LIVE: စပါး ၂-၀ မန်စီးတီး (Full-time)

02 February 2020
LIVE: စပါး ၂-၀ မန်စီးတီး (Full-time)
Premier League February 2, 23:00

Tottenham
2-0 (FT)
GoalsSteven Bergwign 63' | Son Heung-min 71'
Red cardsZinchenko 60'
Stadium: Tottenham Hotspur Stadium
Tottenham 2 – 0 Man City (FT)

စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မန်စီးတီးအသင်းက ပွဲစဉ်တစ်လျှောက်လုံး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကန်သွင်းခွင့်အသာနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် (၆၁)မိနစ်မှာ ဇင်ချန်ကို အထုတ်ခံလိုက်ရတာက တစ်ပွဲလုံးအတွက် အဖြေဖြစ်သွားခဲ့တာပါ။

စပါးအသင်းနည်းပြ မော်ရင်ဟိုအတွက်ကတော့ ဒီပွဲက စိတ်ပျက်စရာနဲ့ ပျော်စရာရောနေတဲ့ပွဲပါ။ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီး လူသစ်လေးဘတ်ချ်ဝင်းကလည်း ဂိုးသွင်းနိုင်ခဲ့လို့ မော်ရင်ဟို ပျော်နေမှာဖြစ်ပေမယ့် ဘတ်ချ်ဝင်းတစ်ယောက် ဒဏ်ရာရသွားခဲ့တာကတော့ မော်ရင်ဟိုကို တကယ့်ကို စိတ်ပျက်စေမှာပါ။

ကဲ…နောက်တစ်ပတ်တွေမှာလည်း ဥရောပရဲ့ ဘောလုံးပွဲစဉ်တွေထဲက အကောင်းဆုံးတွေကို ရွေးထုတ်ပြီး Mizzima က Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်းစောင့်ကြည့်ကြပါဦးလို့  တိုက်တွန်းရင်း ဒီညကို နှုတ်ဆက်လိုက်ပါရစေ။

နောက်တစ်ပတ်မှာ ပြန်ဆုံကြမယ်နော်..

Injury Times (+4)

ပွဲကစားချိန် မိနစ် (၉၀)ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

88 Min

ဖာနန်ဒင်ဟိုရဲ့ ပုခုံးနဲ့တိုက်မိသွားခဲ့တဲ့ စပါးကွင်းလယ်လူ အန်ဒွန်ဘီလီ ကတော့ အနည်းငယ် နာသွားခဲ့ပုံပဲ ခင်ဗျာ။ ဆေးအဖွဲ့က ကွင်းထဲဝင်ပြီး ကုသပေးနေတာကို တွေ့နေရပါတယ််။

86 Min

စပါးအသင်းကလည်း မိုရာရဲ့နေရာမှာ ဒိုင်ယာ ကို ထည့်သွင်းကစားလိုက်ပါပြီ

85 Min

မန်စီးတီးအသင်းက စတာလင်ရဲ့နေရာမှာ ဘာနာဒိုဆေးလ်ဗားကို ထည့်ပြီး ကစားစေလိုက်ပြီ ခင်ဗျာ

Updates

3 years 8 months ago
3 years 8 months ago
3 years 8 months ago
3 years 8 months ago
3 years 8 months ago

Pages

Mizzima Weekly