LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်

11 January 2020
LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်
Premier League January 11, 19:00

Crystal Palace
1-1
Jordan Ayew 54' Aubameyang 12'
 
Selhurst Park
(၃)ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတာကြောင့် ‘အကြီးအကျယ် ထိုးနှက်မှု’တစ်ခုလို့ ဝန်ခံမှုပြုလုပ်သွားတဲ့ အာတီတာ

နည်းပြ အာတီတာက ပဲလေ့စ်နဲ့ (၁-၁)ဂိုးစီ သရေခဲ့တဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ပြခံခဲ့ရတဲ့ အူဘာမီယန်းရဲ့ တားဆီးဖြတ်ထုတ်မှုဟာ အလွန်ဆိုးရွားတယ်လို့ ဝန်ခံခဲ့ပြီး အသင်းခေါင်းဆောင်ဟာ (၃)ပွဲယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိတာကြောင့် ဒါဟာ ‘အကြီးအကျယ် ထိုးနှက်မှု’တစ်ခုလို့ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံ - http://www.mizzimaburmese.com/article/65504

Palace 1 – 1 Arsenal (FT)

ပဲလေ့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲချိန် ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုးနဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ အူဘာမီယန်း တစ်ယောက် ပွဲချိန် ဒုတိယပိုင်းမှာတော့ အနီကတ် နဲ့ အထုတ်ခံခဲ့ရပြီး ဗီလိန်တစ်ယောက်အဖြစ် အသွင်ပြောင်းသွားခဲ့ရတာပါ။

ပရိသတ်တွေကတော့ ဒီပွဲမှာ ပြသခဲ့တဲ့ အာဆင်နယ်ရဲ့ ကစားပုံနဲ့ ခြေစွမ်းပိုင်းကို ကျေနပ်နေကြပြီး ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးမှုတွေ လုပ်နေကြတယ် ခင်ဗျာ။

ဒီနေ့အတွက် ပဲလေ့စ်နဲ့ အာဆင်နယ်ပွဲကို တင်ဆက်ပေးခဲ့သလို နောက်နေ့တွေမှာလည်း ဥရောပရဲ့အကောင်းဆုံး ပွဲစဉ်တွေကို တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။

Injury Times (+4)

ထပ်ဆောင်းအချိန်ပို (၄)မိနစ် ထပ်ပြီး ပေးထားခဲ့တယ် ခင်ဗျာ။

Yellow Card!!

အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက် တစ်ယောက် ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အဝါကတ် ထိသွားခဲ့ပြီ ခင်ဗျာ။

90 Min

ပွဲကစားချိန်ကတော့ မိနစ် (၉၀)ပြည့်သွားခဲ့ပြီ ခင်ဗျာ။ အာဆင်နယ်အသင်းက တစ်ယောက်လျော့နေပေမယ့်လည်း ပဲလေ့စ်ဖက်ကို ဆက်တိုက်ဖိအားပေးနေခဲ့ပြီး ပဲလေ့စ်ကတော့ ပွဲပြီးခါနီးမှာ ခံစစ်ပုံစံ ဖြစ်နေခဲ့ပါတယ်။

Mizzima Weekly