Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)

29 February 2020
Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 29, 21:30

Bournemouth
2-2 (FT)
Lerma 54' Joshua King 57' Alonso 33' 85'
Stadium: Dean Court
85 Min

ဘုန်းမောက်အသင်းက ကွင်းလယ်လူ လူးဝစ္စကွတ်ခ်ရဲ့နေရာမှာ ဂေါ့စလင်း ကို ထည့်သွင်းကစားလိုက်ပါပြီ

84 Min

ပက်ဒရိုနဲ့ အက်ဇ်ပီလီကွီတာ တို့ ဘုန်းမောက်ဂိုးဧရိယာထဲမှာ ကန်သွင်းခွင့်တွေရခဲ့ပေမယ့် လူထိပြီးထောင့်ကန်ဘောသာ ဖြစ်ခဲ့ရတယ် ခင်ဗျာ။

83 Min

ချယ်လ်ဆီးအသင်းက ချေပဂိုးရဖို့အတွက်  ကွင်းတစ်ဝက်ဖိကစားနေပြီး ဖြတ်တင်ဘောတွေကလည်း တောင်ပံနှစ်ဖက်ကနေ ဆက်တိုက်ထွက်လာနေပါတယ်။

82 Min

ပက်ဒရို၊ အလွန်ဆို၊ ကိုဗာဆစ်နဲ့ ဘာကလေ တို့ ဘုန်းမောက် ဂိုးဧရိယာထိပ်မှာ အပေးအယူ လုပ်နေကြပေမယ့် ဂိုးသွင်းဖို့တော့ အခွင့်အရေးရှာမရပဲ ဖြစ်နေပါတယ်။ ဘာကလေရဲ့ကန်ချက်က ဂိုးပေါက်တည့်ခဲ့ပေမယ့် နောက်ခံလူ အကီ နဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့တယ် ခင်ဗျာ။

81 Min

ဘတ်ရှူဝါယီ တစ်ယောက် ဝင်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ တစ်ဂိုး နစ်နာသွားခဲ့ရတယ် ခင်ဗျာ။

Updates

4 years 4 weeks ago
4 years 4 weeks ago
4 years 4 weeks ago
4 years 4 weeks ago
4 years 4 weeks ago

Pages

Mizzima Weekly