LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)

19 January 2020
LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)
Premier League January 19, 23:00

Liverpool
2-0 FT
Virgil van Dijk 14' Salah 90+3
Anfield
‘ပရီးမီးယားချန်ပီယံဆုကို ပရိသတ်တွေ အိပ်မက်မက်သင့်တယ်။ ကျနော်တို့ကလွဲလို့ အောင်ပွဲခံလို့ရပါတယ်။’ - ကလော့ပ်

အမှတ်ပေးဇယားထိပ်ကနေ (၁၆)မှတ် ဖြတ်တောက်ခဲ့ပြီးနောက် ယာဂန်ကလော့ပ်ဟာ အာမခံချက် ဘာမှမပေးထားတဲ့တိုင် လီဗာပူးလ်ပရိသတ်တွေဟာ နှစ်ပေါင်း (၃၀) ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပထမဆုံး ပရီးမီးယားချန်ပီယံဆုကို အိပ်မက်မက်သင့်ပါတယ်လို့ ဂျာမန်နည်းပြကြီးက ဝန်ခံခဲ့ပါတယ်။ Read more: http://www.mizzimaburmese.com/article/65935

Liverpool 2 – 0 Man United (FT)

လီဗာပူးလ်အသင်းကတော့ ပွဲချိန် (၁၄)မိနစ်မှာ သွင်းယူခဲ့တဲ့ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုး၊ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဆာလက်ရဲ့ သွင်းဂိုးတွေနဲ့ မန်ယူအသင်းကို အနိုင်ယူပြီး သူတို့ရဲ့ ရှုံးပွဲမရှိစံချိန်နဲ့ရှေ့ဆက်လိုက်ပါပြီ။

ရက်ရှ်ဖို့ဒ်မပါတဲ့ မန်ယူရဲ့တိုက်စစ်ကတော့ ဒီပွဲမှာ ထင်သလောက် မကောင်းခဲ့ပဲ မာရှယ် ၊ ဖရက် တို့ အခွင့်အရေးအနည်းငယ်ကို ဖြုန်းခဲ့တာကြောင့်လည်း ဂိုးရဖို့ရုန်းကန်ခဲ့ရတာပါ။

လီဗာပူးလ်ရဲ့ ဗန်ဒိုက်ကတော့ မန်ယူအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံး ကာကွယ်သွားခဲ့လို အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့တာကြောင့် ဒီပွဲအတွက် သူရဲကောင်း ဖြစ်သွားခဲ့ပါတယ်။

ကဲ…လာမယ့် အပတ်တွေမှာလည်း Mizzima အနေနဲ့ ဥရောပရဲ့ အကောင်းဆုံး ပွဲစဉ်တွေထဲက ပွဲကောင်းတွေကို ရွေးထုတ်ပြီး Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ပေးကြပါဦးနော်…။

Goal!!!

လီဗာပူးလ်အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကိုတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဆာလက် က သွင်းယူပေးခဲ့ပြီ ခင်ဗျာ

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ်သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

90 Min

မန်ယူအသင်းက ပွဲပြီးခါနီးကာမှ လုခ်ရှောနဲ့ ဒါလော့ကို အပြောင်းအလဲ လုပ်လိုက်တယ် ခင်ဗျာ