Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)

22 February 2020
Live: ချယ်လ်ဆီး ၂-၁ စပါး (Full-time)
Premier League February 22, 19:00

Chelsea
2-1 (FT)
Giroud 15' Alonso 48' Rudiger 89'
Stadium: Stamford Bridge
Chelsea 2 - 1 Spurs (FT)

ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲကစားချိန် မိစန် (၉၀) ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ စပါးနဲ့တွေ့တိုင်း ရလဒ်ကောင်းရလေ့ရှိတဲ့ ချယ်လ်ဆီးက ဒီနေ့ပွဲစဉ်မှာလည်း သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသသွားခဲ့ပြီး ဂျီရော့ဒ် ၊ အလွန်ဆို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ် အတွက်တော့ ဒီပွဲကို အနိုင်ရလိုက်တာကြောင့် စပါးအသင်းနဲ့ (၄)မှတ်ပြတ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနည်းငယ် စိတ်အေးရမယ့်အနေအထားကို ရောက်သွားခဲ့တာပါ။

တိုက်စစ်မှူးတွေ ဒဏ်ရာရပြီးနောက် တိုင်ပတ်နေတဲ့ မော်ရင်ဟိုအတွက်ကတော့ လာမယ့် ရက်ပတ်တွေမှာလည်း ဆက်လက်ရုန်းကန်ရဖွယ်ရှိနေပြီး ဒီပုံစံအတိုင်းသာဆိုရင် ဥရောပ ဝင်ခွင့်တွေအတွက်ပါ မျက်ခုံးလှုပ်နေရမယ့် ပုံစံပါ။

ကဲ….မနက်ဖြန်မှာလည်း Mizzima အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ ပွဲစဉ်ကို တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်း စောင့်ကြည့်ကြပါဦးလို့  တိုက်တွန်းလိုက်ပါရစေနော်..။

Injury Times (+4)

ပွဲကစားချိန် မိနစ် (၉၀)ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

Goal!!!

စပါးအသင်းက ပွဲပြီးခါနီးမှာ ချေပဂိုးတစ်ဂိုးရရှိသွားခဲ့ပြီ ခင်ဗျာ။ ရူဒီဂါ ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုဖြစ်ပါတယ်။

88 Min

ချယ်လ်ဆီးအသင်းကတော့ ဂျီရော့ဒ်ရှိနေတုန်းက အချိန်နဲ့ အေဗရာဟမ် ဝင်လာတဲ့အချိန်က တော်တော်လေး ခြားနားသွားတယ်လို့ ပြောရမယ် ခင်ဗျာ။ အေဗရာဟမ် ဟာ ဝင်လာပြီး မိနစ်အနည်းငယ် အတွင်းမှာပဲ ထိရောက်တဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်လောက် ပြုလုပ်နိုင်ပြီး စပါးခံစစ်ကို ဖိအားပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။

86 Min

ချယ််လ်ဆီးအသင်းအတွက် လူစားဝင်လာခဲ့တဲ့ အေဗရာဟမ် တစ်ယောက် အပိုင်ပိတ်သွင်းခွင့် တစ်ကြိမ်ရခဲ့ပေမယ့်လည်း ဂိုးသမား လိုရစ် ကာကွယ်သွားနိုင်ခဲ့တယ် ခင်ဗျာ။ ဒုတိယပိုင်း တစ်ပိုင်းလုံး ကြမ်းကြမ်းတမ်းတမ်း ကစားနေခဲ့တဲ့ စပါးရဲ့ လိုဆယ်ဆိုကတော့ အဝါကတ်ပြသခြင်း ခံလိုက်ရပါပြီ။

Updates

4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago

Pages

Mizzima Weekly