Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)

29 February 2020
Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 29, 21:30

Bournemouth
2-2 (FT)
Lerma 54' Joshua King 57' Alonso 33' 85'
Stadium: Dean Court
Bournemouth 2 – 2 Chelsea (FT)

ပွဲချိန် ပထမပိုင်းမိနစ်တွေမှာ ပျင်းစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ အတူ ကြည့်ကောင်းတဲ့ပွဲတစ်ပွဲအဖြစ် အသွင်ပြောင်းလဲသွားခဲ့တာပါ။

တန်းဆင်းဇုန်ကနေ ဝေးရာသွားဖို့ ကြိုးစားနေတဲ့ ဘုန်းမောက်ရဲ့ ရုန်းကန်မှုကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အလွန်ဆို သာ မကယ်ခဲ့ဘူးဆိုရင် ချယ်လ်ဆီးအသင်း ရမှတ် တစ်မှတ်တောင်ရဖို့လွယ်မယ့်ပုံ  မပေါ်ပါဘူး။

ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားသမားတွေကိုပြပါဆိုရင်တော့ ဘုန်းမောက်ကွင်းလယ်လူ ဘီလင်းနဲ့ ဂိုးသမား ရမ်စ်ဒေး တို့ကိုပဲ ပြရမှာပါ။ ဒီနေ့ပွဲက ချယ်လ်ဆီးအသင်းကို အင်အားရှိသလောက်တုန့်ပြန်ခဲ့တဲ့ ဘုန်းမောက်ရဲ့ ပွဲဖြစ်ပြီး လမ်းပတ်ရဲ့အသင်းဟာ ရမှတ်(၁)မှတ်နဲ့အတူ အိမ်ပြန်သွားခဲ့ရတာပါ။

ကဲ….နောက်ရက်တွေမှာလည်း ဥရောပရဲ့အကောင်းဆုံးပွဲစဉ်တွေကို ရွေးထုတ်ပြီး Mizzima က Live Commentary တင်ဆက်ပေးသွားဦးမှာပါ။ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ကြဖို့ မမေ့နဲ့ဦးနော်။

Injury Times (+3)

ပထမပိုင်းပွဲကစားချိန် မိနစ်(၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

89 Min

ပက်ဒရိုရဲ့ ကန်သွင်းမှုကို ဘုန်းမောက်ဂိုးသမား ရမ်စ်ဒေး တစ်ယောက်ပုတ်ထုတ်နိုင်ခဲ့ပေမယ့်လည်း အလွန်ဆို ရဲ့ ပိတ်သွင်းမှုကိုတော့ ဘယ်လိုမှ မတားဆီးနိုင်အောင် ဖြစ်ခဲ့တာ ခင်ဗျာ။ အလွန်ဆိုကတော့ ပိတ်သွင်းမှု (၂)ကြိမ်နဲ့ ချယ်လ်ဆီးကို ကယ်တင်သွားခဲ့ပါပြီ။

Goal!!!

ချယ်လ်ဆီးအသင်း ချေပဂိုးရသွားခဲ့ပြီ ခင်ဗျာ။ မားကို့စ်အလွန်ဆိုပဲ သွင်းယူပေးလိုက်ပြန်တာပါ။

86 Min

ချယ်လ်ဆီးအသင်းရဲ့ ဖြတ်တင််ဘောကို တားဆီးဖို့ ကြိုးစားရင်း စတာနစ်ဆလက် တစ်ယောက် လက်နဲ့ထိသွားခဲ့မိတယ်လို့ ရုပ်သံမြင်ကွင်းတွေက ပြန်ပြနေကြတာ ခင်ဗျာ။ ဒါပေမယ့် ကွင်းလယ်ဒိုင် မာရီနာ ကတော့ ဒီဖြစ်ရပ်ကို မတော်တဆလို့သာ သတ်မှတ်ပေးခဲ့ပါတယ်။

Updates

4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago

Pages

Mizzima Weekly