စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > မားလ်တီမီဒီယာ > ဓါတ်ပုံ > မဇ္ဈိမ ၂၀၁၀ ခုနှစ် သြဂုတ်လ ဓါတ်ပုံများ

မဇ္ဈိမ ၂၀၁၀ ခုနှစ် သြဂုတ်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


လွန်ခဲ့သည့်အပတ်က အထက်မြန်မာနိုင်ငံ မန္တလေးမြို့ မြောက်ဘက် မိုင် ၂ဝ အကွာရှိ တောင်ပြုံးရွာတွင် ကျင်းပခဲ့သော နတ်ပွဲအတွင်း အဓိက တောင်ပြုံးမင်းနှစ်ပါး နတ်ကွန်းတွင် ထောင်ပေါင်းများစွာသော နတ်ကိုးကွယ်သူများက ပူဇော်ဆက်ကပ်ရန် စောင့်ဆိုင်းနေကြစဉ်။ ပုဂံပြည့်ရှင် အနော်ရထားမင်း (၁ဝ၄၄-၁ဝ၇၇) ဘုရားတည်ရာတွင် ရွှေဖျဉ်းကြီးနှင့် ရွှေဖျဉ်းလေး ညီအစကိုသည် အမှုတော်ထမ်းရာတွင် အုတ်နှစ်ချပ်စီရန် ပျက်ကွက်ခဲ့သည့်အတွက် ဝါးလုံးနှင့် မသေမချင်း ရိုက်သတ် ကွပ်မျက်ခြင်း ခံခဲ့ကြရာမှ သေဆုံးကာ ညီနောင်နှစ်ပါးသည် နတ်ဖြစ်သွားသည်ဟု အယူရှိကြသည်။ ဆူညံမြူးကြွသော ရိုးရာဂီတ၊ ရိုးရာနတ်အကများဖြင့် တောင်ပြုံး နတ်ပွဲတော်သည် မြန်မာနိုင်ငံရှိ ပွဲတော်များအနက် ကြက်ပျံမကျ စည်ကားကာ အရောင်အသွေး အစုံအလင်ဆုံး ပွဲတော် တခုပင် ဖြစ်သည်။ တောင်ပြုံးပွဲတော် :: မန္တလေးမြို့မှ ၂ဝ မိုင်အဝေး တောင်ပြုံးကျေးရွာရှိ မင်းညီနောင် နတ်နန်းတွင် ပွဲကျင်းပရေးအတွက် ပြင်ဆင်နေသော နတ်ကတော်တဦးကို တွေ့ရစဉ်။ သြဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိကျင်းပသော ပွဲတော်တွင် ကုန်သည်များ၊ ဖူးမြှော်သူများနှင့် ရာပေါင်းများစွာသော နတ်ကတော်များနှင့် ပြည့်နှက်နေခဲ့သည်။ ဘုရားတည်ရာတွင် အုတ်လှူရန် ပျက်ကွက်ခဲ့သဖြင့် ပုဂံဘုရင် အနော်ရထာမင်းက သေသည်အထိ ကြိမ်ဒဏ်ပေးခံရသော ရွှေဖျင်းကြီးနှင့် ရွှေဖျင်းငယ် ညီနောင်တို့ကို အကြောင်းပြု၍ ပွဲတော်ကျင်းပခြင်းဖြစ်သည်။ ဓာတ်ပုံ- မဇ္ဈိမ တောင်ပြုံးပွဲတော် :: တောင်ပြုံးပွဲတော်တွင်း နတ်ဝင်သည် တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မန္တလေးမြို့ မြောက်ဘက် ၁၉  မိုင်အကွာရှိ တောင်ပြုံးရွာတွင် သြဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပသော နတ်ပွဲတော်သည် စည်ကားခဲ့သည်။ တောင်ပြုံးပွဲတော် :: တောင်ပြုံးပွဲတော်တွင်း နတ်ဝင်သည် တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မန္တလေးမြို့ မြောက်ဘက် ၁၉  မိုင်အကွာရှိ တောင်ပြုံးရွာတွင် သြဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပသော နတ်ပွဲတော်သည် စည်ကားခဲ့သည်။ လန်ဒန်ရှိ ကနေဒါသံရုံးရှေ့ပြုလုပ်သော ဆန္ဒပြပွဲတွင် တွေ့ရသော ကလေးငယ်တဦး :: ဘားမားကင်ပိန်း ယူကေဦးဆောင်ကာ ဗုဒ္ဓဟူးနေ့ သြဂုတ် ၂၅ ရက်နေ့က လန်ဒန်ရှိ ကနေဒါသံရုံးရှေ့ပြုလုပ်သော ဆန္ဒပြပွဲတွင် တွေ့ရသော ကလေးငယ်တဦး။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြုလုပ်ရေးကို ကနေဒါအစိုးရက ထောက်ခံရန် ဆန္ဒပြသူများက တိုက်တွန်း ထားသည်။ ဒေါ်စုက ရွေးကောက်ပွဲဥပဒေ ညီမညီစောင့်ကြည့်ရန် :: ရွေးကောက်ပွဲ သပိတ်မှောက်မှုကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ရွေးကောက်ပွဲ ကျင်းပရာ၌ ထုတ်ပြန်ထားသည့် ဥပဒေများနှင့် ညီမညီ လေ့လာစောင့်ကြည့်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်တွန်းလိုက်သည်။ အင်းစိန်ထောင်တွင်းမှ တရားဟောသံ :: သပိတ်အိုင်ဆရာတော် ဦးဥာဏိဿရ ဟောကြားသော တရားတော်ကို နာယူနေကြသော အင်းစိန်ထောင်တွင်းရှိ အကျဉ်းသားများကို စနေနေ့ သြဂုတ်လ ၂၁ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ အင်းစိန်ထောင်မှ အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးနေသော်လည်း နိုင်ငံရေးအကျဉ်းသားများကိုတော့ မလွှတ်ပေးသေးပေ။ မီးသွေး ရောင်းချရန် စက်ဘီးဖြင့် သယ်ယူလာသူများ :: မီးသွေး ရောင်းချရန်အတွက် စက်ဘီးဖြင့် မီးသွေးသယ်ယူလာသူများကို မြန်မာနိုင်ငံ အလယ်ပိုင်း ပူပိုင်းဒေသ ချင်းတွင်းမြစ် အနောက်ဘက် တနေရာတွင် တွေ့ရစဉ်။ ထင်းနှင့် မီးသွေးကို လောင်စာအဖြစ် အဓိက အသုံးပြု နေရခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများတွင် ပိုမို၍ ကန္တာရ ဆန်လာခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ သတင်းစာ ရှင်းလင်းပွဲ :: ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ သတင်းစာ ရှင်းလင်းပွဲတရပ်ကို တနင်္ဂနွေနေ့ သြဂုတ် ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်က ပြုလုပ်ရာ ဥက္ကဌ ဦးသုဝေ (ဘယ်မှ ဒုတိယ)က ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရွေးကောက်ပွဲဝင်မည့် အခြားနိုင်ငံရေး ပါတီများ ငွေကြေးအခက်အခဲဖြင့် လုံးချာလည်နေစဉ် အစိုးရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကိုယ်စားလှယ်လောင်း အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ယူသွားလိမ့်မည်ဟု ဦးသုဝေက ပြောကြားသွားသည်။ ဦးရွှေအုံး ( ၈၉  နှစ်) :: ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်သူ ဦးရွှေအုံး ( ၈၉  နှစ်) ၏ ဈာပနကို ရေဝေး သုဿန်တွင် ပြုလုပ်ရာ အသုဘ လိုက်ပါ ပို့ဆောင်သူများ တမိနစ် ငြိမ်သက် ဂါရဝပြုခြင်း တနင်္ဂနွေနေ့ သြဂုတ် ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်က ပြုလုပ်စဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အာဏာရှင်စနစ် ကြီးစိုးသော မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သက်ထက်ဆုံး နှိုးဆော်ခဲ့သူအဖြစ် ဦးရွှေအုံးကို လူသိများခဲ့ကြသည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ အခမ်းအနား :: ကိုးဂဏန်း အတိတ်ဆောင်သော အနေဖြင့် တပြည်လုံးရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးများဖွင့်ပွဲကို တပြိုင်နက် သောကြာနေ့ နံနက် ၉  နာရီ ၄၅ မိနစ်တွင် ပြုလုပ်ရာ အောင်မြေသာစံရှိ မန္တလေးတိုင်းရုံးကိုလည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့် (ဝဲဘက်မှ လေးဦးမြောက်)၊ နှင့် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် (ညာစွန်) တို့ တက်ရောက် ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ နိုဝင်ဘာ ၇ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ အနိုင်ရရေး အဘက်ဘက်မှ စီစဉ်ထားပြီးဖြစ်သည်ဟု ကြံ့ဖွံ့ခေါင်းဆောင်များက မကြာခဏ ဂုဏ်ယူ ပြောကြားနေသည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ အခမ်းအနား :: စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း မန္တလေးတိုင်းရုံးဖြစ်သော ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ အဆောက်အဦးတွင် သောကြာနေ့ သြဂုတ် ၂ဝ ရက်၊ ၂ဝ၁ဝ ခုနှစ်ပြုလုပ်စဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့ တက်ရောက်ခဲ့သည်။ စစ်အစိုးရက တနိုင်ငံလုံးရှိ ကြံ့ဖွံ့ရုံးများဖွင့်ပွဲကို ယနေ့ နံနက် ၉း၄၅ တွင် တပြိုင်တည်း ပြုလုပ်ခဲ့သည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲ အခမ်းအနား :: မန္တလေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးဖွင့်ပွဲသို့ တက်ရောက်လာသူများကို သောကြာနေ့ နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကြံ့ဖွံ့ရုံးဖွင့်ပွဲများကို စစ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြို့တော်ဝန်များက ဦးဆောင်၍ တပြိုင်နက်တည်း ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ရုံးဖွင့်ပွဲ အခမ်းအနား :: အမျိုးသား ဒီမိုကရေစီ အင်အားစု၏ မန္တလေးတိုင်း ရုံးဖွင့်ပွဲကို အောင်မြေသာစံ မြို့နယ်တွင် ကြာသာပတေးနေ့ သြဂုတ် ၁၉  ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်ရာ ဒေါက်တာသန်းငြိမ်း ပြောကြားနေစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းက ကြံ့ဖွံသည် ပြိုင်ဘက်များကို ကျော်ဖြတ်ပြီး မဲထက်ဝက်ကျော်ဖြင့် အနိုင်ရလိမ့်မည်ဟု နွားထိုးကြီးမြို့တွင် သြဂုတ် ၉  ရက်နေ့က ပြောကြားထားသည်။ အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ရုံးဖွင့်ပွဲ အခမ်းအနား :: မန္တလေး အောင်မြေသာဇံမြို့နယ်တွင် ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ရုံးဖွင့်ပွဲ အခမ်းအနား ပြုလုပ်နေချိန် ရုံးရှေ့မှ ဖြတ်သွားသော သံဃာတော်နှစ်ပါးကို ကြာသာပတေးနေ့ သြဂုတ် ၁၉  ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ပါတီများက ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ပါတီများ စုဝေးဟောပြောမှု ပြုလုပ်လျှင် ခွင့်ပြုချက် ရယူရန် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်သည်။ ဓာတ်ပုံ- မဇ္ဈိမ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့သည့် သူရိယ ပုဂ္ဂလိက ဓါတ်ဆီဆိုင် :: လမ်းမတော်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အနော်ရထာ လမ်းမကြီးနှင့် ကိုင်းတန်းလမ်းထောင့်ရှိ သူရိယ ပုဂ္ဂလိက ဓါတ်ဆီဆိုင်တွင် ယနေ့ညနေ ၃ နာရီ ၁ဝ မိနစ်အချိန်က မီးလောင်ရာသို့ မီးသတ်များရောက်ရှိလာစဉ် (သြဂုတ်-၁၈၊ ၂ဝ၁ဝ။ ဓါတ်ပုံ-မဇ္ဈိမ) ဓါတ်ဆီ သိုလှောင်ကန်များသို့ ကူးစက်ခဲ့ခြင်းမရှိ၍ မီးလောင်မှု ပမာဏမများသော်လည်း ဆီဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံတင်ပို့လိုက်ရသည်။ အင်ဗာတာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အင်ဗာတာတစ်လုံးနှင့် ငွေရေတွက်စက်တစ်လုံးနှင့် ရုံးသုံးပစ္စည်းအနည်းငယ် လောင်ကျွမ်းပျက်စီးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ကဆိုသည်။ မီးလောင်ရာသို့ လာရောက်ကြည့်ရှု့သူများ :: သူရိယပုဂ္ဂလိက ဓာတ်ဆီဆိုင် မီးလောင်ရာသို့ လာရောက်ကြည့်ရှု့သူများနှင့် မီးသတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက် အနော်ရထာလမ်းမနှင့် ကိုင်းတန်းလမ်းထောင့်ရှိ ဓာတ်ဆီဆိုင်တွင် ဗုဒ္ဓဟူးနေ့ သြဂုတ် ၁၈ ရက်၊ ၂ဝ၁ဝ ခုနှစ်က မီးလောင်ရာ ဆိုင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိသွားသည်။ ရန်ကုန်ဆိပ်ကမ်း :: ရန်ကုန်ဆိပ်ကမ်းတွင် ရပ်နားထားသော ငါးဖမ်းသင်္ဘောလှေ တစီးပေါ်မှ ငါးတောင်းကို ထမ်းသယ်လာသူ မြန်မာအလုပ်သမား တဦးကို သြဂုတ် ၁၂ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ ငါးလုပ်ငန်းက သစ်တောနှင့် သဘာဝ သံယံဇာတ ပေါကြွယ်ဝသော နိုင်ငံအတွက် ဝင်ငွေ ကောင်းစေသော်လည်း နိုင်ငံ့ကြွယ်ဝမှုက မြန်မာပြည်သူများကိုတော့ဖြင့် အကျိုးဖြစ်ထွန်းမှုနည်းပါးလှသည်။ ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက် :: အာဏာပိုင်များက ချိတ်ပိတ်ထား၍ လူသူ  ခြောက်သွေ့နေပြီ ဖြစ်သော ရွှေတိဂုံဘုရား ဝတ္တကမြေ အတွင်းရှိ ကရင်လူမျိုး  စာကြည့် ပိဋကတ်တိုက်ကို သောကြာနေ့ သြဂုတ်လ ၁၃ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ ရွှေတိဂုံဘုရား ဝတ္တက နယ်မြေ အတွင်းရှိ ပိဋကတ်တိုက် ၆  တိုက်ကို ချိတ်ပိတ်ပြီးဖြစ်ရာ ယင်းပိဋကတ်တိုက်မှ တခုကို မြန်မာနိုင်ငံနှင့်  သီရိလင်္ကာ ချစ်ကြည်ရေးအတွက် သီရိလင်္ကာမှ ဗုဒ္ဓဘာသာ အဖွဲ့များ လာရောက်ပါက  တည်းခို နေထိုင်နိုင်ရန် ပြုလုပ်ပေးမည် ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော်  ဂေါပကအဖွဲ့က ပြောသည်။ အပိတ်မခံရသော ကျန်ပိဋကတ် ၂ ခုမှာ ကြေးတိုင်နှင့်  မြေစာရင်းဌါနမှ ဝန်ထမ်းများနှင့် ရဲဝန်ထမ်းများ နေထိုင်ခွင့်  ပြုထားသည်။ ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက် :: အာဏာပိုင်များက ချိတ်ပိတ်ထား၍ လူသူ ခြောက်သွေ့နေပြီ ဖြစ်သော ရွှေတိဂုံဘုရား ဝတ္တကမြေ အတွင်းရှိ ကရင်လူမျိုး စာကြည့် ပိဋကတ်တိုက်ကို သောကြာနေ့ သြဂုတ်လ ၁၃ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရွှေတိဂုံဘုရား ဝတ္တက နယ်မြေ အတွင်းရှိ ပိဋကတ်တိုက် ၆ တိုက်ကို ချိတ်ပိတ်ပြီးဖြစ်ရာ ယင်းပိဋကတ်တိုက်မှ တခုကို မြန်မာနိုင်ငံနှင့် သီရိလင်္ကာ ချစ်ကြည်ရေးအတွက် သီရိလင်္ကာမှ ဗုဒ္ဓဘာသာ အဖွဲ့များ လာရောက်ပါက တည်းခို နေထိုင်နိုင်ရန် ပြုလုပ်ပေးမည် ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့က ပြောသည်။ အပိတ်မခံရသော ကျန်ပိဋကတ် ၂ ခုမှာ ကြေးတိုင်နှင့် မြေစာရင်းဌါနမှ ဝန်ထမ်းများနှင့် ရဲဝန်ထမ်းများ နေထိုင်ခွင့် ပြုထားသည်။ တပ်မတော်ခန်းမ :: ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်သော ကုန်စည်ပြပွဲတွင် ဂတ်စ်မီးဖို အရောင်းဆိုင် တဆိုင်တွင် လေ့လာ ကြည့်ရှု့နေသော ပရိသတ်တစုကို ကြာသပတေးနေ့ (သြဂုတ် ၁၂ ရက်၊ ၂ဝ၁ဝ ခုနှစ်) တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)။ YANGON EXPO'2010 ကုန်စည်ပြပွဲကို ယနေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ တပ်မတော်ခန်းမ :: ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်သော ကုန်စည်ပြပွဲသို့ လာရောက် ကြည့်ရှုသူတစုကို ကြာသပတေးနေ့ သြဂုတ် ၁၂ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ YANGON EXPO'2010 ကုန်စည်ပြပွဲကို ယနေ့မှသည် သြဂုတ် ၁၅ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အိုင်တီနှင့်၊ အီလက်ထရွန်းနစ် ပစ္စည်း ပြခန်းများကို ပြပွဲလာသူများ ပိုမိုစိတ်ဝင်စား ကြည့်ရှု ဝယ်ယူကြသည်ကို တွေ့ရသည်။ လယ်ထွန်းနေသော မြန်မာ့ လယ်သမားတဦး :: အမေရိကန်နိုင်ငံမှ Proceedings of the National Academy of Sciences က လေ့လာ တွေ့ရှိချက်တခုကို တနင်္လာနေ့က ထုတ်ပြန်ရာတွင် ကမ္ဘာတဝှမ်း ပူနွေးမှုကြောင့် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း အာရှနေရာ အချို့တွင် ဆန်ထွက်နှုန်း ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ဆိုသည်။ ဆိုင်ကလုံးနာဂစ်၊ ကြွက်သောင်းကျန်းမှုနှင့် မိုးခေါင်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ဆန်စပါးအထွက် ဆုတ်နေရာက ဘူးလေးရာ ဖရုံဆင့်ဆိုသလို ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက်ကိုလည်း လယ်သမားများ ကြုံရမှာဖြစ်သည်။ ဓာတ်ပုံ- အေအက်ဖ်ပီ။ အကျဉ်းကျ နိုင်ငံရေးသမားများ၏ မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ :: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ဦးဆောင်သော အဖွဲ့သည် အင်္ဂါနေ့ နံနက်ပိုင်းတွင် အကျဉ်းကျ နိုင်ငံရေးသမားများ၏ မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ သွားရောက် တွေ့ဆုံ အားပေးခဲ့ သည်။ ၈လေးလုံး ၂၂နှစ်ပြည့် ဝါဆိုသင်္ကန်းများဆက်ကပ် :: ပြည်ထောင်စု ဒီမိုကရေစီ ပါတီဥက္ကဌသစ် ဦးသိန်းဌေး (ဘယ်အစွန်) က ဝါဆိုသင်္ကန်းကပ်ရန် ပြင်ဆင်နေပုံ ဖြစ်သည်။ (ဓာတ်ပုံ- မဇ္ဈိမ)။  ဒီမိုကရက်တစ်ပါတ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ပါတီတို့က ၈လေးလုံး ၂၂နှစ်ပြည့်နှစ် ဖြစ်သော တနင်္ဂနွေနေ့ သြဂုတ် ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်က မင်္ဂလာတောင်ညွန့်မြို့နယ် ရှင်အာဒိစ္စဝံသ ကျောင်းရှိ သံဃာ၇၄ပါးကို ဝါဆိုသင်္ကန်းများ ဆက်ကပ် လှုတန်းခဲ့စဉ်။ ၈လေးလုံး ၂၂နှစ်ပြည့် ဝါဆိုသင်္ကန်းများဆက်ကပ် :: ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့က ၈လေးလုံး ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရှင်အာဒိစ္စဝံသ ကျေင်းတိုက်တွင် သံဃာတော် ၇၄ ပါးအား ပင့်ကာ ဆွမ်းကပ်ခဲ့ကြသည်။ ပုံမှာ ဘယ်အစွန်မှ ဒီမိုကရက်တစ် ပါတီအတွင်းရေမှုး ဒေါ်ချိုချိုကျော်ငြိမ်း၊  ဥက္ကဌဦးသုဝေ တို့ ရေစက်ချနေပုံ ဖြစ်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ၈လေးလုံး ၂၂ နှစ်ပြည့် သံဃာများကို ပင့်ဖိတ်ကာ ဆွမ်းကပ် :: ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ အဖွဲ့ချုပ် (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့က ၈လေးလုံး ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သော တနင်္ဂနွေ သြဂုတ်လ ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် သံဃာများကို ပင့်ဖိတ်ကာ ဆွမ်းကပ်ခဲ့ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ၁၉၈၈ ခုနှစ်သြရဂုတ်လ ၈ ရက်နေ့က တပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို တောင်းဆိုသော နိုင်ငံအဝှမ်း လူထု ဆန္ဒုပြမှုများ စတင်ခဲ့သည်။ သို့သော် တလကျော်အကြာတွင် စစ်တပ်မှ ပစ်ခတ် နှိမ်နင်းခဲ့သဖြင့် ရာပေါင်းများစွာ သေခဲ့ရသည်။ တည်ဆောက်ဆဲ ပြည်သူ့လွှတ်တော် အဆောက်အဦး :: ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ စုဝေးမည့် တည်ဆောက်ဆဲ ပြည်သူ့လွှတ်တော် အဆောက်အဦးကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။  ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲဟုဆိုကာ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ယမန်နေ့က  ကျောခိုင်းသွားသည်။ စစ်အစိုးရက ထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပစားပေးမှုများ ရှိနေသလို၊ ရွေးကောက်ပွဲကော်မရှင်မှာမူ ရုပ်သေးဖြစ်နေကြောင်း သူက ဝေဖန်သည်။ တည်ဆောက်ဆဲ ပြည်သူ့လွှတ်တော် အဆောက်အဦး :: ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ စုဝေးမည့် တည်ဆောက်ဆဲ ပြည်သူ့လွှတ်တော် အဆောက်အဦးကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။  ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲဟုဆိုကာ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ယမန်နေ့က  ကျောခိုင်းသွားသည်။ စစ်အစိုးရက ထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပစားပေးမှုများ ရှိနေသလို၊ ရွေးကောက်ပွဲကော်မရှင်မှာမူ ရုပ်သေးဖြစ်နေကြောင်း သူက ဝေဖန်သည်။ သီရိမင်္ဂလာဈေးသစ် ဆောက်လုပ်ရာမှ :: ရန်ကုန်တိုင်း လှိုင်မြို့နယ် ပိတောက်ချောင်း အနီးတွင် ကုန်စိမ်းလက္ကားဈေး တည်ဆောက်နေသော လုပ်သားများကို သြဂုတ် ၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  ယခင်ကြည့်မြင်တိုင် ကမ်းနားလမ်းမှ ရွှေ့ပြောင်းမည့် သီရိမင်္ဂလာ ဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၁၀၀ နီးပါး ပါဝင်မှာ ဖြစ်သည်။ ပိုးသတ်ဆေး သုံးစွဲမှုကြောင့် ရေသတ္တဝါများ အန္တရာယ်ရှိ :: ရှမ်းပြည်နယ် အင်းလေးကန်တွင်းရှိ ခရမ်းချဉ်သီးပင်များကို ပိုးသတ်ဆေး ပက်ဖျန်းနေသူတဦး။ ဓာတ်ပုံ- မဇ္ဈိမ။    ။ အင်းလေးဒေသ ရေပေါ်စိုက်ခင်းများရှိ ခရမ်းချဉ်သီးနှင့် တိုင်ထောင်ပဲများ စိုက်ပျိုးရေးတွင် ပိုးသတ်ဆေး သုံးစွဲမှုကြောင့် ကန်ထဲရှိ ရေသတ္တဝါများ အတွက် အဆိပ်သင့်မှုများ ရှိသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ရန်ကုန်တိုင်း ပါတီရုံးချုပ် ဆိုင်းဘုတ်တင်ပွဲကို သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက ပါတီရုံးချုပ်နေရာဖြစ်သော တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းတွင် ပြုလုပ်ခဲ့ရာ ပါတီဆိုင်းဘုတ်ကို ဦးခင်မောင်ဆွေ (ဘယ်အစွန်) နှင့် ဒေါက်တာသန်းငြိမ်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ မြို့နယ် ၅၀ တွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းရရှိထားပြီးကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။


 
PEB1
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1588 guests online