LIVE: စပါး ၂-၁ ဘရိုက်တန် (Full-time)

26 December 2019
LIVE: စပါး ၂-၁ ဘရိုက်တန် (Full-time)
Premier League December 26, 19:30

Tottenham
2-1 (FT)
Harry Kane 53' Dele Alli 72' Adam Webster 37'

Tottenham Hotspur Stadium

Tottenham Hotspur 2 – 1 Brighton (FT)

စပါးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ ဘရိုက်တန်အသင်းက ပထမပိုင်းမှာ ခေါင်းတိုက်ဂိုးတစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဟယ်ရီကိန်း ၊ အယ်လီ တို့ရဲ့ ချေပဂိုး၊ အနိုင်ဂိုးတွေနဲ့ စပါးက အနိုင်ရသွားခဲ့တာပါ။

မော်ရင်ဟိုအတွက်တော့ လှပတဲ့ ခရစ္စမတ်လက်ဆောင်တစ်ခု ဖြစ်ခဲ့ပြီး စပါးအသင်းနဲ့အတူ နောက်ထပ် နိုင်ပွဲတစ်ပွဲကိုတော့ ရယူလိုက်နိုင်ပါပြီ…။

ကဲ…နောက်ထပ် နေ့တွေမှာလည်း အကောင်းဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို Mizzima ကနေ တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်းစောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။။

Injury Times (+4)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့တယ်ခင်ဗျာ။

89 Min

ပြိုင်ပွဲရဲ့ နောက်ဆုံးမိနစ်တွေကိုတော့ ရောက်လာခဲ့ပြီ ခင်ဗျာ။ စပါးအသင်းက သူတို့ရတဲ့ ဦးဆောင်ဂိုးကို ထိန်းထားခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့သာ ဂိုးရဖို့ ကစားနေခဲ့သလို ဘရိုက်တန်ကလည်း ထင်သလောက် မကောင်းတော့လို့ ချေပဂိုးပြန်ရဖို့တော့ မလွယ်လောက်တော့ဘူးခင်ဗျာ။

Yellow Card!!

မလိုအပ်ပဲ ဒေါသကြီးနေတဲ့ စပါးကွင်းလယ်လူ ဆစ်ဆိုကို တစ်ယောက်ကတော့ အဝါကတ် ထိသွားခဲ့ပါပြီ။

87 Min

ဘရိုက်တန်အသင်းရဲ့ နောက်ဆုံးလူစားလဲမှုအဖြစ် နောက်ခံလူ ရှီလော့တို ရဲ့နေရာမှာ ဘစ်ဆိုမာ ဝင်ရောက်ကစားတယ်ခင်ဗျာ။