နီပေါငလျင်ဒဏ်သင့် ပြည်သူများအတွက် မြန်မာလူငယ်များ လမ်းဘေးဂီတဝိုင်းဖြင့် အလှူငွေကောက်ခံနေ

နီပေါငလျင်ဒဏ်သင့် ပြည်သူများအတွက် မြန်မာလူငယ်များ လမ်းဘေးဂီတဝိုင်းဖြင့် အလှူငွေကောက်ခံနေ
myanmar4‬ nepal လူငယ်ပရဟိတအဖွဲ့မှ နီပေါနိုင်ငံတွင် ငလျင်ဒဏ်ဘေးသင့် ပြည်သူများအတွက် ဂီတဖြင့်အလျုှခံခြင်းကို မေလ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်စျေးရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ နီပေါနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများကို အကူအညီပေးရန် မြန်မာလူငယ်များ စုပေါင်းပြီး လမ်းဘေးတွင် ဂီတဝိုင်းဖြင့် ဖျော်ဖြေပြီး အလှူငွေ ကောက်ခံလျက်ရှိရာ တစ်ပတ်အတွင်း ၄၅ သိန်းခန့် ရရှိပြီဟု အဖွဲ့တာဝန်ခံ ကိုသိုင်းသက်ဇင်ထွန်းကူးကူးက မဇ္ဈိမကို ပြောသည်။

"ဒီနေ့ကို ဗိုလ်ချုပ်ဈေးမှာလုပ်မယ်၊ ကျွန်တော်တို့အလှူငွေကို အစိုးရကနေ တိုက်ရိုက်မလှူဘူး၊ နီပေါက လူငယ်အဖွဲ့တွေနဲ့ တိုက်ရိုက်ချိတ်ဆက် လှူဒါန်းသွား မယ်"ဟု ၎င်းက ပြောသည်။

ယင်းလူငယ်များသည် ဧပြီ ၂၉ ရက်မှစ၍ ရန်ကုန်မြို့ အင်ယားကန်၊ Dagon center 1၊ ရန်ကင်းစင်တာ၊ လှည်တန်းမီးပွိုင့်တို့တွင် တယော၊ ဂီတာများဖြင့် လမ်းဘေးဂီတာဝိုင်းအဖြစ် တီးခတ် ဖျော်ဖြေကာ အလှူခံခဲ့ခြင်း ဖြစ်သည်။

ရရှိသည့် အလှူငွေများကို အမေရိကန် ဒေါ်လာဖြင့် ပြန်လည်လဲလှယ်ကာ လှူဒါန်းသွားမည်ဖြစ်ပြီး အလှူခံသည့် ကာလကိုမူ ရက်သတ်မှတ်ထားခြင်း မရှိသေးဟု ပြောသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ လူငယ်အဖွဲ့အစည်းများကလည်း အကူအညီများ လိုအပ်ကြောင်း နှင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။

နီပေါနိုင်ငံတွင် ငလျင်သင့် ဒုက္ခသည်များအား လှူဒါန်းလိုသူများအနေဖြင့် ၎င်းတို့၏ ဖေ့ဘွတ် လူမှုကွန်ယက်စာမျက်နှာ Myanmar For #NepalEarthquake ကို ဆက်သွယ် လှူဒါန်းနိုင်သည်ဟု သိရသည်။

ဧပြီ ၂၅ ရက် နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၉ ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၇,၃၆၅ ယောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း နိပေါအစိုးရက ပြောကြားထားသည်။ နိုင်ငံတွင်း နောက်ထပ် လူပေါင်း ၁၄,၀၀၀ မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly