US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

08 January 2020
US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

သမ္မတထရမ့်အား ပြစ်တင်မှုတစ်ရပ်အဖြစ် အီရန်အပေါ် ၎င်း၏ အနာဂတ်၌ စစ်ရေးအရ အရေးယူနိုင်မှုကို ကန့်သတ်ရန် အမေရိကန် အောက်လွှတ်တော်တွင် ဇန်နဝါရီ ၉ ရက်က မဲပေးကြသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65381

အမေရိကန်ကို ရင်ဆိုင်ရာမှာ နောက်မဆုတ်ဘူးဟု အီရန်သမ္မတ ပြော

အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးရသည့် အမေရိကန်၏ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်ခြင်းသည် အီရန်နိုင်ငံအနေဖြင့် အမေရိကန်ကို ရင်ဆိုင်ရမှာ နောက်မဆုတ်ဘူးဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65356

အီရန်အပေါ် ထပ်တိုးအပြစ်ပေးဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်မည်ဟု ထရမ့် ကြေညာ

အီရန်အပေါ် ထပ်တိုး အပြစ်ပေး စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင် ကြေညာသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65353

အီရတ်ရှိ အစိမ်းရောင်ဇုန်အနီး ဒုံးကျည်နှစ်စင်း ကျရောက်

ဇန်နဝါရီ ၈ ရက်နေ့ညပိုင်းက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ခံစစ်ကောင်းစွာ ပြင်ဆင်ထားသော အစိမ်းရောင်ဇုန်အနီးသို့ ဒုံးကျည်အသေးစား နှစ်စင်းကျရောက်ခဲ့ကြောင်း အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က  အတည်ပြုခဲ့သည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65347

အီရန်နှင့်အကြား နောက်ထပ် စစ်ရေးပဋိပက္ခ ဖြစ်မည့်အရေး ဒေါ်နယ်ထရမ့် ရှောင်လွဲ

အီရတ်ရှိ အမေရိကန်စစ်စခန်းများကို အီရန်က ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဇန်နဝါရီ ၈ ရက်နေ့ အစောပိုင်းက ပေါ်ပေါက်ပြီးနောက် ယင်းနေ့မှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိန့်ခွန်းတစ်ရပ် ပြောဆိုသွားခဲ့သည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65345

စစ်အခြေစိုက်စခန်းများအား အီရန်မှ တိုက်ခိုက်မည်ကို အမေရိကန်တို့ ကြိုသိနေခဲ့ဟုဆို

အီရတ်ရှိ အမေရိကန်နှင့်ညွန့်ပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ စစ်အခြေစိုက်စခန်းများအား အီရန်တို့က ဒုံးလက်နက်များဖြင့် တိုက်ခိုက်မည်ကို အမေရိကန်တို့က သိနေခဲ့ပြီး ကြိုတင်သတိပေးချက်များလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65343

Mizzima Weekly