LIVE Commentary: Everton 1 - 1 Tottenham (Full-time)

03 November 2019
LIVE Commentary: Everton 1 - 1 Tottenham (Full-time)
Premier League November 3, 23:00

Everton
1 - 1

Cenk Tosun 90+7' Dele Alli 63'
Stadium: Goodison Park
Everton 1 - 1 Spurs (FT)

အဲဗာတန်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဆွန်ဟောင်မင်ရဲ့အနီကတ်၊ ဂိုမက်ဇ်ရဲ့ သွေးပျက်ဖွယ် ဒဏ်ရာရမှုနဲ့ ဒီပွဲစဉ်ဟာ ပရိသတ်ကို စိတ်လှုပ်ရှားစရာတွေ ဖြစ်စေခဲ့တာပါ။

လာမယ့်ပွဲစဉ်တွေမှာလည်း Mizzima က Live Commentary တွေကို တင်ဆက်ပေးသွားဦးမှာဖြစ်လို့ အားလုံးပဲ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…။

Injury Times

 

နာကျင်အချိန်ပို (၄)မိနစ်လောက် ဆက်လက်ရှိနေဆဲ ခင်ဗျာ။ လက်ကျန် (၄)မိနစ်လောက်ကို စပါးအသင်း ဆက်လက် ဖြတ်သန်းရဖို့ ရှိနေပါသေးတယ်။

Goal!!!

အဲဗာတန်အသင်း ချေပဂိုးရသွားပြီခင်ဗျာ။ ကဲလ်ဘတ်လီဝင်း ရဲ့ ခေါင်းတိုက်ဂိုးက တစ်ဆင့် အဲဗာတန်အသင်းအဖိုးတန် ချေပဂိုး ရရှိသွားခဲ့ပါပြီ။

Injury Times

နာကျင်အချိန်ပို (၁၂)မိနစ်ရဲ့ တစ်ဝက်လောက်ဆီရောက်လာခဲ့ပြီခင်ဗျာ။ အဲဗာတန်က ချေပဂိုးရဖို့ ကြိုးစားနေပေမယ့် တိုက်စစ်မှူးတွေက အလုပ်မဖြစ်ကြသေးပါဘူး။

Injury Times

အဲဗာတန်အသင်းထောင့်ကန်ဘောတွေရနေပေမယ့် အဆိပ်မရှိသလို ဖြစ်နေတယ်ခင်ဗျာ။ အဲဗာတန်ဟာ သူတို့ရတဲ့ထောင့်ကန်ဘောတွေကို ပွဲစကတည်းက ခုချိန်ထိကောင်းကောင််းအသုံးချနိုင်တာမျိုး မတွေ့ရသေးပါဘူး။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly