LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)

26 January 2020
LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)
Serie A January 26, 18:00

Inter Milan
1-1 (FT)
Martinez 29' Nainggolan 78'
Stadium: San Siro
Inter Milan 1 – 1 Cagliari (FT)

အင်တာမီလန်အသင်းနဲ့ ကက်ဂလီယာရီအသင်းတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက် ၊ တစ်ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ အင်တာမီလန်အသင်းက  ဦးဆောင်ဂိုးအရင်ရခဲ့တဲ့အပြင် ဂိုးကန်သွင်းခွင့်တွေလည်း အများကြီး ရခဲ့ပေမယ့် နိုင်ဂိုလန်ရဲ့ နောက်ကျ ချေပဂိုးကြောင့် ဘယ်လိုမှ မတတ်နိုင်ပဲ သရေဖြစ်သွားခဲ့ရတာပါ။

နည်းပြ ကွန်တီအတွက်တော့ (၃)ပွဲဆက်် သရေရလဒ်က စိတ်ပျက်စရာ ဖြစ်သွားခဲ့ပြီး လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူဖို့ မဖြစ်မနေ လိုအပ်သွားခဲ့ပြီ ခင်ဗျာ။

ကဲ…မကြာခင်မှာ ကစားတော့မယ့် ထရန်မဲရ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း Mizzima ကနေ တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ ည (၉း၃၀)မှာ ပြန်တွေ့ကြမယ်နော်…။

Red Card!!

ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့တဲ့ အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို အနီကတ်နဲ့ ထုတ်ပယ်လိုက်ပါပြီ

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀)ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားတယ် ခင်ဗျာ။

89 Min

အတ္တလန္တာ၊ လက်ချီအသင်းတို့နဲ့ ဆက်တိုက် သရေကျထားခဲ့တဲ့ အင်တာမီလန်အနေနဲ့ ဒီပွဲမှာပါ သရေဆက်ကျသွားခဲ့ရင် ဂျူဗင်တပ်စ်အသင်းနဲ့ အမှတ်တော်တော်ကွာသွားဖို့ရှိနေတာပါ။ လက်ချီနဲ့ပွဲ၊ ဒီနေ့ကစားခဲ့ရတဲ့ ကက်ဂလီယာရီအသင်းတို့နဲ့ ပွဲစဉ်တွေက အင်တာမီလန်အတွွက် (၃)မှတ်အပြည့်ရသင့်တဲ့ ပွဲတွေ ဖြစ်ပေမယ့် ကွန်တီ အတွက်တော့ (၃)မှတ်ရနိုင်တဲ့ အခြေအနေတွေ ဖြစ်မလာသေးဘူး ခင်ဗျာ။

87 Min

ဆီမြွန်နီကို ဖျက်ထုတ်ပုံကြမ်းခဲ့တဲ့ အင်တာနောက်ခံလူ  ဒီဘရစ်ချ် တစ်ယောက် အဝါကတ် အပြခံလိုက်ရပြီ ခင်ဗျာ။