Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
83 Min

ဝက်ဖို့ဒ်အသင်းက တိုက်စစ်မှူး ဒီနေး ရဲ့နေရာမှာ ဝဲလ်ဘတ် ကို ထည့်သွင်းကစားလိုက်ပြီ ခင်ဗျာ။

81 Min

ပွဲကတော့ အပြတ်အသတ် ဖြစ်သွားခဲ့ပြီ ခင်ဗျာ။ ဝက်ဖို့ဒ်အသင်းက ချေပဂိုးရဖို့ ကြိုးစားနေတာဖြစ်ပေမယ့် တကယ်တမ်း ဂိုးတွေရနေတာက မန်ယူအသင်းပဲဖြစ်ပြီး ဂရင်းဝုဒ်ရဲ့သွင်းဂိုးနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြန်တာပါ။ မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်ကနေ ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ အပေးအယူလုပ်ခဲ့ကြပြီး လှလှပပ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

Goal!!!

မန်ယူအသင်း တတိိယဂိုး ရရှိသွားပြန်ပြီ ခင်ဗျာ။ ဂရင်းဝုဒ်ရဲ့ သွင်းဂိုး ဖြစ်ပါတယ်။

75 Min

ဝက်ဖို့ဒ်အသင်းကတော့ ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့တဲ့ အစ္စမိုင်လာ ဆား ကိုထည့်သွင်းလိုက်ပြီး ပါရဲရား ကို ထုတ်လိုက်ပြီ ခင်ဗျာ။ တိုက်စစ်ပိုင်း အပြောင်းအလဲ ဖြစ်တော့မယ့် အချိန်ပါပဲ။

73 Min

မန်ယူနောက်ခံလူ မက်ဂွိုင်းယားတစ်ယောက်တော့ ဟုချ်နဲ့ထိမိပြီး နာသွားခဲ့ပုံပဲ ခင်ဗျာ။ ဒါပေမယ့်လည်း သူက ကွင်းထဲမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဆေးအဖွဲ့ဝင်မလာဖို့ လက်ဟန်ခြေဟန်တွေပြနေပါတယ်။

Updates

4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago

Pages

Mizzima Weekly