Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
Man United 3 – 0 Watford (FT)

မန်ယူအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ ဒုတိယပိုင်းပွဲချိန်တွေကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ မန်ယူအသင်းအတွက်တော့ ပြီးပြည့်စုံတဲ့ ညတစ်ခု ဖြစ်ခဲ့ပြီး ဖာနန်ဒက်စ် ၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် မန်ယူအသင်းက  အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာအထိ ရောက်သွားခဲ့ပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့်တွေကို မျှော်လင့်လို့ရမယ့်အနေအထား ဖြစ်လာခဲ့ပါပြီ။

ဝက်ဖို့ဒ်အသင်းကတော့ တန်းဆင်းရဖို့ နီးသထက် နီးလာခဲ့ပြီး လက်ကျန်ပွဲတွေမှာ အမှတ်ရဖို့ လုုိအပ်လာခဲ့ပါပြီ။

ကဲ…Mizzima အနေနဲ့ နောက်တစ်ပတ်တွေမှာလည်း ဥရောပရဲ့အကောင်းဆုံးပွဲစဉ်တွေထဲက ပွဲကောင်းတွေကို ရွေးချယ်ပြီး Live Commentary တင်ဆက်ပေးသွားဦးမှာပါ။

Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ပေးကြဖို့  မမေ့ကြနဲ့ဦးနော်…။

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

88 Min

 

မက်ဂွိုင်းယားတစ်ယောက် အရှေ့တက်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တာ ခင်ဗျာ။ ဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေ ကန်သွင်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူ့ရဲ့ကန်ချက်က မိုးပေါ်ထောင်သွားခဲ့ရပါတယ်။

86 Min

မန်ယူအသင်းက ဖရက်ရဲ့နေရာမှုာ တိုမီနေး ၊ ဂရင်းဝုဒ်ရဲ့နေရာမှာ တာဟစ်ချောင် နဲ့ မာရှယ်ရဲ့နေရာမှာ အီဂါလို တို့ကို တပြိုင်တည်း ထည့်သွင်းကစားလိုက်ပြီ ခင်ဗျာ။

85 Min

ဘရူနိုဖာနန်ဒက်စ်ကတော့ တိုက်စစ်အထိ လိုက်ပါ ကစားနေပြီး မန်ယူအသင်းကို နောက်ထပ် ဂိုးတွေရဖို့  ကြိုးစားပေးနေတယ် ခင်ဗျာ။ ကွင်းလယ်နဲ့ ညာတောင်ပံတွေကနေ ဘောလုံးဖြန့်ဖို့ ကြိုးစားနေပြီး အဝေးကန်ချက်တွေနဲ့လည်း ဝက်ဖို့ဒ်ဖက်ကို ဖာနန်ဒက်စ်တစ်ယောက် ခြိမ်းခြောက်နေတာ တွေ့ရပါတယ်။

Updates

4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago

Pages

Mizzima Weekly