LIVE: ရှက်ဖီး ၃-၃ မန်ယူ (Full-time)

24 November 2019
LIVE: ရှက်ဖီး ၃-၃ မန်ယူ (Full-time)
Premier League November 24, 23:00

Sheff Utd
3-3 (FT)
John Fleck 19' Mousset 52' McBurnie 90' Williams 72' Greenwood 77' Rashford 79'
 
ဘရာမော်လ်ကွင်း
87 Min

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး မာရှယ်ရဲ့နေရာမှာ နောက်ခံလူ တန်ဇီဘီ ကို ထည့်ပြီး ခံစစ်ကို အားပြုကစားစေခဲ့ပြီ ခင်ဗျာ။

86 Min

ဒုတိယပိုင်း မိနစ် (၉၀)ဆီ တဖြည်းဖြည်း နီးလာခဲ့ပြီ ခင်ဗျာ။ မန်ယူအသင်းက ပွဲပြီးဖို့ နီးကပ်လာတာနဲ့အမျှ ကစားပုံ ပိုကောင်းလာခဲ့ပြီး ရှက်ဖီးကတော့ ခံစစ်ပိုင်းမှာ အချိန်ကုန်နေတာကို တွေ့နေရပါတယ်။

84 Min

ရှက်ဖီးယူနိုက်တက်အသင်းအတွက်တော့ တကယ့်ကို သည်းမခံနိုင်တဲ့ ရလဒ်မျိးပါပဲ။ တောက်လျှောက်ကြီး ဦးဆောင်လာခဲ့ပြီးတော့မှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရတာဖြစ်ပြီး ကစားပုံက သိသိသာသာကြီးကို ပြောင်းလဲသွားခဲ့တာပါ။

82 Min

 (၇)မိနစ်အတွင်းမှာ ပေးဂိုး(၃)ဂိုးပေးလိုက်ရလို့  ရှက်ဖီးအသင်း ပြာပြာသလဲဖြစ်သွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ လူစားလဲမှု မှန်ကန်တယ်လို့ ပြောလို့ရပြီး မန်ယူအသင်း လက်ကျန်မိနစ်တွေမှာ ဂိုးတွေ ထပ်ရဦးမလားဆိုတာ စိတ်ဝင်စားစရာ ခင်ဗျာ။

Goal!!!

မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သွင်းဂိုး တစ်ဂိုး သွင်းလိုက်ပြန်ပါပြီ။ အံ့သြဖွယ်ရာ ပြန်လာမှုကို တွေ့နေရတာပဲဖြစ်ပါတယ်။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly