LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)

16 November 2019
LIVE: ရုရှား ၁-၄ ဘယ်လ်ဂျီယံ (Full-time)
UEFA EURO Qualifiers November 16, 23:30

Russia
1-4
Thorgan Hazard 19' Eden Hazard 33' 40' Lukaku 72' | Georgi Dzhikiya 79'
Krestovsky Stadium
ရုရှား ၁-၄ ဘယ်လ်ဂျီယံ (FT)

 ရုရှားအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ နောက်တစ်ပတ်တွေမှာလည်း ဥရောပရဲ့အကောင်းဆုံးပွဲစဉ်တွေကိုရွေးချယ်ပြီး Live Commentary ပြုလုပ်ပေးသွားမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်းစောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်။

Injury time

ရုရှားအသင်းရဲ့ ဒီတစ်ကြိမ် ဂိုးဧရိယာထဲက ကန်ချက်ကလည်း ဂိုးပေါက်နဲ့ ကပ်လွဲသွားခဲ့တာ ခင်ဗျာ။ ရုရှားကတော့ ဒီနေ့ပွဲမှာ ကစားပုံကောင်းခဲ့ပေမယ့် ဂိုးကန်သွင်းပုံအားနည်းမှုနဲ့ ဂိုးကံခေမှုတွေကြောင့် ရှုံးသွားခဲ့တယ်လို့ပြောရပါမယ်။

90 Min

နာကျင်အချိန်ပို ၄ မိနစ် ပေးထားတယ်ခင်ဗျာ။ ရုရှားအသင်း ထောင့်ကန်ဘော ရခဲ့ပြီး ဂိုးသမားကော့တွိုက်စ်က လေပေါ်ခုန်ကာ အမိဖမ်းယူနိုင်ခဲ့ပါတယ်။

88 Min

ပွဲပြီးဖို့ မိနစ်အနည်းငယ်သာ လိုပါတော့တယ်။ လက်ရှိရလဒ်အတိုင်းပဲ ပွဲပြီးသွားဖို့များနေတယ်ခင်ဗျာ။ ရုရှားအသင်းကတော့ ဖိအားပေးမှုတွေ ဆက်တိုက်လုပ်နေဆဲပါ။

86 Min

တန်ပြန်တိုက်စစ်ကနေ ဒီဘရိုင်းရဲ့ကန်ချက်ကို ရုရှားဂိုးသမား ကာကွယ်နိုင်ခဲ့တယ်ခင်ဗျာ။ ဘယ်လ်ဂျီယံက တန်ပြန်တိုက်စစ်နဲ့ကစားနေပြီး ဒီဘရိုင်းနဲ့ဟာဇက်တို့က တန်ပြန်တိုက်စစ်တွေကို ပုံဖော်နေကြတယ်ခင်ဗျာ။