Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)

08 March 2020
Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)
Premier League March 08, 23:00

Man United
2-0 (FT)
Martial 30' McTominay 90+6'
Stadium: Old Trafford
ယူနိုက်တက်နဲ့ ပရိသတ်တွေကြား ဆက်သွယ်မှု ပြန်လည်ရောက်ရှိနေတယ်လို့ ယုံကြည်နေတဲ့ ဆိုးလ်ရှား

တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို (၁၀)နှစ်ကြာမှာ အိုးထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဒါဘီ နှစ်ကျော့စလုံး အနိုင်ရရှိပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ ပရိသတ်တွေအကြား အပြန်အလှန်ဆက်သွယ်မှုဟာ ပြန်လည်ရောက်ရှိနေတယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။ အပြည့်အစုံ - http://www.mizzimaburmese.com/article/67984

Man United 2 – 0 Man City (FT)

မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲကစားချိန် မိနစ် (၉၀) ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ မန်ယူအသင်းက မာရှယ်ရဲ့ ပထမပိုင်း သွင်းဂိုး၊ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ရခဲ့တဲ့ တိုမီနေးရဲ့ သွင်းဂိုးတွေနဲ့အတူ မန်စီးတီးကို အနိုင်ယူသွားခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို တက်လှမ်းလာနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းကတော့ သူတို့ရဲ့ ခံစစ်အားနည်းမှုကို ဆက်လက်ပြသနေဆဲဖြစ်ပြီး ဒီဘရိုင်းမပါခဲ့တဲ့ ကွင်းလယ်ကလည်း ဒီနေ့ပွဲမှာ တိုက်စစ်မှူးတွေဆီ အခွင့်အရေးတွေ ဖန်တီးပေးနိုင်မှုမှာ အားနည်းခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ချီးကျူးရမှာက မန်ယူအသင်းကစားသမားတွေရဲ့ အားကုန်ကစားပေးမှုတွေပဲဖြစ်ပြီး မန်စီးတီးလို လျှင်မြန်တဲ့အသင်းမျိုးကို မရ ရအောင် လိုက်လု၊ လိုက်ယှဉ်ပြေးနိုင်ခဲ့တာကြောင့် အခုလို နိုင်ပွဲရခဲ့တာလို့တောင် ပြောရပါမယ်။

ကဲ..ဒီနေ့မှာ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ ပွဲကောင်းတစ်ပွဲကို တင်ဆက်ပေးခဲ့သလိုမျိုး နောက်တစ်ပတ်တွေမှာလည်း ဥရောပရဲ့ အကောင်းဆုံး ပွဲစဉ်တွေကို ရွေးထုတ်ပြီး Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို ဆက်လက် စောင့်ကြည့်ကြဖို့ မမေ့ကြနဲ့ဦးနော်…။

Goal!!!

မန်ယူအသင်း ဒုတိယဦးဆောင်ဂိုး ရရှိသွားခဲ့ပြီ ခင်ဗျာ။ လူစားဝင်ကစားသမား တိုမီီနေး က သွင်းယူပေးသွားခဲ့တာပါ။

Injury Times

မန်ယူအသင်းက နောက်ဆုံး လူစားလဲမှုအဖြစ်် ဘရူနိုဖာနန်ဒက်စ်ရဲ့နေရာမှာ အီဂါလို ကို ထည့်သွင်း ကစားခဲ့တယ် ခင်ဗျာ။

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။