနိုင်မရခဲ့ပေ။

ရွေးကောက်ပွဲ ကော်မရှင်က UKL ကို မေလ ၂၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၁၁ ဖြင့် ခွင့်ပြုခဲ့ပြီး ပါတီရုံးချုပ်ကို ကြည့်မြင်တိုင်မြို့နယ်ရှိ ကရင်အမျိုးသားရပ်ကွက်တွင် ဖွင့်ထားသည်။

လက်ရှိတွင် ကရင်ကိုယ်စားပြု ၃ ပါတီရှိရာ ကရင်ပြည်သူ့ပါတီ KPP ၊ ဖလုံ-ဆဝေါ် ဒီမိုကရက်တစ်ပါတီ PSDP နှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP တို့ဖြစ်သည်။

၎င်းတို့အနက် KPP မှာ ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အား ၁ဝဝဝ တင်ပြနိုင်ခဲ့သဖြင့် တတိုင်းပြည်လုံး အတိုင်းအတာ ရွေးကောက်ပွဲဝင်မည့် ပါတီဖြစ်ကြောင်း သိရသည်


 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1802 guests online