ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > NDF ရဲ့ ခမောက် စာပေကင်ပေတိုင် ပိတ်ပင်

NDF ရဲ့ ခမောက် စာပေကင်ပေတိုင် ပိတ်ပင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။    ။ ပါတီအမှတ်တံဆိပ် ခမောက်ပုံကို  စာပေစိစစ်ရေးက သတင်းဂျာနယ်များတွင် ဖော်ပြခွင့် မပြုကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောဆိုသည်။

ယခုလ ပထမပတ်မှစ၍ ရန်ကုန်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များဖြစ်သည့် Monitor ၊ The Hot News နှင့် The Voice Weekly တို့တွင် NDF ခေါင်းဆောင်များ၏ အင်တာဗျူးနှင့် ပါတီတံဆိပ် ခမောက်ပုံကို စာပေစိစစ်ရေးသို့ တင်ပြရာတွင် ခမောက်ပုံကို ဖော်ပြခွင့် မရရှိခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
NDFoffice1s
“တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးရော ခမောက်ရော၊ တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးပါတယ်၊ ခမောက်ပုံ မပါဘူး။ ဂျာနယ်တွေကို သွားမေးတဲ့အခါမှ စိစစ်ရေးက ဖြုတ်လိုက်တာကို သိရတာ” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ခမောက်တံဆိပ်ကို စာပေစိစစ်ရေးက ဖော်ပြခွင့် မပြုကြောင်း ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သူများကလည်း ပြောဆိုကြသည်။

“ကျနော်တို့က NDF နဲ့ အင်တာဗျူးရော ခမောက်ပုံရော တွဲတင်ပါတယ်။ ဒါပေမဲ့ စာသားရော၊ ခမောက်ရော ဖြုတ်လိုက်ပါတယ်” ဟု ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သည့် အယ်ဒီတာတဦးက ပြောသည်။

“တခြားပါတီတံဆိပ်တွေ ဖော်ပြခွင့် ရပါတယ်။ ခမောက်ကိုကျမှ မရတာပါ။ သိရသလောက်ဆိုရင် ခမောက်ပုံပါတဲ့ နိုင်ငံပိုင် သတင်းစာ ဖြတ်ပိုင်းနဲ့ တွဲတင်တာတောင် မရဘူး” ဟု The Hot News နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့် ပါတီတခုအနေဖြင့် ပါတီတံဆိပ်ကို လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်းနှင့် အခြားပါတီများ၏ အမှတ်တံဆိပ်များကို ဖော်ပြခွင့်ရနေသော်လည်း ၎င်းတို့ပါတီကိုမှ ဖော်ပြခွင့် ကန့်သတ်ကြောင်း NDF အဆိုအရ သိရသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NDF အကြား ခမောက်တံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အငြင်းပွားစဉ်ကသာ သတင်းစာထဲတွင် ဖော်ပြခွင့် ရရှိခဲ့ပြီး၊ နောက်ပိုင်းတွင် မရရှိတော့ကြောင်း NDF က ပြောဆိုသော်လည်း Monitor ဂျာနယ်ကမူ ဖော်ပြခွင့် ရရှိသည်ဟု ဆိုသည်။

“ကော်မရှင်က ခွင့်ပြုထားတဲ့ တံဆိပ်ကို ဘာလို့ ဖော်ပြခွင့်မရမှာလဲ။ တခြားဂျာနယ်တွေရော၊ ကျနော်တို့ဂျာနယ်ရော ဖော်ပြခွင့် ရပါတယ်” ဟု Monitor သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့်လထုတ် Monitor တွင် NDF ပါတီအကြောင်း သတင်းတရပ်တွင် ခမောက်ပုံကို ပူးတွဲဖော်ပြခွင့် ရရှိခဲ့သေးသည်။

စာပေစိစစ်ရေးဌာနမှ ဌာနစုမှူး ဒေါ်ယုယုဝင်းကလည်း “ကျမ အထင်တော့ ဂျာနယ်တွေထဲမှာ ပါနေပါလိမ့်မယ်။ ကော်မရှင်က တရားဝင် ခွင့်ပြုထားရင်တော့ အသုံးပြုခွင့် ပေးပါတယ်။ ကျမ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

NDF အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားစဉ်က ခမောက်တံဆိပ် အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ရာ၊ ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်အသုံးပြုခွင့် ပေးခဲ့သည်ကို စာပေစိစစ်ရေးသို့ အကြောင်းမကြားသဖြင့် သတင်းဂျာနယ်များတွင်  ခမောက်တံဆိပ် ဖော်ပြခွင့် ပိတ်ပင်ထားခြင်း ဖြစ်နိုင်ကြောင်း စာပေစိစစ်ရေးနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

ယင်းအပြင် လွန်ခဲ့သည့် ၂ လ ခန့်က NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းနှင့် အင်တာဗျူးကို အလင်းတန်း ဂျာနယ်တွင် ဖော်ပြခွင့် မရခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒီလို ကန့်သတ်ပိတ်ပင်တာဟာ မဲဆွယ်စည်းရုံးရေးကို မပြုလုပ်နိုင်အောင် လုပ်နေတဲ့ သဘော သက်ရောက်နေတယ်” ဟု ဦးခင်မောင်ဆွေက ပြောဆိုလိုက်သည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် NDF သည် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁ဝဝ ဝန်းကျင်ဖြင့် ယှဉ်ပြိုင်သွားမည့် ပါတီဖြစ်သည်။

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1798 guests online