LIVE: ရှက်ဖီး ၃-၃ မန်ယူ (Full-time)

24 November 2019
LIVE: ရှက်ဖီး ၃-၃ မန်ယူ (Full-time)
Premier League November 24, 23:00

Sheff Utd
3-3 (FT)
John Fleck 19' Mousset 52' McBurnie 90' Williams 72' Greenwood 77' Rashford 79'
 
ဘရာမော်လ်ကွင်း
Sheffield United 3 – 3 Man United (FT)

ရှက်ဖီးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ မန်ယူအသင်း အနိုင်ရသွားနိုင်တဲ့ အခြေအနေတွေရှိခဲ့ပေမယ့် ပွဲပြီးခါနီးမှ ချေပဂိုး ပေးလိုက်ရတာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရတာပါ။

မနက်ဖြန်နေ့လည်(၂း၃၀) မှာလည်း ဆီးဂိမ်းပြိုင်ပွဲရဲ့ ဘောလုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကို တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြပါဦးလုုိ့ သတင်းကောင်း ပါးလိုက်ပါရစေ..

Injury Times (+4)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

Goal!!!

ကွင်းလယ်ဒိုင်ကတော့ မက်ဘာနီ ရဲ့ ဂိုးကို ခွင့်ပြုပေးလိုက်ပြီခင်ဗျာ။

VAR

ရှက်ဖီးအသင်းရဲ့ လူစားဝင်တိုက်စစ်မှူး မက်ဘာနီ တစ်ယောက် ရှက်ဖီးအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးလိုက်ပြီခင်ဗျာ..။ ဒါပေမယ့် လက်နဲ့ ထိခဲ့တယ်ဆိုပြီး VAR အဆုံးအဖြတ် ခံယူနေရပါပြီ

89 Min

ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းပဲ လိုတော့တယ် ခင်ဗျာ။ ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ လက်ကျန်မိနစ်တွေမှာ ချေပဂိုးတစ်ဂိုး အချိန်မီ သွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရတေ့မယ့် ပုံပါပဲ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly