ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > ကျားဖြူ အနေနဲ့ free and fair ဖြစ်မယ်ဆိုရင်နိုင်ဖို့များပါတယ်

ကျားဖြူ အနေနဲ့ free and fair ဖြစ်မယ်ဆိုရင်နိုင်ဖို့များပါတယ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဝင်ပြိုင်မည့် ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ စဝ်ယွန်းပိုင်အား ပါတီမဲဆွယ်စည်းရုံးရေးအကြောင်း ဆက်သွယ်မေးမြန်းထားသည်။

ကျားဖြူပါတီသည် နိုင်ငံအဝှမ်း ကိုယ်စားလှယ်လောင်း ၁၅၆ ယောက်ဖြင့် စတုတ္ထအများဆုံး ဝင်ပြိုင်သော ပါတီဖြစ်သည်။

မေး ။ ။ တောင်ကြီးမြို့ပေါ်မှာ မဲဆွယ် စည်းရုံးတာမရှိဘူးလို့မြို့ခံတွေကပြောတယ်၊ အန်ကယ်တို့ ပါတီ အနေနဲ့ ဒီနေ့ နောက်ဆုံး မဲဆွယ်စည်းရုံးရေးနေ့မှာ ဘယ်လို ပုံစံမဲဆွယ်ခဲ့သလဲရှင့်။

ဖြေ။ ။ ဒီနေ့ ကျနော်တို့ အိုးစည်ဗုံမောင်းတီးပြီး ကား ၁၁ စီး နဲ့ တောင်ကြီးမြို့ တောင်နဲ့မြောက် တပတ် ပတ်ပြီး ကျနော်တို့ ကျားဖြူတံဆိပ်ကို ကားမှာချိန်ပြီးတော့ ကျားဖြူကိုမဲထဲ့ပါ ဆိုတဲ့ စာရွက်တွေ လိုက်ဝေတယ်ပေါ့ဗျ။ စပီကာနဲ့လဲ ပြောတယ်၊ စည်းရုံးတာတော့မဟုတ်တော့ဘူး။ မနက်ဖြန်ကျရင် မဲထဲ့ရတော့မယ်၊ ကျနော်တို့ကို မဲထဲ့ပါ ဆိုပြီး လှည့်သတိပေးတဲ့သဘောပါ။ ကျနော်တို့ ဒီကိစ္စကို ပြည်နယ် ကော်မရှင်ကို စာတင်ရပါတယ်။ ဒီလဆန်းပိုင်းထဲက ဟောပြောပွဲ မလုပ်တော့ပါဘူး။

မေး ။ ။ အန်ကယ်တို့ ပါတီ အနေနဲ့ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရခဲ့လား။

၁၉၉ဝ ရွေးကောက်ပွဲ ကပျက်သွားတော့ ဒီရွေးကောက်ပွဲကို သံသယဖြစ်တယ်၊ မယုံဘူး ပေါ့ဗျာ။
ဖြေ ။ ။ ကျနော်ကတော့ ကျနော်တို့ကို မဲထဲ့ဖို့ လွတ်လွတ်လပ်လပ် ပြောတာပဲ၊ နယ်တွေမှာလဲ ကျနော် ဒီလိုပဲ စည်းရုံးတာပဲ။ ကျနော့်ကို အားပေးပါ၊ အခုက အကုန်လုံး ပြောင်းလဲနေပြီ၊ ကျနော်တို့လဲ အကုန်ပြောင်းလဲတော့မယ်၊ အစိုးရကိုယ်တိုင်လဲ ပြောင်းလဲဖို့ ဦးတည်နေပြီဆိုတော့ ကျနော်တို့လဲ ပါဝင်ဆင်နွှဲရတော့မယ်ပေါ့ဗျ။

မေး ။ ။ မဲဆွယ်မှုနှင့် ပတ်သက်ပြီး ဒေသခံတွေက ဘယ်လို တုံ့ပြန်ခဲ့သလဲရှင့်။


SNDP-group-2ဖြေ ။ ။ ဒေသခံတွေက တချို့လဲ ဖြတ်သွားဖြတ်လာ လက်မ ထောင်ပြသွားတာ ရှိတယ်၊ လက်ခုပ်သြဘာ ပေးတာတော့ မရှိပါဘူးဗျ။ ဒီနေ့(သီတင်းကျွတ်လကွယ်နေ့)က ဈေးပိတ်တော့ သိပ် မစည်ကားပါဘူး။ ထူးထူးခြားခြားကြီးတော့လဲ မဟုတ်ပါဘူး။

မေး ။ ။ ဒေသခံအများစုက စည်းရုံးရေး ဆင်းတာလဲ မတွေ့ရဘူး ပြောတယ်၊ အဲဒါဘာကြောင့်လဲရှင့်။

ဖြေ ။ ။ အစောပိုင်းက စည်းရုံးရေးဆင်းဖို့ လောဆော်သေးတယ်။ ကျနော်တို့ ဖိတ်စာ ကမ်းတာရှိတယ်၊ ကျနော်တို့ တနေရာမှာ လူစုပြီး လွှတ်တော် သုံးရပ်ကိစ္စလေးတွေ၊ မဲပေးတဲ့စနစ်လေးတွေနဲ့ ကိုယ့်ပါတီအကြောင်းလဲ ရှင်းပြချင်လို့ အိမ်တွေကို ဖိတ်စာပို့တယ်။ ဖိတ်စာ ၅ဝ လောက်ပို့လိုက်ရင် လူက တဝက်တောင်မပြည့်ဘူး၊ အဲလိုတွေကြုံ ရတယ်။ တောင်ကြီးက လူတွေက စိတ်ဝင်စားမှုနည်းတယ်၊ နောက်ပြီးတော့ ၁၉၉ဝ ရွေးကောက်ပွဲ ကပျက်သွားတော့ ဒီရွေးကောက်ပွဲကို သံသယဖြစ်တယ်၊ မယုံဘူးပေါ့ဗျာ။ ကျနော်တို့ စည်းရုံးရသလောက်တော့ ကျနော်တို့ ကျားဖြူကို မဲပေးမှာပါ ဆိုတာမျိုးတော့ ကြားရပါတယ်။

သက်သေအထောက်အထားနဲ့ကတောင်ကြီးမှာ အတိအကျတော့မပြောတတ်ဘူးခင်ဗျ၊ နယ်က ခိုင်ခိုင်လုံလုံ စာနဲ့ ပြည်နယ် ကော်မရှင်ကို တိုင်ထားတာရှိတယ်။
နိုင်ငံရေးအပေါ် စိတ်ဝင်စားတဲ့လူက ၂ဝ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်၊ ဒီတော့ တောင်ကြီးမှာ လုပ်ရ ကိုင်ရ တော်တော် ခက်ပါတယ်။

မေး ။ ။ ပြိုင်ဘက်ပါတီတွေက ကြိုတင်မဲထဲ့တာတွေ စည်းရုံးခွင့်တွေမှာ မတရားမှုတွေရှိလား။ မနက်ဖြန် အဖြေကို ဘယ်လို မျှော်လင့်ပါသလဲရှင့်။


ဖြေ ။ ။ ‘Hopes for the best, prepare for the worst” ပေါ့နော်။ အခြေအနေ အရပ်ရပ်ပေါ့နော်၊ ကျနော်က free and fair မဖြစ်မှာကိုတော့ စိုးရိမ်တယ်။ ဆီဆိုင်မြို့နယ်ဘက်က ရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင် ရယက တွေနဲ့ပေါင်းပြီးတော့ မဲကောက်ထားတာရှိတယ်ဆိုပြီး ပြည်နယ် ကော်မရှင်ကို စာ တင်တာရှိတယ်လို့ နယ်ကလူတွေက ပြောတယ်။ ဒိပြင် ပါတီကို အတင်းအကြပ်ထဲ့ခိုင်းတယ်၊ တချို့လဲ ခြိမ်းခြောက်တယ်၊ မင်းတို့ဒီဟာ မထဲ့လို့ မရဘူးပေါ့နော်။ တချို့လဲ ဒဏ်ငွေတပ်မယ်၊ ထောင်ချမယ်တို့ပေါ့ဗျာ၊ ခုလို ကြိမ်းမောင်းပြီး ထဲ့ခိုင်းတာရှိတယ်လို့ နယ်က လူတွေကပြောတယ်။ ကျတော်တို့ ကျားဖြူ အနေနဲ့ free and fair ဖြစ်မယ်ဆိုရင်နိုင်ဖို့များပါတယ်။

မေး ။ ။ ခြိမ်းခြောက်မဲထဲ့ခိုင်းတဲ့ သက်သေ အထောက်အထား ပြနိုင်မလားရှင့်။

ဖြေ ။ ။ သက်သေအထောက်အထားနဲ့က တောင်ကြီးမှာ အတိအကျတော့မပြော်တတ်ဘူးခင်ဗျ၊ နယ်က ခိုင်ခိုင်လုံလုံ စာနဲ့ ပြည်နယ် ကော်မရှင်ကိုတိုင်ထားတာရှိတယ်။ ကျတော့်ဆီကိုတော့ မိတ္တူတက်မလာဘူး။ သူတို့ကလဲ လုပ်ထုံးနားမလည်ကြဘူးလေ။

နိုင်ရင်တော့ အနည်းဆုံး ပါတီ ညီလာခံတော့ လုပ်မှာပေါ့ဗျာ။ မနက်ဖြန် အဖြေပေါ်မှာ ကြည့်ပြီးမှ လွှတ်တော် ရောက်သွားရင်လဲ မပြောတတ်ဘူးပေါ့ဗျာ
နယ်က၊ တောက ကော်မရှင်တွေ ကိုယ်တိုင်က သိပ်နားမလည်ဘဲ လုပ်တဲ့အပိုင်းတွေ ရှိတယ်။ ကိုယ့်ဖာသာကိုယ် ခြစ်တာလဲ ရှိတယ်၊ စာလဲသိပ်မဖတ်ဘူး၊ ပယ်မဲ ကိစ္စလဲ နားမလည်ဘဲနဲ့ လုပ်တာတွေရှိတယ်၊ ကျတော်လဲ သူတို့ပြောပြတာကို ပြန်ပြောပြတာပါပဲ။

မေး ။ ။ ပါတီရဲ့ အဓိက နိုင်ငံရေး၊စီးပွားရေး၊ လူမူရေး မှုဝါဒ ပြောပါဆိုရင် အကျဉ်းချုံး ဘယ်လိုပြောမလဲရှင့်။

SNDP-leader-group-1ဖြေ ။ ။ ပါတီမူအကျဉ်းချုပ်ကို ပြောရရင်တော့ အားလုံးကောင်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်၊ ငြိမ်းချမ်းအောင်၊ လောကပါလ တရား နဲ့ ညီညွတ်အောင် အဓိကထားပါတယ်။ ကျနော်တို့ ပါတီက ရှမ်းပြည်နယ် ကို အဓိကထားတယ်၊ ရှမ်းပြည်နယ် လွှတ်တော် ပေါ်ပေါက်လာရေး၊ လွှတ်တော်ထဲမှာ ကိုယ့်ရှမ်းတိုင်းရင်းသားလူမျိုး များများ ပါဝင်လို့ရှိရင် အကျိုး သယ်ပိုးနိုင်တယ်ပေါ့။ အစစအရာရာ နိမ့်ကျနေတဲ့ လမ်းပန်းဆက်သွယ်ရေး၊ သယံဇာတ ပျက်စီး ယိုယွင်းတာတွေ အလဟဿ ဖြစ်သွားတာတွေကို ပြန်လုပ်မယ်ပေါ့နော်။ နောက် ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့လဲ ရှမ်း စာပေ၊ ပအိုဝ်းစာပေ တွေကိုမသင်မနေရ ဆိုတာမျိုး ကျနော့်စိတ်ထဲမှာ ရှိပါတယ်။

မေး ။ ။
အန်ကယ်တို့ အဓိက ပြိုင်ဘက် ဘယ်နှပါတီပါရှိသလဲရှင့်။

ဖြေ ။ ။ အဓိကက ပြိုင်ဘက်က ကြံ့ခိုင်ရေး ပါတီပါ၊ နောက်တခုက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါ၊ အဲဒီနှစ်ခု ပါပဲ။ကျန်တာက တသီးပုဂ္ဂလနှစ်ဦးပါပဲ။ (မင်္ဂလာဦး ရပ်ကွက်တွင်နေထိုင်သူ ဦးသန်းရွှေနှင့် ဦးကျော်ဇေယျ) ၊ အမျိုးသား လွှတ်တော်မှာ “အင်း”အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ ကယန်း ပါတီ အဲဒီ ၂ ပါတီပဲ ပါပါတယ်။

မေး ။ ။ ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီက မှန်းထားတာက သူတို့ ဦးဆောင်တဲ့ မဟာမိတ် အစိုးရဖွဲ့မယ်ပေါ့။ ကျားဖြူ အနေနဲ့ သူတို့နဲ့ မဟာမိတ်လုပ်ဖို့အစီအစဉ်ရှိလားရှင့်။


ဖြေ ။ ။ မနက်ဖြန်မှာ အဖြေသိရမှာပါ၊ အနိုင်အရှုံးပေါ်မှုတည်ပြီး ဆုံးဖြတ်ရမှာပါ၊ ကျနော်တို့က ရှမ်းပြည်တခုလုံး မြို့နယ်အသီးသီးကနေ ပြိုင်ထားတာကိုး။ ကျနော်တို့ ရာခိုင်နှုန်း ဘယ်လောက် နိုင်မလဲ ဆိုတာ မသိသေးဘူးပေါ့ဗျာ။ နိုင်ရင်တော့ အနည်းဆုံး ပါတီ ညီလာခံတော့ လုပ်မှာပေါ့ဗျာ။ မနက်ဖြန် အဖြေပေါ်မှာ ကြည့်ပြီးမှ လွှတ်တော် ရောက်သွားရင်လဲ အကုန်လုံးပေါင်းပစ်ရမှာပဲလေ၊ ပေါင်းသင့်ရင်လဲ ပေါင်းပေါ့၊ နောက်မှ ဖြစ်လာမယ့် မဟာမိတ်ကိစ္စတွေကတော့ အခု ကြိုပြောလို့ မရပါဘူး၊ ကျနော့်တယောက်ထဲနဲ့လဲ ပြောလို့မရပါဘူး။