LIVE: ဗလင်စီယာ ၂-၀ ဘာစီလိုနာ (Full-time)

25 January 2020
LIVE: ဗလင်စီယာ ၂-၀ ဘာစီလိုနာ (Full-time)
La Liga January 25, 21:30

Valencia
2-0 (FT)
Jordi Alba 48' (OG) Gomez 77'
Mestalla
Valencia 2 – 0 Barcelona (FT)

ဗလင်စီယာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲကစားချိန် မိနစ် (၉၀)ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ပွဲချိန် ပထမပိုင်းမှာ ဂိုးရလုနီးပါး ဖြစ်ခဲ့တဲ့ ဗလင်စီယာ အသင်းကပဲ ဒုတိယပိုင်းမှာ ဦးဆောင်ဂိုးတွေ ရသွားခဲ့တာဖြစ်ပြီး မက်ဆီဂိုမက်ဇ်က ဗလင်စီယာအတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့တာပါ။

ဘာစီလိုနာကတော့နည်းပြသစ် ကီကေး လက်ထက်မှာ သိသိသာသာ တိုးတက်လာတာကို မတွေ့ရသေးပဲ ခံစစ်ပိုင်းအားနည်းမှုတွေ၊ တိုက်စစ်က အတွဲမမိတာတွေနဲ့ မက်စ်တဲလားကွင်းကြီးထဲမှာ ဂိုးပြတ်ရှုံးပွဲတစ်ပွဲကို ရင်ဆိုင်သွားခဲ့ရတာပါ။

ကဲ….မနက်ဖြန်မှာလည်း စီးရီးအေရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ အင်တာမီလန်နဲ့ ကက်ဂလီယာရီအသင်းတို့ရဲ့ပွဲစဉ် ၊ ထရန်မဲရ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်တွေကို Mizzima ကနေ တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ကိုစောင့်ကြည့်ကြဖို့ မမေ့နဲ့ဦးလို့ တိုက်တွန်းလိုက်ပါရစေနော်..။

Injury Times (+4)

ပွဲကစားချိန် မိိနစ် (၉၀)ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့ပါတယ်။

89 Min

ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်သာ လိုပါတော့တယ်။ ဘာစီလိုနာအသင်းက အဝေးကွင်းမှာ စိတ်ပျက်စရာ ဂိုးပြတ်ရှုံးပွဲတစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ မိနစ်အနည်းငယ်သာ လိုတော့ပြီး နည်းပြ ကီကေးအတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့တာပါ။ ဆွာရက်ဇ်၊ဒမ်ဘီလီ တို့လို တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဘာစီလိုနာဟာ စျေးကွက်ထဲမှာ တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ ထပ်မံခေါ်ယူရမယ့်အနေအထားမျိုး ရောက်သွားခဲ့ပြီး လက်ရှိ အခြေအနေအရလည်း ဘာစီလိုနာတိုက်စစ်က အားဖြည့်ဖို့ လိုအပ်နေတာ ခင်ဗျာ

87 Min

ဘာစီလိုနာရဲ့ တိုက်စစ်မှာ ဝင်ရောက်လာခဲ့တဲ့ ကော်လယ်ဒို ကတော့ ဘာစီလိုနာအတွက် ပထမဆုံး ဝင်ရောက်ကစားခွင့်ရရှိခဲ့တာ ခင်ဗျာ။ ဘာစီလိုနာ (B) အသင်းကနေ ခေါ်ယူထားခဲ့တဲ့အသက် (၂၀)အရွယ် ကစားသမားလေးဟာ လက်ကျန် (၇)မိနစ်လောက်ကို ခြေစွမ်းပြဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

85 Min

ဘာစီလိုနာအသင်းက ဒီဂျောင်ရဲ့နေရာမှာ ရာကီတစ် ကိုထည့်လိုက်ပြီး ဖာတီရဲ့နေရာမှာ ကော်လယ်ဒို ကို ထည့်သွင်းကစားစေလိုက်ပြီ ခင်ဗျာ

Updates

4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago

Pages

Mizzima Weekly