စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > မားလ်တီမီဒီယာ > ဓါတ်ပုံ > မဇ္ဈိမ ၂၀၁၀ ခုနှစ် ဇူလိုင်လ ဓါတ်ပုံများ

မဇ္ဈိမ ၂၀၁၀ ခုနှစ် ဇူလိုင်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ဝန်ကြီး ပတ်ဝေ့ချွန်း ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော် :: မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း (အလယ်၊ အင်္ကျီအနက် မျက်မှန်နှင့်) ခေါင်းဆောင်သော ဧည့်သည်တော်များ ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို  ကြာသာပတေးနေ့ ဇူလိုင် ၂၉  ရက်၊ ၂ဝ၁ဝ ခုနှစ်က လှည့်လည် ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြောက်ကိုရီးယား ဝန်ကြီးသည် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် သောကြာနေ့နံနက်က နေပြည်တော်တွင် ဆွေးနွေးခဲ့သည်။ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုခံရသော နိုင်ငံဖြစ်ပြီး စစ်အစိုးရက အကောင်အထည် ဖော်နေသော နူကလီးယား လက်နက် ထုတ်လုပ်ရေးအတွက် မြောက်ကိုရီးယားက အကူအညီ ပေးနေသည်ဟူသော သတင်းများ ထွက်ပေါ်နေချိန်လည်း ဖြစ်သည်။ ကလေးမြို့တွင် ရေကြီး :: မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်းကျချောင်းရေ ဒလဟောစီးဆင်းကာ စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ရေကြီးနေသည်ကို ဇူလိုင် ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ချောင်းနှစ်ခုအကြားရှိ ရပ်ကွက်တွင်း လူနေအိမ် ၅ဝ ခန့်တွင်း ရေဝင်ရောက်မှုဖြစ်ပြီး ၆ နှစ်အရွယ် မိန်းကလေးငယ်တဦး ပျောက်ဆုံးသွားသည်။ ကလေးမြို့တွင် ရေကြီး :: မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်းကျချောင်းရေ ဒလဟောစီးဆင်းကာ စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ရေကြီးနေသည်ကို ဇူလိုင် ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လူနေအိမ် ၅ဝ ခန့်တွင်း ရေဝင်ရောက်မှုဖြစ်ပြီး ၆ နှစ်အရွယ် မိန်းကလေးငယ်တဦး ပျောက်ဆုံးနေသည်။ ရွှံနွံများကို သန့်ရှင်းရေး လုပ်နေသူတဦး :: ချောင်းရေ ပြန်ကျသွားပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ နေအိမ်တခုတွင် ရွှံနွံများ သန့်ရှင်းရေး လုပ်နေသူတဦးကို ဇူလိုင် ၂၈ ရက်၊ ၂ဝ၁ဝ ခုက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ခြောက်နာရီကြာ မိုးရွာသွန်းပြီး ချင်းတောင်တန်းပေါ်မှ ရေများဒလဟော စီးဆင်းလာပြီး ရေကြီးမှုဖြစ်ပွားရာ အိမ်ခြေ ၅ဝ ခန့်တွင် ရေများဝင်ရောက်ပြီး အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တဦး ရေစီးဖြင့် မျောပါပျောက်ဆုံးနေသည်။ ဆရာတော် ဘဒ္ဒန္တ အရှင်ညာဏကို လာရောက်ဖူးမျှော်သူများ :: သက်တော် ၉၅ နှစ်ရှိ သုံးဆယ်မြို့ ဓမ္မသုခကျောင်းဆရာတော် ဆရာတော် ဘဒ္ဒန္တ အရှင်ညာဏကို လာရောက် ဖူးမျှော်သူများကို ဗုဒ္ဓဟူးနေ့ ဇူလိုင် ၂၈ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကျောင်းတိုက်မှ ပရိတ်ရေကို သောက်သုံးလျှင် ကျန်းမာရေး ကောင်းမွန်စေရန် ထူးကဲသော အကျိုးပေးသည်ဟု ယုံကြည်ပြီး သွားရောက် ဖူးမျှော်သူများပြားနေရာ စနေ၊ တနင်္ဂနွေနေ့များတွင် တရက်လျှင် လူ ၈၀၀၀ ကျော်ရှိသည်။ ဆရာတော် ဘဒ္ဒန္တ အရှင်ညာဏ :: ပဲခူးတိုင်း သာယာဝတီခရိုင်၊ သုံးဆယ်မြို့ရှိ ဓမ္မသုခကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ အရှင်ညာဏနှင့် ကပ္ဗိယတဦးကို ဗုဒ္ဓဟူးနေ့ ဇူလိုင် ၂၈ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  ကျောင်းတိုက်မှ ပရိတ်ရေကို သောက်သုံးလျှင် ကျန်းမာရေး ကောင်းမွန်စေရန် ထူးကဲသော အကျိုးပေးသည်ဟု ယုံကြည်ပြီး သွားရောက်ဖူးမျှော်သူ များပြားနေရာ စနေ၊ တနင်္ဂနွေနေ့များတွင် တရက်လျှင် လူ ၈ဝဝဝ ကျော်ရှိသည်။ အိန္ဒိယသမ္မတ ပရာတီဘာပတေးလ်နှင့် :: အိန္ဒိယသမ္မတ ပရာတီဘာပတေးလ်က မြန်မာစစ်ခေါင်းဆောင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နယူးဒေလီရှိ သမ္မတအိမ်တော်တွင် ဇူလိုင် ၂၇ ရက်၊ ၂ဝ၁ဝ ခုက ကြိုဆိုစဉ်။ ဓာတ်ပုံ- မဇ္ဈိမ သမ္မတအိမ်တော်၌် :: လက်ဝဲဘက်မှ ရေတွက်လျှင် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၊ ဒေါ်ကြိုင်ကြိုင်၊ အိန္ဒိယသမ္မတ ပရာတီဘာပတေးလ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နယူးဒေလီရှိ သမ္မတအိမ်တော်ကို ဇူလိုင် ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ်က ဝင်ရောက်လာနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ၇၆ နှစ်ကျော် သက်တမ်းရှိ ဒေါ်လှဆင် ပိဋ္ဋကတ်တိုက် :: စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်ရှိ ရွှေတိဂုံစေတီတော် ဘုရားဂေါပကအဖွဲ့က နှင်ထုတ်သဖြင့် သံဃာတော်များမရှိဘဲ ခြောက်ကပ်နေသော ၇၆ နှစ်ကျော် သက်တမ်းရှိ ဒေါ်လှဆင် ပိဋ္ဋကတ်တိုက်ကို ဇူလိုင် ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ် (အင်္ဂါနေ့) တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ကျောင်းတိုက်တွင် ရဟန်းများနှင့် လူများ ရောနှောနေထိုင်သည်ဟု ဂေါပကအဖွဲ့က စွပ်စွဲကာ သီတင်းသုံး သံဃာတော်များကို ရွှေတိဂုံ ဝတ္တကမြေအတွင်းမှ ဇွန် ၃ဝ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန် နှင်ထုတ်ခဲ့သည်။ လောကီဥပဒေအရ၊ ဗုဒ္ဓ၏ ဝိနည်းတော်အရ နေထိုင်သည်ဟု ရဟန်းတော်များက ဖြေရှင်းခဲ့သေးသည်။ ၇၆ နှစ်ကျော် သက်တမ်းရှိ ဒေါ်လှဆင် ပိဋ္ဋကတ်တိုက် :: စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်ရှိ ရွှေတိဂုံစေတီတော် ဘုရားဂေါပကအဖွဲ့က နှင်ထုတ်သဖြင့် ၁၉၃၄ ခုနှစ်တွင် တည်ခဲ့သော ဒေါ်လှဆင် ပိဋ္ဋကတ်တိုက်၌ သံဃာတော်များမရှိဘဲ ခြောက်ကပ်နေသည်ကို ဇူလိုင် ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ် (အင်္ဂါနေ့) တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ကျောင်းတိုက်တွင် ရဟန်းများနှင့် လူများ ရောနှောနေထိုင်သည်ဟု ဂေါပက က စွပ်စွဲကာ သံဃာတော်များကို ဇွန် ၃ဝ ရက်နေ့တွင် နှင်ထုတ်ခဲ့သည်။ ယင်းစွပ်စွဲချက် မမှန်ကြောင်း သံဃာများက ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းထံ တင်ပြခဲ့သော်လည်း အချည်းနှီးဖြစ်ကာ သံဃာများမှာ ဝါတွင်းကာလ သီတင်းသုံးနေထိုင်ရန် အခက်ကြုံနေသည်။ ထိုင်တော်မူဘုရားကို ဖူးမျှော်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ :: ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်ကြီး အတွင်းရှိ ထိုင်တော်မူဘုရားကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တနင်္ဂနွေ ဇူလိုင် ၂၅ ရက်၊ ၂ဝ၁ဝ နေ့က ဖူးမျှော်နေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)။ ၅ ရက်ကြာ အလည်အပတ် ခရီးအတွက် ယမန်နေ့က ဗုဒ္ဓဂါယာသို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်သည် တနင်္လာနေ့ ညနေတွင် နယူးဒေလီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ၏ခရီးစဉ်အပေါ် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများက ဆန့်ကျင်ဆန္ဒပြမှုများ နယူးဒေလီတွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း :: မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏လက်ရင်းလူယုံတဦးဖြစ်သော စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းတို့ တနင်္ဂနွေနေ့က ဗုဒ္ဓဂါယာရှိ ဗောဓိညောင်ပင်အောက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မဟာဗောဓိဘုရားသို့ နှစ်ကြိမ်တိုင် သွားရောက်ဖူးမျှော်ခဲ့သည်။ သန်းရွှေ၏ ခရီးစဉ်အပေါ် ကန့်ကွက်  ဆန္ဒပြမှုနှင့်ကြုံ :: မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများများက  မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အပေါ်  ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်  တနင်္လာနေ့  ဇူလိုင် ၂၆ ရက် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယမန်နေ့ကတည်းက အိန္ဒိယနိုင်ငံသို့  ၅ရက်ကြာ  အလည်အပတ် ရောက်ရှိနေပြီး စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို  နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ အကြားတွင် သဘောတူ လက်မှတ်ရေးထိုးမည်  ဖြစ်သည်။ သန်းရွှေ၏ ခရီးစဉ်အပေါ် ကန့်ကွက် ဆန္ဒပြမှုနှင့်ကြုံ :: မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများများက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်  တနင်္လာနေ့ ဇူလိုင် ၂၆ ရက် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယမန်နေ့ကတည်းက အိန္ဒိယနိုင်ငံသို့  ၅ရက်ကြာ အလည်အပတ် ရောက်ရှိနေပြီး စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ အကြားတွင် သဘောတူ လက်မှတ်ရေးထိုးမည် ဖြစ်သည်။ ရွှေတိဂုံဘုရား၌ ကြာပန်းကပ်လှူနေသော ကိုရင်တပါး :: ဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၆ ရက်၊ ၂ဝ၁ဝ) တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ကြာပန်းကပ်လှူနေသော သံဃာတပါးကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ယနေ့မှသည် အောက်တိုဘာလ ၂၃ ရက်နေ့အထို ဝါတွင်းကာလ ဖြစ်သဖြင့် သံဃာတော်များသည် ဝါကပ်ရာ ကျောင်းတိုက်၌ပင် ဝါတွင်း ၃ လပတ်လုံး သီတင်းသုံးရပြီး  ညအိပ်ညနေ ခရီးသွားလာခြင်း မပြုလုပ်ရပေ။ ရွှေတိဂုံဘုရား၌ ဆီမီးပူဇော်နေသော ကိုရင်တပါး :: ဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၆ ရက်၊ ၂ဝ၁ဝ) တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ဆီမီးပူဇော်နေသော ကိုရင်တပါးကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ယနေ့မှသည် အောက်တိုဘာလ ၂၃ ရက်နေ့အထို ဝါတွင်းကာလ ဖြစ်သဖြင့် သံဃာတော်များသည် ဝါကပ်ရာ ကျောင်းတိုက်၌ပင် ဝါတွင်း ၃ လပတ်လုံး သီတင်းသုံးရပြီး  ညအိပ်ညနေ ခရီးသွားလာခြင်း မပြုလုပ်ရပေ။ ဘုရားဖူးများနှင့် စည်ကားနေသော ရွှေတိဂုံဘုရား :: ဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၆ ရက်၊ ၂ဝ၁ဝ) တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ဘုရားဖူးများ စည်ကားနေသည်ကို တွေ့ရှိရစဉ် (ဓာတ်ပုံ- မဇ္ဈိမ)။ ဘုရားဖူးများနှင့် စည်ကားနေသော  ရွှေတိဂုံဘုရား :: ဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၆ ရက်၊ ၂ဝ၁ဝ) တွင် ရန်ကုန်မြို့  ရွှေတိဂုံဘုရား၌ ဘုရားဖူးများ စည်ကားနေသည်ကို တွေ့ရှိရစဉ် (ဓာတ်ပုံ-  မဇ္ဈိမ)။ ဘုရားဖူးများနှင့် စည်ကားနေသော  ရွှေတိဂုံဘုရား :: ဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၆ ရက်၊ ၂ဝ၁ဝ) တွင် ရန်ကုန်မြို့  ရွှေတိဂုံဘုရား၌ ဘုရားဖူးများ စည်ကားနေသည်ကို တွေ့ရှိရစဉ် (ဓာတ်ပုံ-  မဇ္ဈိမ)။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်သို့ :: ပြည်ထောင်စု ဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် လွမ်းသူပန်းခွေချရန် တနင်္လာနေ့ ဇူလိုင်လ ၁၉  ရက်၊ ၂ဝ၁ဝ ခုနှစ်က ယူဆောင်လာနေစဉ်။ (ပန်းခွေကိုင်သူ နှစ်ဦးဧ။်အလယ်  ဥက္ကဌ ဦးဖြိုးမင်းသိမ်း ဖြစ်သည်။) ပါတီတခုလျှင် ကိုယ်စားလှယ် ၇ ဦး တက်ရောက်ခွင့်ရသည်။ အာဇာနည်နေ့ အခမ်းအနား :: အာဇာနည်နေ့ အခမ်းအနား တက်ရန်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်သွားသူများက တည်ထောင်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီမှ ဥက္ကဌ ဒေါက်တာသန်းငြိမ်း (ဘယ်အစွန်မှ ရေတွက်လျှင် ဒုတိယလူ)က လုံခြုံရေး ရဲအရာရှိ တဦးနှင့် စကားပြောနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏နေအိမ်တွင် ပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာသော ပါတီဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ခေါင်းဆောင်များ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချရန် စောင့်ဆိုင်းနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံရေး ပါတီတခုလျှင် ကိုယ်စားလှယ် ၇ ဦးကျစီ စစ်အစိုးရက ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခွင့်ရသည်။ မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စစ်အစိုးရက ဖိတ်ကြားခြင်း မပြုပေ။ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ ရန်ကုန်မြို့ သံလွင်လမ်းရှိ နေအိမ်တွင် ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့သံလွင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးအိမ်တွင် ကျင်းပ ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ အာဇာနည်နေ့ အခမ်းအနားကို စစ်အစိုးရနှင့် အတိုက်အခံတို့က အခမ်းအနားများ အသီးသီးခွဲ၍ ပြုလုပ်ကြသည်။ အာဇာနည်နေ့ အခမ်းအနားကို အာဇာနည် ဗိမာန်တွင် တနင်္လာနေ့ ဇူလိုင် ၁၉  ရက်၊ ၂ဝ၁ဝ က ကျင်းပရာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက လွမ်းသူပန်းခွေ ချနေစဉ်။  ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်အနီးရှိ အာဇာနည် ဗိမာန်တွင် ယနေ့ နံနက် (၈) နာရီက ပြုလုပ်ခဲ့ရာ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ နေအိမ်တွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာမူ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ ကရင် ပြည်သူ့ပါတီ (KPP) ဌာနချုပ်ကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၊ အာဇာနည်လမ်းတွင် စနေနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ပွဲ ပြုလုပ်ရာ ပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ (ရှေ့တန်း ဘယ်အစွန် ဒုတိယမှ စတင်ရေတွက်လျှင်) ပါတီဒုဥက္ကဌ ဒေါက်တာစောစိုင်မွန်သာနှင့် ဥက္ကဌ စောထွန်းအောင်မြင့် (အငြိမ်းစား တပ်မတော်ရေ ဒုဗိုလ်မှူးကြီး)၊ ဒုဥက္ကဌ (၂) ဦးစောအေးကိုတို့ ဖြစ်သည်။ ပါတီဝင်အင်အား ၁၂ဝဝ ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြပြီး ဖြစ်ကြောင်း ပါတီက ပြောသည်။<br /> စာရေးဆရာ နန်းညွှန့်ဆွေ (အသက် ၈၇ နှစ်)  ::လူရွှင်တော် ဇာဂနာ၏ ဖခင် စာရေးဆရာ နန်းညွှန့်ဆွေ (အသက် ၈၇ နှစ်)၏  ရုပ်အလောင်းကို သယ်ယူနေသော ရုပ်ရှင်သရုပ်ဆောင် ကျော်သူကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ကြာသပတေးနေ့ ဇူလိုင် ၁၅  ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လူရွှင်တော်ဇာဂနာမှာ  နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံထားရပြီး  ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်  ရှိနေသည်။ ပဲကုန်သည်ကြီးငါးဦးကို စုံစမ်းစစ်ဆေး :: ပဲကုန်သည်ကြီးများကို အထူးစုံစမ်းစစ်ဆေးရေးမှ စစ်ကြောရေးလုပ်ပြီး သုံးပတ်အကြာ၊ ပဲရောင်းဝယ်မှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေသော ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်ကို ကြာသပတေးနေ့ ဇူလိုင် ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  ဈေးကွက်ကိုထိပါးမှာ စိုးရိမ်နေသော စစ်အစိုးရက လက်ကြီးပဲကုန်သည်ငါးဦးကို ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ စစ်ဆေးမှုများပြုလုပ်ပြီး ပဲရောင်းချခွင့်ပါမစ် လက်လွှဲရောင်းမှု ပိတ်ပင်လိုက်ရာ သီတင်းပတ်သုံးပတ်အတွင်း နှစ်ပတ်မှာ ပဲအရောင်းအဝယ် မရှိဘဲဖြစ်ခဲ့သည်ဟု ကုန်သည်များက ပြောသည်။ လေဆင်နှာမောင်း :: လေဆင်နှာမောင်းတိုက်၍ လဲပြိုသွားသော  ရန်ကုန်တိုင်း ကော့မှူးမြို့နယ် သမင်ခြံကျေးရွာမှ နေအိမ်တလုံးကို လေတိုက်အပြီး ရက်သတ္တပတ် တပတ်ကြာဖြစ်သော ဇူလိုင်လ ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကော့မှူးမြို့နယ်အတွင်း ဇူလိုင်လ ၈ ရက်နေ့က လေဆင်နှာမောင်းမွှေသဖြင့် အိမ်ခြေ ၆ဝ ကျော်ပျက်စီးပြီး လူ ၂၃ဝ ကျော် အိုးအိမ်မဲ့ဖြစ်သွားသော်လည်း အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခွင့်မပြုဘဲ တားမြစ်ထားသည်။ လေဆင်နှာမောင်း :: လေဆင်နှာမောင်းဒဏ်ခံ ကော့မှူးမြို့နယ် သမင်ခြံကျေးရွာမှ ကလေးတစုကို ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၄ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လေဆင်နှာမောင်း :: ကော့မှူးမြို့နယ်တွင်းတွင် လွန်ခဲ့သည်တပတ်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်သဖြင့် အိမ်ခြေ ၆ဝ ကျော်ပျက်စီးပြီး လူ ၂၃ဝ ကျော် အိုးအိမ်မဲ့ ဖြစ်သွားခဲ့သည်။ ရန်ကုန်တိုင်း အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ဖွင့်ခွင့်မပြုသောကြောင့် လေဘေးဒုက္ခသည်များမှာ ဆွေမျိုး မိတ်ဆွေများထံတွင် ခိုကပ်နေကြရသည်။ ဓာတ်ပုံ - မဇ္ဈိမ။ လေဆင်နှာမောင်း :: လေဆင်နှာမောင်းတိုက်၍ ပျက်စီးသွားသော နေအိမ်အမိုးကို ပြန်လည်ပြုပြင်နေသူ နှစ်ဦးကို ကော့မှူးမြို့နယ် သမင်ခြံကျေးရွာတွင် ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဇူလိုင် ၈ ရက် ညနေ ၆ နာရီခွဲက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကော့မှူးမြို့နယ် သရက်တော၊ သမင်ခြံ၊ တော်ပြာ၊ တာတိုက်၊ ထန်းတပင်ရွာတို့တွင် အိမ်ခြေ ၆ဝ ကျော်ပျက်စီးပြီး လူ ၂၃ဝ ကျော် အိုးအိမ်မဲ့ဖြစ်သွားသည်။ လေဆင်နှာမောင်း :: လေဆင်နှာမောင်း တိုက်ခတ်အပြီး တပတ်အကြာ ကော့မှူးမြို့နယ် သမင်ခြံကျေးရွာ မြင်ကွင်း။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဇူလိုင် ၈ ရက်နေ့က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ် ၆ဝ ကျော်ပျက်စီးသွားပြီး လူ ၂၃ဝ ကျော် အိုးအိမ်မဲ့ ဖြစ်သွားရသည်။ လေဆင်နှာမောင်း :: လေဆင်နှာမောင်းဒဏ်ခံ နေအိမ်တလုံးကို ကော့မှူးမြို့နယ်အတွင်း ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိ။ လေပြင်းကြောင့် လူ ၂၃ဝ ကျော် အိုးအိမ်မဲ့ ဖြစ်သွားရသော်လည်း လေဘေးဒုက္ခသည်စခန်း ထူထောင်ခွင့် ပိတ်ပင်ခံရမှုနှင့် ကြုံတွေ့နေရသည်။ ဦးတင်ဦးနှင့် ဦးဝင်းတင် :: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် (အင်္ကျီပြာဝတ်) ဦးဆောင်သော အဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ဆက်လက်တွေ့ဆုံရာ အင်္ဂါနေ့နံနက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် သုခိတာ ၄ လမ်း၊ ၁ ရပ်ကွက်ရှိ ကိုပဏ္ဍိတ်ထွန်း၏ အမှတ် ၁၁၅ နေအိမ်အဝင် (ဓာတ်ပုံ - မဇ္ဈိမ)။ ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ရီကို အားပေးစကား ပြောကြားပြီးနောက် အင်းစိန်မြို့ ဖော့ကန်ရပ်ကွက်ရှိ ဒေါက်တာနေဝင်း၏ နေအိမ်သို့ပါ ဆက်လက် သွားရောက်ခဲ့သည်။ ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွား :: စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ အရောင်းဆိုင်တခုဖြစ်သော ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ် ပေါ်ဆန်းမွှေး လမ်းပေါ်ရှိ အမှတ် ဝ၂၈ စီအန်ဂျီ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် ယနေ့မွန်းတည့် ၁၂ နာရီခန်က ဂတ်စ်အိုးပေါက်ကွဲသဖြင့် မီးသတ်ကလာရောက် ငြိမ်းသတ်မှုပြုနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်းတဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွား :: ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ် ပေါ်ဆန်းမွှေးလမ်းရှိ အမှတ်ဝ၂၈ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် တနင်္လာနေ့မွန်းတည့် ၁၂ နာရီခန့်က ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝိုင်းအုံကြည့်ရှု့နေသော လူအုပ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပေါက်ကွဲမီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်းတဦး ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဆိုင်းဘုတ်တင်ပွဲ :: ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဌာနချုပ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းတွင် သောကြာနေ့နံနက်က ပြုလုပ်ရာ ပါတီဥက္ကဌ ဦးသုဝေ (အလယ် တိုက်ပုံနှင့်)၊ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု (အင်္ကျီဗေဒါရောင်) တို့ကို ပါတီအဖွဲ့ဝင်များနှင့်တကွ တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရွေးကောက်ပွဲတွင် ပါတီ၏ အဓိက ပြိုင်ဘက်မှာ စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီနှင့် ယခင်အာဏာရှင်ဟောင်း ဦးနေဝင်းကို အမွေဆက်ခံထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ဖြစ်သည်ဟု ဦးသုဝေက တက်ရောက်လာသူများကို ပြောကြားသွားသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဆိုင်းဘုတ်တင်ပွဲ :: ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဗဟိုဌာနချုပ် ဆိုင်းဘုတ်တင်ပွဲကို အိမ်အမှတ် ၄၃၊ ၅၂ လမ်း၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တွင် သောကြာနေ့ ဇူလိုင် ၉  ရက်၊ ၂ဝ၁ဝ ခုနှစ် နံနက် ၉  နာရီက ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပါတီဥက္ကဌ ဦးသုဝေက ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အဓိက ပြိုင်ဖက်များမှာ စစ်အစိုးရ၏ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စစ်အစိုးရ၏ မဟာမိတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ဖြစ်သည်ဟု ပါတီဖွင့်ပွဲအခမ်းအနား တက်ရောက်လာသူများကို ပြောဆိုသည်။ လမ်းဘေးဈေးသည် :: စမ်းချောင်းမြို့နယ် ရှမ်းလမ်းရှိ ဗဟိုလမ်းမပေါ်ရှိ လူနေအထပ်မြင့် တိုက်တခု၏ လှေကားရင်းတွင် ဈေးရောင်းနေသော ကုန်စိမ်းသည် တဦးကို ကြာသာပတေးနေ့ ဇူလိုင်လ ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် တွေ့ရစဉ်။  ။ ဓာတ်ပုံ- မဇ္ဈိမ။   ။ ရန်ကုန်စည်ပင်သာယာ ၃၃ မြို့နယ်အတွင်းရှိ လမ်းမကြီးများနံဘေးတွင် လမ်းဘေးဈေးသည်များ မရောင်းရဟု ထုတ်ပြန်လိုက်ပြီးနောက် လမ်းဘေးဈေးသည်များ ကင်းရှင်းနေသည်။ ဒူးပေါ်လို့ တပတ်နား :: ကြာသာပတေးနေ့ အပတ်စဉ်ထုတ် Envoy အင်ဗွိုင်းဂျာနယ်တွင်ပါရှိသော သရုပ်ဆောင် ဆုရွှန်းလဲ့ပုံမှာ လုံခြုံစွာ ဝတ်စားထားခြင်း မရှိဟုဆိုပြီး ပြန်ကြာရေး ဝန်ကြီးဌာန စာပေစိစစ်ရေးက အပြစ်ပေးသော အနေဖြင့် လာမည့် သီတင်းပတ်ထုတ်ဝေတွင် ထုတ်ဝေခြင်းမပြုဘဲ ရပ်နားရရန် ညွှန်ကြားလိုက်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒုဥက္ကဌ ဦးတင်ဦး၊  ဦးဝင်းတင် :: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒုဥက္ကဌ ဦးတင်ဦး၊  ဦးဝင်းတင် (အင်္ကျီပြာဝတ်) နှင့်အဖွဲ့က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များနှင့် လိုက်လံတွေ့ဆုံအားပေးလျှက်ရှိရာ အင်္ဂါနေ့ ဇွန် ၆ ရက်၊ ၂ဝ၁ဝ ခုနှစ်က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ၏ နေအိမ်သို့ သွားရောက်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ယနေ့တွင် ထောင်ကျနေသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ၅ စုကို တွေ့ဆုံခဲ့သည်။ ပြည်သူ့ခေတ် ဂျာနယ် :: စာရေးဆရာ သံအမတ်ဟောင်း ဦးသက်ထွန်း (ဘယ်ဘက် တိုက်ပုံအင်္ကျီအဖြူ) ပြည်သူ့ခေတ်ဂျာနယ်ကို ဖတ်ရှုနေသည်ကို အင်္ဂါနေ့ ဇူလိုင် ၆ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံရေးအသားပေး ပြည်သူ့ခေတ်ဂျာနယ် စတင် ဖြန့်ချီရေး အခမ်းအနားကို ယနေ့တွင် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်အနီးရှိ M3 စားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။ ဈေးကွက်ရောင်းအား မတိုးဘဲ စာပေစိစစ်ရေး၏ ဆိုးရွားသော ဆင်ဆာဖြတ်တောက်မှုကို ကြုံနေရသော်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲအမှီ ဂျာနယ်သစ်များ ဝင်ရောက်နေဆဲ ဖြစ်သည်။ ပြည်သူ့ခေတ် ဂျာနယ် :: စာရေးဆရာ တက္ကသိုလ်တင်ခ (ဘယ်အစွန်)၊ မောင်ဝံသနှင့် ပါရဂူ (ညာအစွန်) တို့ ပြည်သူ့ခေတ်ဂျာနယ် စတင်ဖြန့်ချိသည့်  ဇူလိုင် ၆ ရက်၊ ၂ဝ၁ဝ ခုနှစ် (အင်္ဂါနေ့) က တွေ့ရစဉ် (ဓာတ်ပုံ - ညိမ်းသူ၊ မဇ္ဈိမ)။ နိုင်ငံရေးဦးစားပေး ပြည်သူ့ခေတ်၏ စတင်ဖြန့်ချိခြင်း အခမ်းအနားကို ရန်ကုန်မြို့ M3 စားသောက်ဆိုင်တွင် ယနေ့ ပြုလုပ်သည်။ ဆင်ဆာကြီးစိုးပြီး ဈေးကွက်တွင် ရောင်းအားတိုးခြင်း မရှိသော်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလတွင် ဂျာနယ်သစ်များ ထပ်မံ၍ ဝင်ရောက်ဆဲဖြစ်သည်။ ကဗျာဆရာ နန်းညွှန့်ဆွေကို ဂါရဝပြုတွေ့ဆုံနေစဉ် :: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဦးဝင်းတင်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို လိုက်လံအားပေးလျှက်ရှိရာ သောကြာနေ့က ရန်ကုန်မြို့ ရန်ကင်းရှိ နိုင်ငံကျော်ဟာသဝိဇ္ဇာ ဇာဂနာ၏ အိမ်တွင် ဇာဂနာ၏ဖခင်ဖြစ်သူ ကဗျာဆရာ နန်းညွှန့်ဆွေကို ဂါရဝပြုတွေ့ဆုံနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ၂ဝ၁ဝ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT)တွင် ဘန်နီဒစ် ရော်ဂျာက သူ၏ စာအုပ်သစ်ဖြစ်သည့် နာမည်ဆိုးနှင့် ကျော်ကြားသော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းကို ရေးသားထားသည့် အတ္ထုပ္ပတ္တိ စာအုပ် “မြန်မာ့အာဏာရှင် သန်းရွှေ၏ မျက်နှာဖုံးကို ခွာချခြင်း” (Than Shwe: Unmasking Burma’s Tyrant) မှ စာတချို့ကို ကောက်နုတ်၍ ဖတ်ပြနေစဉ်။   ။(ဓာတ်ပုံ ကိုယဉ်- မဇ္ဈိမ) ထိုစာအုပ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးသားထားသည့် ပထမဦးဆုံး အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား ဆက်ဆံရေး၊ ဗိုလ်ချုပ်မှူးကြီး၏ စိတ်ဓာတ်စစ်ဆင်ရေး ကျွမ်းကျင်မှု၊ ဗေဒင်ကို စွဲလမ်းယုံကြည်မှုနှင့် သူ၏ လက်ထက်တွင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ အကြောင်း ပါရှိသည်ဟု ဆိုသည်။ ရော်ဂျာက သန်းရွှေ၏ လူသာချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မီးမောင်းထိုးပြရန်နှင့် ကုလသမ္မဂ္ဂမှ ထိုရာဇဝတ်မှုများအား ကော်မရှင် တရပ် ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးလာစေရန်အတွက် တွန်းအားပေးရန် ရည်ရွယ်၍ စာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ လေဆိပ်အခွန် ၆ ဆတိုး :: ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်သော မြန်မာနိုင်ငံသားများကို လေဆိပ်အခွန် ကောက်ခံရာတွင် ယနေ့ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ယခင်ထက် ၆ ဆတိုး ကောက်ခံလိုက်သည်။ ယခင်က ကျပ် ၅၀၀ သာ ဖြစ်ပြီး၊ ယခုအခါ ကျပ် ၃၀၀၀ သို့ တိုးမြှင့်ကောက်ခံခြင်း ဖြစ်သည်။ နိုင်ငံခြားသားကိုမူ ယခင်ကအတိုင်း ၁၀ ဒေါ်လာ (ပြင်ပပေါက်ဈေး ကျပ် တသောင်း ၀န်းကျင်) သာ ဆက်လက်ကောက်ခံသည်။ (ဓာတ်ပုံ - မဇ္ဈိမ)



 
PEB1
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1595 guests online