စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > မားလ်တီမီဒီယာ > ဓါတ်ပုံ > မဇ္ဈိမ ၂၀၁၀ ခုနှစ် မေလ ဓါတ်ပုံများ

မဇ္ဈိမ ၂၀၁၀ ခုနှစ် မေလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ဆေးလိပ်သောက်သုံးမှု :: မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုနှုန်း ရှစ်တန်း ကိုးတန်း တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ၏ ၁ဝ.၂ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၇ ခုနှစ် စစ်တမ်းတွင် ၄.၉ ရာခိုင်နှုန်းကျဆင်းသွားသလို အသက် ၁၅ နှစ်အထက် အမျိုးသားများအတွင်း ဆေးလိပ်သောက်သုံးမှုနှုန်းသည် ၂ဝဝ၁ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၇ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းကျော်သာရှိတော့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်သော Global Youth Tobacco Survey အရ ဖော်ပြထားသည်။ မဟာဗန္ဓုလလမ်းပေါ်တွင် ရေကြီး :: ရန်ကုန်မြို့လယ် မဟာဗန္ဓုလလမ်းပေါ်တွင် ရေကြီးနေ၍ လေးလံစွာ ဖြတ်သန်းသွာလာနေရသော လူများနှင့် ကားများကို သောကြာနေ့ မေလ ၂၈ ရက်၊ ၂ဝ၁ဝ ခုနှစ် ညနေက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကမ္ဘာအေး မိုးလေဝသ တိုင်းတာရေးစခန်းက ယနေ့ညနေ ၃ နာရီခွဲတိုင်းတာချက်အရ မိုးလေချိန်မှာ ဝ.ဝ၈ လက်မသာရှိသော်လည်း ကားလမ်းပေါ်တွင် ရေတင်မှုများ မြို့လယ်တွင် ဖြစ်နေသည်။ ဆွစ်-အမေရိကန် ဖက်စပ်ကုမ္ပဏီ  Transocean :: ဆွစ်-အမေရိကန် ဖက်စပ်ကုမ္ပဏီ  Transocean သည် တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီ CNOCC နှင့် စင်္ကာပူတွင်မှတ်ပုံတင်ထားသော China Focus Development တို့နှင့်   မြန်မာ့ရေပြင်တွင် လွန်ခဲ့သော ဆောင်းဦးပေါက်က စတင်၍ အစမ်းတွင်း တူးဖော်မှု ပြုလုပ်နေသည်။ China Focus Development ကို စစ်အစိုးရ၏ လက်ရင်းလူယုံ စီးပွားရေးသမား မူးယစ်ဆေးဝါးမှရရှိသော ငွေများကို ငွေကြေးခဝါချသူအဖြစ် စွပ်စွဲခံရသူ စတီဖင်လော ခေါ် ဦးထွန်းမြင့်နိုင်က ပိုင်ဆိုင်သည်။ ရွေးကောက်ပွဲအောင်ပွဲ နှစ် ၂ဝ ပြည့်အထိမ်းအမှတ် :: ဖျက်သိမ်းခံလိုက်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်ပွဲ နှစ် ၂ဝ ပြည့်အထိမ်းအမှတ်ကို ပါတီဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ်တွင် ကြာသာပတေးနေ့ မေလ ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ်က ပြုလုပ်ရာ ပါတီဝင် ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ဂျန်တာမန်တားပန်းခြံရှေ့ စုရုံးဆန္ဒပြ :: အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဂျန်တာမန်တားပန်းခြံရှေ့ စုရုံးဆန္ဒပြနေသော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကို ကြာသပတေးနေ့ မေလ ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်သတ်ဖြင့် အောင်ပွဲခံခဲ့သော အနှစ် ၂ဝ မြောက်တွင် ပြုလုပ်သော အထိမ်းအမှတ် ဆန္ဒပြမှုတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် တိုင်းရင်းသားများပါဝင်သော တွေ့ဆုံဆွေးနွေးမှု စစ်အစိုးရက မလုပ်လျှင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချရန် အိန္ဒိယအစိုးရသို့ တောင်းဆိုကြသည်။ ပစ္စည်းများကို သယ်ယူရန် တန်စီစောင့်ဆိုင်းနေပုံ :: မီးလောင်ထားသော မင်္ဂလာဈေးမှ ပစ္စည်းများကို ဆိုင်ရှင်များအား သယ်ယူရွှေ့ပြောင်းခွင့် စတင်ပြုသောနေ့ဖြစ်သည့် ကြာသာပတေးနေ့ မေလ ၂၇ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် ပစ္စည်းသယ်ရန် တန်းစီစောင့်ဆိုင်းနေသော လူအုပ်ကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မေလ ၂၄ ရက်နံနက်မှသည် နာရီပေါင်း ၃၃ နာရီကြာ မီးလောင်မှုကြောင့် လူ ၄ ဦးဒဏ်ရရပြီး လက္ကားဖြန့်ဖြူးရာဈေးကြီးရှိ ဆိုင်ခန်းပေါင်း ၈၄၅ ခန်း မီးလောင်သွားပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ သန်း) နီးပါးရှိသည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ မင်္ဂလာဈေး အစည်းအဝေး :: မီးသင့်လောင်ခဲ့သော မင်္ဂလာဈေးမှ ဈေးသူဈေးသားများ ရန်ကုန်မြို့တော်စည်ပင်သာယာကဖိတ်ခေါ်သော အစည်းအဝေးသို့ တက်ရောက်ရန်  ဗုဒ္ဓဟူးနေ့ မေလ ၂၆ ရက်၊ ၂ဝ၁ဝ ခုနှစ်က တာမွေမြို့ အထက်တန်းကျောင်းအမှတ် ၁ တွင် စုရုံးရောက်ရှိနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ၁၅ မိနစ်ကြာ အစည်းအဝေးတွင် ဒုတိယမြို့တော်ဝန် ဦးပါက ယာယီဈေးအမြန်ဆုံးပြုလုပ်မည်ဟုသာ ပြောကြားသွားသည်။ ယခုတိုင် မီးခိုးများ ဖုံးလွှမ်းနေဆဲ :: အင်္ဂါနေ့ မွန်းလွဲ ၂ နာရီက ရိုက်ကူးသော မင်္ဂလာဈေးမီးလောင်မှုကို မီးသတ်သမားများက ရေပက်ငြိမ်းသတ်နေပုံ။ ဓာတ်ပုံ- မဇ္ဈိမ။ နာရီပေါင်းများစွာ လောင်ကျွမ်းခဲ့သော ရန်ကုန်မြို့ရှိ လက္ကားအရောင်းဌာနကြီး၏ စတုတ္တထပ်ရှိ ပေါက်ကွဲစေနိုင်သော ပစ္စည်း သုံးပုံနှစ်ပုံကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း မီးသတ်ဌာနကပြောသည်။ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂ဝ မိနစ်ကစတင်သော လောင်ကျွမ်းမှုကြောင့် ယခုတိုင် မီးခိုးများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ယခုတိုင် မီးခိုးများ ဖုံးလွှမ်းနေဆဲ :: အင်္ဂါနေ့ မွန်းလွဲ ၂ နာရီက ရိုက်ကူးသော မင်္ဂလာဈေးမီးလောင်မှုကို မီးသတ်သမားများက ရေပက်ငြိမ်းသတ်နေပုံ။ ဓာတ်ပုံ- မဇ္ဈိမ။ နာရီပေါင်းများစွာ လောင်ကျွမ်းခဲ့သော ရန်ကုန်မြို့ရှိ လက္ကားအရောင်းဌာနကြီး၏ စတုတ္တထပ်ရှိ ပေါက်ကွဲစေနိုင်သော ပစ္စည်း သုံးပုံနှစ်ပုံကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း မီးသတ်ဌာနကပြောသည်။ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂ဝ မိနစ်ကစတင်သော လောင်ကျွမ်းမှုကြောင့် ယခုတိုင် မီးခိုးများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ မေလ ၂၄ ရက် ညသန်းခေါင်အချိန်အထိ  မီးတောက်မီးလျံများဖြင့် အရှိန်ကောင်းနေဆဲ မင်္ဂလာဈေး မီးလောင်မှုမြင်ကွင်း။  (ဓါတ်ပုံ-မဇ္ဈိမ) တနင်္လာနေ့ နံနက် ၈ နာရီ ၂၀ မိနစ်က စတင်လောင်ကျွမ်းခဲ့သည့်  မီးကြောင့် မင်္ဂလာဈေး စတုတ္ထထပ်တခုလုံး ပျက်စီး ဆုံးရှုံးသွားခဲ့သည်။  ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ကားစီးရေ ၇ဝ နီးပါးအပြင် သန်လျှင်၊ လှည်းကူး၊  မှော်ဘီ၊ တိုက်ကြီး၊ ပဲခူးမြို့များမှ မီးသတ်ကားများ အားဖြည့်ပေးခဲ့ရသည်။  ရန်ကုန်တိုင်း ဗဟိုမီးသတ် တပ်ဖွဲ့မှ အကြီးတန်း အရာရှိတဦးက  ဈေးတွင်းလူသွားလမ်းများ ကျဉ်းမြောင်းလွန်းသည့် မင်္ဂလာဈေး၏ အဆောက်အဦ  ဖွဲ့စည်းပုံ အနေအထားကြောင့် မီးငြိမ်းသတ်ချိန် ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်ဟု  ပြစ်တင် ပြောဆိုလိုက်ပြီး ဈေးအတွင်းထားရှိသော အရေးပေါ်  မီးသတ်ရေဘုံပိုင်ခေါင်းများ လုံးဝ အသုံးပြုနိုင်ခဲ့ခြင်း မရှိဟု  သိရသည်။ မေလ ၂၄ ရက် ညသန်းခေါင်အချိန်အထိ  မီးတောက်မီးလျံများဖြင့် အရှိန်ကောင်းနေဆဲ မင်္ဂလာဈေး မီးလောင်မှုမြင်ကွင်း။  (ဓါတ်ပုံ-မဇ္ဈိမ) တနင်္လာနေ့ နံနက် ၈ နာရီ ၂၀ မိနစ်က စတင်လောင်ကျွမ်းခဲ့သည့်  မီးကြောင့် မင်္ဂလာဈေး စတုတ္ထထပ်တခုလုံး ပျက်စီး ဆုံးရှုံးသွားခဲ့သည်။  ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ကားစီးရေ ၇ဝ နီးပါးအပြင် သန်လျှင်၊ လှည်းကူး၊  မှော်ဘီ၊ တိုက်ကြီး၊ ပဲခူးမြို့များမှ မီးသတ်ကားများ အားဖြည့်ပေးခဲ့ရသည်။  ရန်ကုန်တိုင်း ဗဟိုမီးသတ် တပ်ဖွဲ့မှ အကြီးတန်း အရာရှိတဦးက  ဈေးတွင်းလူသွားလမ်းများ ကျဉ်းမြောင်းလွန်းသည့် မင်္ဂလာဈေး၏ အဆောက်အဦ  ဖွဲ့စည်းပုံ အနေအထားကြောင့် မီးငြိမ်းသတ်ချိန် ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်ဟု  ပြစ်တင် ပြောဆိုလိုက်ပြီး ဈေးအတွင်းထားရှိသော အရေးပေါ်  မီးသတ်ရေဘုံပိုင်ခေါင်းများ လုံးဝ အသုံးပြုနိုင်ခဲ့ခြင်း မရှိဟု  သိရသည်။ မေလ ၂၄ ရက် ညသန်းခေါင်အချိန်အထိ  မီးတောက်မီးလျံများဖြင့် အရှိန်ကောင်းနေဆဲ မင်္ဂလာဈေး မီးလောင်မှုမြင်ကွင်း။  (ဓါတ်ပုံ-မဇ္ဈိမ) တနင်္လာနေ့ နံနက် ၈ နာရီ ၂၀ မိနစ်က စတင်လောင်ကျွမ်းခဲ့သည့်  မီးကြောင့် မင်္ဂလာဈေး စတုတ္ထထပ်တခုလုံး ပျက်စီး ဆုံးရှုံးသွားခဲ့သည်။  ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ကားစီးရေ ၇ဝ နီးပါးအပြင် သန်လျှင်၊ လှည်းကူး၊  မှော်ဘီ၊ တိုက်ကြီး၊ ပဲခူးမြို့များမှ မီးသတ်ကားများ အားဖြည့်ပေးခဲ့ရသည်။  ရန်ကုန်တိုင်း ဗဟိုမီးသတ် တပ်ဖွဲ့မှ အကြီးတန်း အရာရှိတဦးက  ဈေးတွင်းလူသွားလမ်းများ ကျဉ်းမြောင်းလွန်းသည့် မင်္ဂလာဈေး၏ အဆောက်အဦ  ဖွဲ့စည်းပုံ အနေအထားကြောင့် မီးငြိမ်းသတ်ချိန် ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်ဟု  ပြစ်တင် ပြောဆိုလိုက်ပြီး ဈေးအတွင်းထားရှိသော အရေးပေါ်  မီးသတ်ရေဘုံပိုင်ခေါင်းများ လုံးဝ အသုံးပြုနိုင်ခဲ့ခြင်း မရှိဟု  သိရသည်။ မေလ ၂၄ ရက် ညသန်းခေါင်အချိန်အထိ မီးတောက်မီးလျံများဖြင့် အရှိန်ကောင်းနေဆဲ မင်္ဂလာဈေး မီးလောင်မှုမြင်ကွင်း။ (ဓါတ်ပုံ-မဇ္ဈိမ) တနင်္လာနေ့ နံနက် ၈ နာရီ ၂၀ မိနစ်က စတင်လောင်ကျွမ်းခဲ့သည့် မီးကြောင့် မင်္ဂလာဈေး စတုတ္ထထပ်တခုလုံး ပျက်စီး ဆုံးရှုံးသွားခဲ့သည်။ ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ကားစီးရေ ၇ဝ နီးပါးအပြင် သန်လျှင်၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ပဲခူးမြို့များမှ မီးသတ်ကားများ အားဖြည့်ပေးခဲ့ရသည်။ ရန်ကုန်တိုင်း ဗဟိုမီးသတ် တပ်ဖွဲ့မှ အကြီးတန်း အရာရှိတဦးက ဈေးတွင်းလူသွားလမ်းများ ကျဉ်းမြောင်းလွန်းသည့် မင်္ဂလာဈေး၏ အဆောက်အဦ ဖွဲ့စည်းပုံ အနေအထားကြောင့် မီးငြိမ်းသတ်ချိန် ကြာမြင့်ခဲ့ရခြင်း ဖြစ်သည်ဟု ပြစ်တင် ပြောဆိုလိုက်ပြီး ဈေးအတွင်းထားရှိသော အရေးပေါ် မီးသတ်ရေဘုံပိုင်ခေါင်းများ လုံးဝ အသုံးပြုနိုင်ခဲ့ခြင်း မရှိဟု သိရသည်။ မြန်မာစံတော်ချိန် ည ၉ နာရီက ရိုက်ကူးထားသော မင်္ဂလာဈေးမီးကို လှေကားဖြင့် ငြိမ်းသတ်နေသော မီးသတ်သမား တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နံနက် ၈ နာရီ ၂၀ မိနစ်ကတည်းက ရန်ကုန်မြို့၏ လက်ကားဈေးကြီးတွင် လောင်ကျွမ်းသော မီးသည် ည ၉ နာရီခွဲအထိ လောင်နေဆဲ ဖြစ်သည်။ မီးသတ်ကား ၆၅ စီးဖြင့် ငြိမ်းသတ်နေပြီး ပဲခူးမြို့မှ မီးသတ်ကားများပင် လာရောက် ငြိမ်းနေရသည်။ မင်္ဂလာဈေး မီးလောင်နေစဉ် ပိတ်မိနေသူအချို့ကို မီးသတ်သမားများက ကယ်ဆယ်နေသည်ကို တနင်္လာနေ့ မွန်းတည့်ချိန်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ မင်္ဂလာဈေးတွင်   မီးလောင်ကျွမ်းမှု တနင်္လာနေ့ နံနက်က ဖြစ်ပွားနေသည်ကို အဝေးမှမြင်ရစဉ်။   ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ မင်္ဂလာဈေးတွင်   မီးလောင်ကျွမ်းမှု တနင်္လာနေ့ နံနက်က ဖြစ်ပွားနေသည်ကို အဝေးမှမြင်ရစဉ်။   ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ မင်္ဂလာဈေးတွင် တနင်္လာနေ့က မီးလောင်မှု ဖြစ်ပွားနေရာ မီးသတ်သမားများက ငြိမ်းသတ်ရန် ကြိုးစားနေသည်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ။ စတင် လောင်ကျွမ်းချိန်မှ ၃ နာရီကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း မီးငြိမ်းမှု မရှိသေးသည်ကို တွေ့ရသည်။ ရန်ကုန်မြို့ မင်္ဂလာဈေးတွင်  မီးလောင်ကျွမ်းမှု တနင်္လာနေ့ နံနက်က ဖြစ်ပွားနေသည်ကို အဝေးမှမြင်ရစဉ်။  ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ မင်္ဂလာဈေးတွင် မီးလောင်ကျွမ်းမှု တနင်္လာနေ့ နံနက်က ဖြစ်ပွားနေသည်ကို အဝေးမှမြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ မင်္ဂလာဈေး အပေါ်ဆုံးထပ်တွင်  တင်္နလာနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားရာ ကြည့်ရှုနေသူ ရာပေါင်းများစွာသော  လူအုပ်ကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဆေးဝါးနှင့် ပရိဘောဂ ပစ္စည်းများ  ရောင်းချရာ အထပ်တွင် နံနက် ၈ နာရီ ၂၀ ခန့်က စတင် လောင်ကျွမ်းသည်ဟု  ယုံကြည်ရသည်။ ရန်ကုန်မြို့ မင်္ဂလာဈေး အပေါ်ဆုံးထပ်တွင် တင်္နလာနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားရာ ကြည့်ရှုနေသူ ရာပေါင်းများစွာသော လူအုပ်ကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဆေးဝါးနှင့် ပရိဘောဂ ပစ္စည်းများ ရောင်းချရာ အထပ်တွင် နံနက် ၈ နာရီ ၂၀ ခန့်က စတင် လောင်ကျွမ်းသည်ဟု ယုံကြည်ရသည်။ သစ်လုံးများပြုတ်ကျ :: ရန်ကုန်မြို့ ဒေါပုံမြို့နယ်တွင် သစ်လုံးတင်ကားပေါ်မှ ပြုတ်ကျလာသော သစ်လုံးများ ပိသွားသောကားများကို ဖယ်ရှားရန် ကြိုးစားနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ယနေ့နံနက် ၁၁ နာရီခန့်က မဟာဗန္ဓုလတံတားအဆင်းတွင် သစ်တင်ကားပေါ်မှ သစ်လုံးများ ပြုတ်ကျ၍ ပိသောကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးသွားသည်။ သစ်လုံးများပြုတ်ကျ :: ရန်ကုန်မြို့ ဒေါပုံမြို့နယ် မဟာဗန္ဓုလတံတား အဆင်းတွင် သစ်လုံးတင်ကားပေါ်မှ သစ်များ ယနေ့နံနက် ၁၁ နာရီခန့် က ပြုတ်ကျမှုဖြစ်ပွား၍ အနီးနားရှိ ကားများပေါ်သို့ သစ်လုံးများပိမှုဖြစ်ပွားကာ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ ပိတောက် :: ပိတောက်ပန်းများကို ရောင်းချနေသော ဈေးသည်များကို ရန်ကုန်မြို့ ရှမ်းလမ်းဈေးတွင် ကြာသာပတေးနေ့ နံနက်စောစောက တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးအနည်းငယ်ရွာသွန်းလာပြီဖြစ်သဖြင့် ပိတောက်ပန်းများ ပွင့်လာမှုနှင့်အတူ ရန်ကုန်မြို့၏ အပူချိန်မှာလည်း ကျဆင်းသွား၍ ဒေသခံများ ဝမ်းမြောက်နေကြသည်။ ပိတောက် :: ပိတောက်ပွင့်များကို ဝယ်ယူလာသူ အမျိုးသမီးငယ်တဦးကို ရန်ကုန်မြို့၌ ကြာသာပတေးနေ့ မေလ ၂ဝ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပုံမှန်အားဖြင့် ဧပြီလအတွင်း ပိတောက်ပန်းများ ပွင့်လေ့ရှိသော်လည်း ယခုနှစ်တွင် မိုးနောက်ကျသဖြင့် သင်္ကြန်တွင်း ပိတောက်များကို မတွေ့ရသူများအဖို့ ယနေ့နံနက်မှပင် အားပါးတရ တွေ့မြင်ရတော့သည်။ ဒလရေရှားပါး :: ရေရှားပါးမှုဖြစ်ပွားနေသော ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်တွင် ပုဂ္ဂလိကရေအလှူရှင်များ ပေးဝေလိုက်သော ရေတထမ်းရလာသော လူငယ်တဦးကို မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မိုးရေလှောင်ကန်ကိုသာ အားထားနေခဲ့ရသော လူဦးရေ ၁ သောင်းကျော်ရှိ ဒလမြို့နယ်တွင် ရေကန်အများစု ခန်းခြောက်သွားသောကြောင့်အလှူရှင်များ၏ ရေကိုသာ အားကိုးနေရသည်။ ဒလရေရှားပါး :: ရေရှားပါးမှုဖြစ်ပွားနေသော ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်တွင် ပုဂ္ဂလိကရေအလှူရှင်များ ပေးဝေလိုက်သော ရေတထမ်းရလာသော လူငယ်တဦးကို မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မိုးရေလှောင်ကန်ကိုသာ အားထားနေခဲ့ရသော လူဦးရေ ၁ သောင်းကျော်ရှိ ဒလမြို့နယ်တွင် ရေကန်အများစု ခန်းခြောက်သွားသောကြောင့်အလှူရှင်များ၏ ရေကိုသာ အားကိုးနေရသည်။ ဒလရေရှားပါး :: ရေရှားပါးမှုဖြစ်ပွားနေသော ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်တွင် ပုဂ္ဂလိကရေအလှူရှင်များ ပေးဝေလိုက်သော ရေတထမ်းရလာသော လူငယ်တဦးကို မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မိုးရေလှောင်ကန်ကိုသာ အားထားနေခဲ့ရသော လူဦးရေ ၁ သောင်းကျော်ရှိ ဒလမြို့နယ်တွင် ရေကန်အများစု ခန်းခြောက်သွားသောကြောင့်အလှူရှင်များ၏ ရေကိုသာ အားကိုးနေရသည်။ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေရှားပါးခြင်း ပြဿနာ :: မုံရွာမြို့ လမ်းမကြီးပေါ်တွင် တနင်္ဂနွေနေ့  မေလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ် ညနေ လေးနာရီခန့်က လေပြင်း တိုက်ခတ်၍ လဲကျနေသော  သစ်ပင်ကြီးအောက်မှ ဖြတ်သန်း သွားလာနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  လေပြင်းကာ မိုးသည်းထွန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်  ဓာတ်အားပေးတိုင်များပါ လဲပြိုမှုဖြစ်ပြီး နေအိမ်အချို့ ပျက်စီးသွားသည်။  မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် သောက်သုံးရေ  ရှားပါးမှု ဖြစ်ပေါ်နေချိန် အထက်ပိုင်း နေရာအချို့တွင် လေပြင်း  တိုက်ခတ်မှုများ  ဖြစ်နေပွားခဲ့သည်။ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေရှားပါးခြင်း ပြဿနာ :: မုံရွာမြို့ လမ်းမကြီးပေါ်တွင် တနင်္ဂနွေနေ့  မေလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ် ညနေ လေးနာရီခန့်က လေပြင်း တိုက်ခတ်၍ လဲကျနေသော  သစ်ပင်ကြီးအောက်မှ ဖြတ်သန်း သွားလာနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  လေပြင်းကာ မိုးသည်းထွန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်  ဓာတ်အားပေးတိုင်များပါ လဲပြိုမှုဖြစ်ပြီး နေအိမ်အချို့ ပျက်စီးသွားသည်။  မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် သောက်သုံးရေ  ရှားပါးမှု ဖြစ်ပေါ်နေချိန် အထက်ပိုင်း နေရာအချို့တွင် လေပြင်း  တိုက်ခတ်မှုများ  ဖြစ်နေပွားခဲ့သည်။ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေရှားပါးခြင်း ပြဿနာ :: မုံရွာမြို့ လမ်းမကြီးပေါ်တွင် တနင်္ဂနွေနေ့  မေလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ် ညနေ လေးနာရီခန့်က လေပြင်း တိုက်ခတ်၍ လဲကျနေသော  သစ်ပင်ကြီးအောက်မှ ဖြတ်သန်း သွားလာနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  လေပြင်းကာ မိုးသည်းထွန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်  ဓာတ်အားပေးတိုင်များပါ လဲပြိုမှုဖြစ်ပြီး နေအိမ်အချို့ ပျက်စီးသွားသည်။  မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် သောက်သုံးရေ  ရှားပါးမှု ဖြစ်ပေါ်နေချိန် အထက်ပိုင်း နေရာအချို့တွင် လေပြင်း  တိုက်ခတ်မှုများ  ဖြစ်နေပွားခဲ့သည်။ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေရှားပါးခြင်း ပြဿနာ :: မုံရွာမြို့ လမ်းမကြီးပေါ်တွင် တနင်္ဂနွေနေ့ မေလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ် ညနေ လေးနာရီခန့်က လေပြင်း တိုက်ခတ်၍ လဲကျနေသော သစ်ပင်ကြီးအောက်မှ ဖြတ်သန်း သွားလာနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လေပြင်းကာ မိုးသည်းထွန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ် ဓာတ်အားပေးတိုင်များပါ လဲပြိုမှုဖြစ်ပြီး နေအိမ်အချို့ ပျက်စီးသွားသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေချိန် အထက်ပိုင်း နေရာအချို့တွင် လေပြင်း တိုက်ခတ်မှုများ ဖြစ်နေပွားခဲ့သည်။ ရေရရှိရေးအတွက် :: ရာပေါင်းများစွာသော လူအုပ်စုကြီးက ရေရရန် တန်းစီနေကြသည်ကို ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်၌ သောကြာနေ့ မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့ရှိ ရပ်ကွက်ပေါင်း ၂၃ ခုတွင် နေထိုင်သူလူထုအားလုံး သောက်သုံးရေရှားပါးမှုပြဿနာနှင့် ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရသည်။ ရေရရှိရေးအတွက် :: ရာပေါင်းများစွာသော လူအုပ်စုကြီးက ရေရရန် တန်းစီနေကြသည်ကို ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်၌ သောကြာနေ့ မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့ရှိ ရပ်ကွက်ပေါင်း ၂၃ ခုတွင် နေထိုင်သူလူထုအားလုံး သောက်သုံးရေရှားပါးမှုပြဿနာနှင့် ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရသည်။ သောက်သုံးရေကန်များ ခန်းခြောက် :: ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်အနီး ကျီစုရွာအရှေ့ပိုင်းရှိ သောက်သုံးရေကန် ခန်းခြောက်နေသည်ကို မေလ ၁၄ ရက်နေ့တွင် တွေ့ရသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ယင်းရပ်ကွက်တွင် အိမ်ထောင်စု ၅၀ ကျော် ရှိပြီး အများစုမှာ လယ်ယာလုပ်ကိုင်သူနှင့် ငါးရှာသူ၊ လက်လုပ်လက်စားများ ဖြစ်သည်။ ရေအလှူရှင် မရှိသဖြင့် အခက်တွေ့နေကြသည်။ အပူရှိန်မြင့်ကာ မိုးမရွာသဖြင့် ဒဂုံဆိပ်ကမ်း ကျေးရွာများရှိ သောက်သုံးရေကန်များ ခန်းခြောက်နေကြသည်။ သောက်သုံးရေကန်များ ခန်းခြောက် :: ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်အနီး ကျီစုရွာအရှေ့ပိုင်းရှိ သောက်သုံးရေကန် ခန်းခြောက်နေသည်ကို မေလ ၁၄ ရက်နေ့တွင် တွေ့ရသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ယင်းရပ်ကွက်တွင် အိမ်ထောင်စု ၅၀ ကျော် ရှိပြီး အများစုမှာ လယ်ယာလုပ်ကိုင်သူနှင့် ငါးရှာသူ၊ လက်လုပ်လက်စားများ ဖြစ်သည်။ ရေအလှူရှင် မရှိသဖြင့် အခက်တွေ့နေကြသည်။ အပူရှိန်မြင့်ကာ မိုးမရွာသဖြင့် ဒဂုံဆိပ်ကမ်း ကျေးရွာများရှိ သောက်သုံးရေကန်များ ခန်းခြောက်နေကြသည်။ သောက်သုံးရေ ရှားပါးမှု :: ရေပေးဝေနေရာတွင် စောင့်ဆိုင်းနေကြသော ဒါဇင်ပေါင်းများစွာသော လူအုပ်စုကို ပဲခူးတိုင်း ဝေါမြို့နယ် နောင်ပတ္တရာ ရွာမြို့တွင် မေလ ၁၃ ရက်နေ့က တွေရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပဲခူးတိုင်းတခုတည်းတွင်ပင် လူ ၇ သောင်းကျော် ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ဝမ်းပျက် ဝမ်းလျှောရောဂါများလည်း ကူးစက်မှု ရှိနေသည်။ အနည်းဆုံး တိုင်းနှင့် ပြည်နယ် ၃ ခုတွင် ရေရှားမှုဒဏ်ကြုံနေရသော်လည်း အာဏာပိုင်များက ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိ၍ မနိုင်မနင်း ဖြစ်နေရကြောင်း ရေပေးဝေရေး ကူညီလုပ်ဆောင်နေသော လူမှုအကျိုးဆောင်များက ပြစ်တင်ဝေဖန်ကြသည်။ သောက်သုံးရေ ရှားပါးမှု :: ရန်ကုန်မြို့ တဖက်ကမ်း ဒလမြို့နယ်တွင် သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေကြရာ ပုဂ္ဂလိက အလှူရှင်များ၏ ရေပေးဝေနေသော ကားတစီးကို မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ အနည်းဆုံး ပြည်နယ်နှင့်တိုင်း ၃ ခုတွင် ရေပြတ်တောက်မှု ကြီးမားနေသော်လည်း အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိဟု အကူအညီပေးနေသော လူမှုအဖွဲ့အစည်းများက အပြစ်တင်ကြသည်။ အင်းလေးကန် ရေခန်းခြောက် :: ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားရာ နေရာတခုဖြစ်သော ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ အင်းလေးကန်တွင် ရေခန်းခြောက်နေသည်ကို ကြာသာပတေးနေ့ မေလ ၁၃ ရက်၊ ၂၀၁၀ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ အပူချိန် လွန်ကဲမှုကြောင့် မကြုံစဖူးထူးကဲလှစွာ ရေခန်းခြောက်မှုနှင့် သောက်သုံးရေရှားပါးမှုကို အနည်းဆုံး အခြားသော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း ရင်ဆိုင်နေရသည်။ တောင်ကြီး ကုန်စည်ပြပွဲ :: တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ၅ ရက်ကြာပြသမည့် အီလက်ထရောနစ်နှင့် လူသုံးကုန်ပစ္စည်းများပြပွဲကို ယနေ့ မေလ ၁၂ ရက်၊ ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်လိုက်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရှမ်းပြည်နယ် မြို့တော်က ကုန်စည်ပြပွဲသို့ ပရိတ်သတ် လာရောက်ကြည့်ရှု့မှု နည်းပါးသည်။ တောင်ကြီး ကုန်စည်ပြပွဲ :: တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ၅ ရက်ကြာပြသမည့် အီလက်ထရောနစ်နှင့် လူသုံးကုန်ပစ္စည်းများပြပွဲကို ယနေ့ မေလ ၁၂ ရက်၊ ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်လိုက်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရှမ်းပြည်နယ် မြို့တော်က ကုန်စည်ပြပွဲသို့ ပရိတ်သတ် လာရောက်ကြည့်ရှု့မှု နည်းပါးသည်။ သောက်သုံးရေ ရှားပါး :: ဒလမြို့ရှိ ရေလုံးဝခမ်းခြောက်သွားပြီဖြစ်သော သောက်သုံးရေကန် တကန်ကို အင်္ဂါနေ့ မေ ၁ဝ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မိုးရွာသွန်းမှုမရှိခြင်းနှင့် အပူချိန်မြင့်တက်မှုကြောင့် ရန်ုကုန်တဖက်ကမ်း ဒလမြို့နယ်ရှိ သောက်သုံးရေကန်များ ခြောက်ခမ်းမှုများဖြစ်နေသော်လည်း အာဏာပိုင်များက လစ်လှူရှုထားသည်ဟု ဒေသခံများက ဝေဖန်ကြသည်။ အမေရိကန်အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (ညာအစွန်) နှင့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရဧည့်ဂေဟာတွင် ယနေ့ တွေ့ဆုံဆွေးနွေးကြသည်။  စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအပေါ် စိတ်မသက်မသာဖြစ်ရကြောင်း အမေရိကန် သံတမန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ သူမ၏ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင် ပြောခဲ့သည်။ အမေရိကန်အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (ညာအစွန်) နှင့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရဧည့်ဂေဟာတွင် ယနေ့ တွေ့ဆုံဆွေးနွေးကြသည်။  စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအပေါ် စိတ်မသက်မသာဖြစ်ရကြောင်း အမေရိကန် သံတမန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ သူမ၏ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင် ပြောခဲ့သည်။ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး :: အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် သတင်းယူခွင့် တားမြစ်ခံရသော ပြည်တွင်း၊ ပြည်ပစာနယ်ဇင်းသမားများကို ရန်ကုန်မြို့ စိမ်းလဲ့ကန်သာဂေဟာဝင်ပေါက်ရှေ့၌ ယနေ့မွန်းလွဲ ၁နာရီခွဲဝန်းကျင်က တွေ့ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)။ အစိုးရသတင်းစာနှင့် ရုပ်သံအဖွဲ့များကိုပါ ဝင်ခွင့်မပြုခဲ့သဖြင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာနှင့် လူထုမြင်ကွင်းမှ ကွယ်ဖျောက်ရန် ကြိုးစားနေသည်ဟု ဝေဖန်သူများက ပြောသည်။<br /> Free Aung San Suu Kyi :: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါဟု အဓိပ္ပာယ်ရသော Free Aung San Suu Kyi တံဆိပ်ပါ တီရှပ်ဝတ်ဆင်ထားသူ တဦးကို တနင်္ဂနွေနေ့က ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ပြုလုပ်သော နိုင်ငံရေးသမားကြီး ဦးရဲထွန်း၏ ဈာပနပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-မဇ္ဈိမ)။ နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး မိတ်ဆွေများနှင့် စာပေအသိုင်းအဝိုင်းက ဈာပနပွဲ တက်ရောက်ခဲ့ကြသည်။<br /> ဦးရဲထွန်း :: ဦးရဲထွန်း (အသက် ၇၃ နှစ်) ၏ ဈာပနသို့ တက်ရောက်လာသော စာရေးဆရာ မောင်ဝံသကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဦးရဲထွန်း :: ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ပြုလုပ်သော ဈာပနပွဲ အခမ်းအနားတွင် ဦးရဲထွန်း (အသက် ၇၃ နှစ်) အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်ကာ အလေးပြုခဲ့ကြသည်။ (ဓာတ်ပုံ-မဇ္ဈိမ) ဆရာကြီး ဒဂုန်တာရာ :: ဆရာကြီး ဒဂုန်တာရာ၏ မေလ ၁ဝ ရက်နေ့တွင် ကျရောက်သော အသက် ၉ ၁ နှစ် ပြည့်မွေးနေ့အတွက် အခမ်းအနားတခုကို အောင်ပန်းမြို့နေအိမ်တွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ရာ ကဗျာဆရာ အိုအောင်က ဆရာကြီး၏ မာယာ အမည်ရှိ ကဗျာကို ဖတ်ကြားစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ NLD ဆိုင်းဘုတ် :: သစ်လွင်နေသော ဆိုင်းဘုတ်ကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် မေလ ၇ ရက်နေ့က ဆက်လက် တည်ရှိနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံပြန်လည်မတင်သော အန်အယ်ဒီသည် ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ပျက်ပြားသွားပြီဖြစ်သော်လည်း ဆိုင်းဘုတ်များ ကိုယ်တိုင်ဖြုတ်သိမ်းခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသည်။ သင်္ကြန်တွင်း ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့်စပ်လျှင်းသော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်တွင် ကြာသာပတေးနေ့ မေလ ၆ ရက်၊ ၂၀၁၀ ခုနှစ်က ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး ဗုံးခွဲမှုတွင် ပါဝင်သည်ဟု သံသယဖြင့် အဖမ်းခံထားရပြီး စစ်အစိုးရက စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များ လက်ချက်ဟု စွပ်စွဲလိုက်သည်။ NLD က ကလေးငယ်များကို ပညာသင်ကြေးထောက်ပံ့ :: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေးအပ်သော ပညာသင်ထောက်ပံ့ကြေးရယူရန် စောင့်ဆိုင်းနေကြသော ကလေးငယ်များကို ဗုဒ္ဓဟူးနေ့ မေလ ၅ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် ရန်ကုန်မြို့ ပါတီရုံးချုပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။   နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးငယ်များအတွက် ထောက်ပံ့ငွေကို ယခင်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်သော ဇွန် ၁၉  ရက်တွင် ပုံမှန် ပေးအပ်သော်လည်း ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်မတိုင်မီ ပေးအပ်လိုက်ခြင်းဖြစ်သည်။<br /> လျှပ်စစ်မီး ပြတ်တောက်၍ သောက်သုံးရေ  အခက်အခဲတွေ့ :: ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် လျှပ်စစ်မီး  ပြတ်တောက်၍ သောက်သုံးရေ အခက်အခဲဖြစ်နေမှုကို ဖြေရှင်းရန် မီးစက်ဖြင့်  အဝီစိတွင်းမှ ရေကိုစုတ်ယူနေမှု။ ဓာတ်ပုံ- မဇ္ဈိမ။ မေလအတွင်း ရန်ကုန်တွင်  လျှပ်စစ်ပိုပေးနိုင်တော့မည်ဟု အာဏာပိုင်များက ပြောကြားခဲ့သော်လည်း  မီးပြတ်တောက်မှု ဆိုးရွားနေဆဲ  ဖြစ်သည်။ လျှပ်စစ်မီး ပြတ်တောက်၍ သောက်သုံးရေ  အခက်အခဲတွေ့ :: ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် လျှပ်စစ်မီး  ပြတ်တောက်၍ သောက်သုံးရေ အခက်အခဲဖြစ်နေမှုကို ဖြေရှင်းရန် မီးစက်ဖြင့်  အဝီစိတွင်းမှ ရေကိုစုတ်ယူနေမှု။ ဓာတ်ပုံ- မဇ္ဈိမ။ မေလအတွင်း ရန်ကုန်တွင်  လျှပ်စစ်ပိုပေးနိုင်တော့မည်ဟု အာဏာပိုင်များက ပြောကြားခဲ့သော်လည်း  မီးပြတ်တောက်မှု ဆိုးရွားနေဆဲ  ဖြစ်သည်။



 
PEB1
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1586 guests online