စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > မားလ်တီမီဒီယာ > ဓါတ်ပုံ > မဇ္ဈိမ ၂၀၁၀ ခုနှစ် ဇွန်လ ဓါတ်ပုံများ

မဇ္ဈိမ ၂၀၁၀ ခုနှစ် ဇွန်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ကားနှင့် မော်ဒယ်တဦး :: ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယနေ့  နောက်ဆုံးပြသမည့် ကားပြပွဲမှ ပြသထားသော ကားနှင့် မော်ဒယ်တဦးကို တွေ့ရစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ Automobile and Living Products Show ပြပွဲကို ဇွန် ၂၆  ရက်မှစတင်ခဲ့ရာ သိန်း ၂၉၅ သိန်းတန် ၁၄ ယောက်စီး Multi-purpose Vehicle  (MPV) အမျိုးအစားကားများ လူကြိုက်များလျှက်ရှိပြီး  ပထမဆုံးနေ့မှာပင်  အစီးတရာကျော်  ရောင်းကုန်သွားသည်။ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယနေ့ နောက်ဆုံးပြသမည့် ကားပြပွဲမှ ပြသထားသော ကားနှင့် မော်ဒယ်တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ Automobile and Living Products Show ပြပွဲကို ဇွန် ၂၆ ရက်မှစတင်ခဲ့ရာ သိန်း ၂၉၅ သိန်းတန် ၁၄ ယောက်စီး Multi-purpose Vehicle (MPV) အမျိုးအစားကားများ လူကြိုက်များလျှက်ရှိပြီး  ပထမဆုံးနေ့မှာပင် အစီးတရာကျော် ရောင်းကုန်သွားသည်။ မော်ဒယ်လေးများ :: တပ်မတော်ပြခန်း ကားပြပွဲတွင် ဖျော်ဖြေနေသူ မော်ဒယ်များကို ဇွန် ၂၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ အမြဲတမ်းကိုယ်စားလှယ်ရုံး ဝန်ထမ်းတဦး :: အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် Burma Point အဖွဲ့သားများ  ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ရုံးဝင်ပေါက်တွင် ပန်းများနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာများ ဇွန် ၁၉  ရက်၊ ၂ဝ၁ဝ ခုနှစ်က ချိတ်ဆွဲကြရာ အလုပ်ကဒ်ကို အိတ်ကပ်ထဲဖွက်၍ ရန်တွေ့နေသော အမြဲတမ်းကိုယ်စားလှယ်ရုံး ဝန်ထမ်းတဦးကို တွေ့ရစဉ်။ မြန်မာ့ယဉ်ကျေးမှုအရ ရိုင်းပြလှစွာပင် သူက ဒေါ်အောင်ဆန်းစုကြည်ပုံကို တက်နင်းပြီး ပန်းများကို ကန်ကျောက်ပစ်ခဲ့သည်။ အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ Gary Lewis :: ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မူခင်းဆိုင်ရာရုံးမှ ထုတ်ဝေသော ၂ဝ၁ဝ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး အစီရင်ခံစာအကြောင်း အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ Gary Lewis က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များကလပ်တွင် ကြာသာပတေးနေ့က ပြောကြားနေစဉ်။ ဓာတ်ပုံ- ကိုယဉ် (မဇ္ဈိမ)။ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်နေသော မက်တာဖီတမင်း စိတ်ကြွဆေးပြား အများစုသည် အိမ်နီးချင်း မြန်မာနိုင်ငံထုတ်ဖြစ်သည်ဟု အစီရင်ခံစာက ရေးသားပြထားသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲကြောင့် ဇာတ်သဘင်များလည်း စီးပွားရေးထိခိုက် :: ရန်ကုန်မြို့လယ်တွင် ပြသနေသော ကမ္ဘာ့ဖလားဘောလုံးပွဲအား ကြည့်ရှုနေသူများကို ဇွန် ၂၁ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဘောလုံးပွဲကို လူအများအာရုံစိုက်နေသဖြင့် မြန်မာ့ရိုးရာ ဇာတ်သဘင်ကို အကြည့်နည်းသွားခြင်းကြောင့် ဇာတ်သဘင်များ ကမ္ဘာ့ဖလား ဘောလုံးကာလအတွင်း ရပ်နားထားရသဖြင့် ဇာတ်အဖွဲ့သား လူ နှစ်ထောင်ကို ထိခိုက်သွားရသည်။ ဧည့်သည်တဦး ပွေ့ချီထားသော မောင်ဇော်ဗလအောင် :: အရပ် ၂၅ လက်မရှိ မောင်ဇော်ဗလအောင် ( အသက် ၁ဝ နှစ်) ကို ရန်ကုန် ကရဝိတ်ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော ဧည့်သည်တဦးက အင်္ဂါနေ့ ဇွန် ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်က ပွေ့ချီထားစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကျောက်ပန်းတောင်းမြို့ ထန်းပေါက်ကုန်းကျေးရွာနေ အဘ ဦးဝင်းလွင်၊  အမိဒေါ်ခင်လှတို့မှ မောင်ဇော်ဗလအောင်ကို မတ်လ ၁ဝ ရက်၊ ၂ဝဝဝ ခုနှစ်က  မွေးဖွားခဲ့ရာ မိဘများက ကမ္ဘာ့ထူးခြားဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင်  ပါရှိအောင် ကြိုးပမ်းနေကြသည်။ သို့သော်လည်း ကံမကောင်းအကြောင်းမလှစွာပင်  နီပေါနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် အရပ် ၂၂ လက်မရှိ Khagendra Thapa Magar  နှင့် နှိုင်းယှဉ်လျှင် မောင်ဇော်ဗလအောင်မှာ သိပ်ငယ်လွန်းနေပြီး  အရပ်ရှည်လွန်းနေသည်။ ဂင်းနစ်မှတ်တမ်းဝင်ရန် အသက် ၁၈ ပြည့်ရန် လိုအပ်သည်။ မော်ဒယ်တဦး ပွေ့ချီထားသော မောင်ဇော်ဗလအောင် :: အရပ် ၂၅ လက်မရှိ အသက် ၁၀ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခ) ဗလကြီးကို အမျိုးသမီး မော်ဒယ်တဦးက ရန်ကုန်မြို့ ကရဝိတ်ခန်းမတွင် အင်္ဂါနေ့ ဇွန်  ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်က ပွေ့ချီထားစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  ကျောက်ပန်းတောင်းမြို့ ထန်းပေါက်ကုန်းကျေးရွာနေ အဘ ဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ မောင်ဇော်ဗလအောင်ကို မတ်လ ၁ဝ ရက်၊ ၂ဝဝဝ ခုနှစ်က မွေးဖွားခဲ့ရာ မိဘများက ကမ္ဘာ့ထူးခြားဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင် ပါရှိအောင် ကြိုးပမ်းနေကြသည်။ သို့သော်လည်း ကံမကောင်းအကြောင်းမလှစွာပင် နီပေါနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် အရပ် ၂၂ လက်မရှိ Khagendra Thapa Magar နှင့် နှိုင်းယှဉ်လျှင် မောင်ဇော်ဗလအောင်မှာ သိပ်ငယ်လွန်းနေပြီး အရပ်ရှည်လွန်းနေသည်။ ဂင်းနစ်မှတ်တမ်းဝင်ရန် အသက် ၁၈ ပြည့်ရန် လိုအပ်သည်။ အရပ် ၂၅ လက်မအရွယ်ရှိ မောင်ဇော်ဗလအောင် :: အရပ် ၂၅ လက်မရှိ အသက် ၁၀ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီးကို ရန်ကုန်မြို့ ကရဝိတ်ခန်းမတွင် အင်္ဂါနေ့ ဇွန် ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်က သတင်းထောက်များသို့ ပြသနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကျောက်ပန်းတောင်းမြို့ ထန်းပေါက်ကုန်းကျေးရွာနေ အဘ ဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ မောင်ဇော်ဗလအောင်ကို မတ်လ ၁၀ ရက်၊ ၂ဝ၀ဝ ခုနှစ်က မွေးဖွားခဲ့ရာ မိဘများက ကမ္ဘာ့ထူးခြားဆန်းကြယ်မှတ်တမ်း ဂရင်းနစ်တွင် ပါရှိအောင် ကြိုးပမ်းနေကြသည်။ ယာယီဈေးဆိုင်များ ဆောက်လုပ်နေသော လက်သမားတဦး :: မီးသင့်လောင်ခဲ့သော မုံရွာမြို့ ချင်းတွင်းရတနာဈေးသစ်မှ ဆိုင်ခန်းများအတွက် ယာယီဈေးဆိုင်များ ဆောက်လုပ်နေသော လက်သမားတဦးကို ဇွန်လ ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ညောင်တပင်လမ်းပေါ်တွင် ယခုလအစောပိုင်းက မီးလောင်ခဲ့သော ဆိုင်ခန်း ၄၀၆ ခန်းအတွက် နေရာချထားပေးမည် ဖြစ်သည်။ ပုဂံမြို့ ဘုရားတဆူတွင် ဝတ်ပြုနေသူတဦး :: ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဟူသော ရှပ်အင်္ကျီဝတ်ဆင်၍ ပုဂံမြို့ ဘုရားတဆူတွင် ဝတ်ပြုနေသူတဦးကို ဇွန် ၁၉  ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ အတိုက်အခံခေါင်းဆောင်ကို လွှတ်ပေးရေး တောင်းဆိုမှုများ ပြည်တွင်း ပြည်ပရှိ သူမကိုထောက်ခံသူများက ထပ်မံပြုလိုက်သလို အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း သူမကို လွှတ်ပေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုရန် ထပ်မံ တောင်းဆိုလိုက်သည်။ ဒေါ်စုမွေးနေ့ ငှက်ငယ်လွှတ် :: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ (ဇွန်လ ၁၉ ရက်၊ ၂၀၁၀) တွင် သူမ လွတ်မြောက်ရေးအတွက် ရည်စူးကာ မြန်မာ့သမိုင်းဝင် စေတီပုထိုးများ တည်ရှိရာ ပုဂံအရပ်တွင် ကိုယ်ရင်ငယ်တပါးက ငှက်ငယ်တကောင် လွှတ်နေစဉ်။ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ သံဃာတော်များနှင့် NLD ပါတီဝင်များက မွေးနေ့ဂုဏ်ပြု ကောင်းမှုကုသိုလ်များ၊ အခမ်းအနားများ ကျင်းပခဲ့ကြသည်။ ဒေါ်စုမွေးနေ့ လုံခြုံရေးတင်းကျပ် :: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ကျရောက်သော ယနေ့ (ဇွန်လ ၁၉ ရက်နေ့) တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ရဲလုံထိန်းကား ၆ စီး လုံခြုံရေးယူနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ ဆက်သွယ်ရေး ကိရိယာများ ပါရှိသည့် ရဲကားငယ်တစီး၏ တဖက်တချက်စီတွင် လက်နက်များ၊ ဒိုင်းများ အပြည့်အစုံ တပ်ဆင်ထားသော ရဲလုံထိန်းကား ၃ စီး ခြံရံထားရှိသည်။ မြန်မာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ကိတ်မု့န်ကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ကြာသာပတေးနေ့ ဇွန်လ ၁၀ ရက်၊ ၂၀၁၀ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာအတိုက်အခံ ” မဟာမိတ် ၁၀ ဖွဲ့” က ဇွန် ၁၉  ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံ၁၄ နိုင်တွင် ”ပြည်သူ့ရွေးကောက်ပွဲ” များပြုလုပ်ကာ ပြည်သူက အစစ်အမှန်ရွေးချယ်မှုကို ထင်ဟပ်စေခဲ့သည်။ တပ်ပေါင်းစုများပါဝင်သော ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် တိုင်းရင်းသားအခွင့်အရေးအတွက် ကြိုးပမ်းနေသော ” မဟာမိတ် ၁၀ ဖွဲ့” မှ ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပြုလုပ်သော သတင်းစာရှင်းပွဲတွင် ကြာသာပတေးနေ့ ဇွန် ၁၇ ရက်၊ ၂၀၁၀ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ” စစ်တပ်ရွေးချယ်ပွဲ” ဟု အတိုက်အခံများက လှောင်ပြောင်လိုက်ကြပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ တိုင်းပြည်ပြသနာများကို ပြေလည်သွားစေလိမ့်မည်ဟု ပြောဆိုသွားကြသည်။ ဓာတ်ဆီထဲ့နေသော မော်တော်ယာဉ်တစီး :: ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တခုတွင် ဓာတ်ဆီထဲ့နေသော မော်တော်ယာဉ်တစီးကို ကြာသာပတေးနေ့ ဇွန်လ ၁၇ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဓာတ်ဆီရောင်းချခြင်းကို မော်တော်ယာဉ် တစီးလျှင် တနေ့လျှင် အမြင့်ဆုံး ၁၂ ဂါလံသာ ရောင်းချရန် ကန့်သတ်လိုက်သည်။ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် :: ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တခုတွင် ဓာတ်ဆီဝယ်ယူရန် စောင့်ဆိုင်းနေသော မော်တော်ယာဉ်တစီးကို ကြာသာပတေးနေ့ ဇွန် ၁၇ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဓာတ်ဆီတဂါလံလျှင် ကျပ် ၂၅ဝဝ ဖြင့် လိုသလောက် ရောင်းချပေးပြီး နှစ်ရက်အကြာမှာပင် တနေ့လျှင် မော်တော်ယာဉ်တစီးလျှင် ၁၂ ဂါလံ အမြင့်ဆုံးနှုန်းဖြင့် တကြိမ်သာ ရောင်းချပေးတော့သည်။ ရေကြီးနေသော ရခိုင်ပြည်နယ် :: ရေကြီးနေသော ရခိုင်ပြည်နယ် မောင်တောမြို့  ၃ ရပ်ကွက်တွင် ရေပြင်ထဲ ဖြတ်သန်း သွားလာနေသူများကို အင်္ဂါနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းချမ်း- မဇ္ဈိမ။ ယမန်နေ့နံနက် ၁ဝ နာရီစတင်၍ ၁၂ နာရီကြာ မိုးကြောင့် ရေကြီးနေရာ အိမ်ထောင်စု ၁၀၀ ကို ရေဘေးလွတ်ရာ အထက်တန်းကျောင်းအမှတ် ၁ သို့ ရွှေ့ပြောင်းထားရသည်။ ရေကြီးနေသောလမ်းပေါ် ဖြတ်သန်းသွားနေသူ အချို့ :: ရခိုင်ပြည်နယ် မောင်တောမြို့ ဆေးရုံအနီးတွင် ရေကြီးနေသောလမ်းပေါ် ဖြတ်သန်းသွားနေသူ အချို့ကို အင်္ဂါနေ့  ဇွန် ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ် ညနေက တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းချမ်း- မဇ္ဈိမ။ ယမန်နေ့နံနက် ၁၀ နာရီခန့်မှသည် ၁၂ နာရီခန့်ကြာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ကွက် ၄ ခုတွင်ရေလွှမ်းမိုးနေပြီး မိသားစု ၁၀၀ ကျော်ကို ရေဘေးလွတ်ရာ အထက်တန်းကျောင်းအမှတ် ၁ သို့ ခေတ္တပြောင်းရွှေ့ထားရသည်။ ရပ်ကွက် ၄ ခုတွင်ရေလွှမ်းမိုးနေ :: ရခိုင်ပြည်နယ် မောင်တောမြို့ ၄ မိုင်ရပ်ကွက် အနီးတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းရာက ရေပြင်ကြီး ဖြစ်နေသည်ကို အင်္ဂါနေ့  ဇွန် ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ် ညနေ ၅ နာရီအချိန်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းချမ်း- မဇ္ဈိမ။ ယမန်နေ့နံနက် ၁ဝ နာရီခန့်မှသည် ၁၂ နာရီခန့်ကြာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရပ်ကွက် ၄ ခုတွင်ရေလွှမ်းမိုးနေပြီး မိသားစု ၁ဝဝ ကျော်ကို ရေဘေးလွတ်ရာ အထက်တန်းကျောင်းအမှတ် ၁ သို့ ခေတ္တပြောင်းရွှေ့ထားရသည်။ ပြည်ထောင်စုဒီမိုကရေစီပါတီရုံးချုပ် :: အမှတ် ၂၃၄ ကျိုက္ကဆံလမ်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ပြည်ထောင်စုဒီမိုကရေစီပါတီရုံးချုပ်တွင် ဆိုင်းဘုတ်တင်ထားသည်ကို ဇွန် ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ယမန်နေ့ကအထိ နိုင်ငံရေးပါတီတည်ထောင်ခွင်နှင့် ဆက်လက်တည်ထောင်ခွင့်လျှောက်ထားသော ပါတီ ၄၂ ပါတီရှိသွားပြီဖြစ်ကာ ၃၂ ပါတီကို မှတ်ပုံတင်ခွင့်ပြုပြီးကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ် :: တောင်ဥက္ကလာပမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်လူငယ် ၃ ဦးကို သူတို့ စိုက်ပျိုးထားသောအပင်ရှေ့တွင် တနင်္လာနေ့ ဇွန် ၁၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နေအိမ်ချုပ်ကျခံနေရသော ပါတီခေါင်းဆောင်၏ ဇွန် ၁၉  ရက်နေ့တွင် ကျရောက်မည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း သစ်ပင် နှစ်သောင်းကျော်ကို အန်အယ်ဒီလူငယ်များက စိုက်ပျိုးနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ် :: တောင်ဥက္ကလာပမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက မြင်သာဝိပသာနာကျောင်းတွင် ခရေပင် စိုက်ပျိုးမှု တနလာင်္နေ့ ဇွန်လ ၁၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဇွန် ၁၉  ရက်နေ့တွင် ကျရောက်မည့် အချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အထိမ်းအမှတ်အဖြစ် ခရေပင်၊ ကံ့ကော်၊ ဗန်ဒါပင် စသော အရိပ်ရနှစ်ရှည်ပင်ပေါင်း နှစ်သောင်းကျော်ကို အန်အယ်ဒီလူငယ်များက နိုင်ငံအဝှမ်း စိုက်ပျိုးသွားမှာဖြစ်သည်။ စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေသူများ :: စက်သုံးဆီဝယ်ယူရန် စုပြုံစောင့်ဆိုင်းနေကြသူများကို မုံရွာမြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တခုရှေ့တွင် တနင်္ဂနွေနေ့ ဇွန်လ ၁၃ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ စက်သုံးဆီ ရောင်းချခြင်းလုပ်ငန်းကို နိုင်ငံတဝှမ်းတွင် ပုဂ္ဂလိကလက်သို့ လွှဲအပ်လိုက်ပြီးနောက် စက်သုံးဆီဈေး အရှင်ဖြစ်သွားရာ မုံရွာတွင် ယမန်နေ့က ပေါက်ဈေးမှာ ဒီဇယ်ဆီ တဂါလံလျှင် ၃၂ဝဝ ကျပ်၊ ဓာတ်ဆီ တဂါလံလျှင် ၂၅ဝဝ ကျပ်ဈေးဖြစ်သည်။ စက်သုံးဆီအရောင်းဆိုင် ဆိုင်းဘုတ်အသစ် :: ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်သစ် တခုအတွက် ဆိုင်းဘုတ်ကို လုပ်သားများက တည်ဆောက်မှု ပြုနေကြသည်ကို သောကြာနေ့ ဇွန် ၁၁ ရက်၊ ၂၀၁၀ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စက်သုံးဆီ ရောင်းချ ဖြန့်ဖြူးမှုကို နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်အဖြစ်သို့ လွှဲပြောင်းမှုများ စတင်ခဲ့ပြီးနောက် ပုဂ္ဂလိကဆိုင်များတွင် နေ့စဉ် ဈေးနှုန်းအရှင်ဖြင့် ရောင်းချလျှက် ရှိသည်။ ပြန်လည်ပြုပြင်မည့် ဓနုတ်ဘုရားပျက် :: ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်ဘုရားပျက်ကို လာရောက်ဖူးမြှော်ကြသော ဘုရားဖူးအချို့ကို ဇွန် ၁ဝ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ထီးတော်တင်အပြီး ရက်သတ္တပတ် ၃ ပတ်အတွင်းဖြစ်သော မေ ၃၀ ရက်၊ ၂၀၀၉  ခုနှစ်က ပြိုကျခဲ့သည့် ရှေးဟောင်းဘုရားကို လာမည့် အောက်တိုဘာလအတွင်း ဒုတိယအကြိမ် ပြန်လည် တည်ဆောက်ခြင်းအတွက် အေးရှားဝေါလ် ကုမ္ပဏီက တာဝန်ယူမည် ဖြစ်သည်။ မင်္ဂလာဈေးအတွက် ယာယီဆိုင်ခန်း :: မီးလောင်ခဲ့သော မင်္ဂလာဈေးအတွက် ယာယီနေရာချထားပေးမည့် သစ်သားဆိုင်ခန်းများကို တည်ဆောက်နေသော လက်သမားများကို ဗုဒ္ဓဟူးနေ့ ဇွန်လ ၉  ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မင်္ဂလာဈေးနှင့်ကပ်လျှက် မင်္ဂလာမွန်ဈေး အနောက်ဘက်မြေကွက်လပ်တွင် ၅ ပေပတ်လည်အကျယ်ရှိ ဆိုင်ခန်း ၂ဝဝ ကျော် တည်ဆောက်လျှက်ရှိသည်။ မုံရွာမြို့ ကုန်စည်ပြပွဲ :: မုံရွာမြို့ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် မီးဖိုချောင်သုံး အိုးခွက်များ ရောင်းချနေသော ဈေးဆိုင်များနှင့် ဝယ်ယူရန် ကြည့်ရှု့နေသူများကို ဗုဒ္ဓဟူးနေ့ ဇွန် ၉  ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံခြားဖြစ် အဝတ်အထည်များ၊ ပြည်တွင်းဖြစ် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချသော ဈေးပွဲတော်ကို ဇွန် ၆ ရက်နေ့ကစတင်ပြီး ဇွန်လ ၁ဝ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်သည်။ ဒရယ်လူးကျေးရွာ ဓားပြတိုက်မှု :: ရန်ကုန်မြို့ ရဲချုပ်ရုံးတွင် သောကြာနေ့ ဇွန် ၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က ပြသထားသည့် ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာ ဓားပြတိုက်မှုတွင် ဓားပြများအသုံးပြုခဲ့သော သေနတ်များနှင့် ကျည်များကို စိတ်ဝင်တစား ကြည့်ရှု့နေသူတဦး။ ဓာတ်ပုံ- မဇ္ဈိမ။  လူ ၃ ဦးသေဆုံးခဲ့သော ဓားပြမှုကျူးလွန်သူ ၅ ဦးအနက် ၄ ဦးကို ရဲက ဖမ်းမိထားကြောင်း ရဲချုပ်ခင်ရီက ဖြေကြားသွားသည်။ ဒရယ်လူးကျေးရွာ ဓားပြတိုက်မှု :: ရန်ကုန်မြို့ ရဲချုပ်ရုံးတွင် သောကြာနေ့ ဇွန် ၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က ပြသထားသည့် ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာ ဓားပြတိုက်မှုတွင် ဓားပြများအသုံးပြုခဲ့သော သေနတ်များနှင့် ကျည်များ နောက်ဘက်တွင် သတင်းစာဆရာများ တက်ရောက်လာသူအချို့ စကားပြောနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  လူ ၃ ဦးသေဆုံးခဲ့သော ဓားပြမှုကျူးလွန်သူ ၅ ဦးအနက် ၄ ဦးကို ရဲက ဖမ်းမိထားကြောင်း ရဲချုပ်ခင်ရီက ဖြေကြားသွားသည်။ Rolls-Royce Phantom :: အမေရိကန် ဒေါ်လာ လေးသိန်းငါးသောင်းကျော် တန်ဖိုးရှိသည့် ရိုးလ်စ်ရွိုက်စ် ဖန်တမ် (Rolls-Royce Phantom) ကားတစီးကို စစ်အစိုးရနှင့် နီးစပ်သူ စီးပွါးရေး လုပ်ငန်းရှင်နှင့် လက်နက်ကုန်သည် တဦးဖြစ်သည့် ဦးတေဇ၏ ကားဂိုထောင်ထဲတွင် အခြား ဇိမ်ခံကားများနှင့် အတူ တွေ့ရစဉ်။ စစ်အစိုးရသည် မကြားသေခင်က ဦးတေဇအား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ချပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမ္မဂ္ဂနှင့် သြစတြေးလျ တို့မှ ဦးတေဇအား စစ်အစိုးရကို ငွေရေးကြေးရေးများ အထောက်အကူပေးနေသဖြင့် ပိတ်ဆို့အရေးယူသူ စာရင်းတွင် ထည့်သွင်းခဲ့သည်။ ဓာတ်ပုံ မဇ္ဈိမ သီရိမင်္ဂလာဈေး :: ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သားငါးနှင့် အသီးအရွက် လက္ကားရောင်းချသော ဈေးကြီးတခုဖြစ်သော သီရိမင်္ဂလာဈေးရှေ့တွင် အနှေးယာဉ် ဆိုက္ကားတစီးဖြတ်သန်းသွားသည်ကို အင်္ဂါနေ့ ဇွန် ၁ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လွန်ခဲ့သော ၁၂ နှစ်က တည်ဆောက်ခဲ့သော ဈေးကို လှိုင်မြို့နယ် ဘုရင့်နောင်လမ်း ပိတောက်ချောင်းအနီးရှိ နေရာလွတ်သို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။ သီရိမင်္ဂလာဈေးရှေ့ လိမ္မော်သီးဆိုင် :: ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးရှေ့တွင် ရောင်းချနေသော လိမ္မော်သီးဆိုင်များကို အင်္ဂါနေ့ ဇွန် ၁ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့သော ဈေးကို လှိုင်မြို့နယ် ဘုရင့်နောင်လမ်း ပိတောက်ချောင်းအနီးရှိ နေရာလွတ်သို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။



 
PEB1
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1589 guests online