ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > စီးပွားရေးသမားဝင်မှ စီးပွားဖြစ်မှာ

စီးပွားရေးသမားဝင်မှ စီးပွားဖြစ်မှာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(ဇေကမ္ဘာ ဦးခင်ရွှေနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ)။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၉ (တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း) အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်အရွေးခံမှာဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုက အဓိကဆိုသော မူဝါဒဖြင့် မဲဆွယ်မှုကို လူကိုယ်တိုင်သွားရောက်လုပ်ကိုင်လျှက်ရှိသည်။

“ကျနော့် နိုင်ငံရေးကိုက ရောက်တဲ့နေရာမှာ လိုတာလုပ်ပေးတာပဲ” ဟု ဆိုသည့် ဦးခင်ရွှေ၏ စည်းရုံးရေးခရီးစဉ်နှင့် သူ၏ နိုင်ငံရေးအမြင် တစေ့တစောင်းကို သိနိုင်ရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။


မဲဆန္ဒနယ်ထဲမှာ စည်းရုံးရေး ဆင်းနေတုန်းပဲလား အန်ကယ်။ အခြေအနေ ဘယ်လိုရှိပါလဲ။

’’ကျနော့် ၉ ထဲမှာတော့ ရွာတိုင်း ရွာတိုင်းက ရှိတဲ့လူ hupicအကုန်ထည့်မယ်ပေါ့ဗျာ။ စီးပွားရေးအရရော၊ လူမှုရေးအရရော ကျနော်လုပ်တဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း ၃ နေရာက စီးပွားရေး နောက်ကျ ကျန်ခဲ့တယ်လေ။ နိုင်ငံတော်က လုပ်တာ အခုဆို အေးချမ်းသာယာတာ ပြီးသွားပြီ။ လမ်းပမ်းဆက်သွယ်ရေး တံတားကြီးတွေ ထိုးပြီးပြီ။ ရွာချင်းဆက်တဲ့ လမ်းတွေ၊ နောက် သူတို့ရဲ့ စီးပွားရေးမြှင့်တင်ပေးဖို့ ဒါတွေပဲ ကျန်တော့တယ်။ ကျနော်တို့လို စီးပွားရေးသမားမှ ဝင်ပြီးတော့ မလုပ်ပေးရင် မြင့်စရာအကြောင်းမှ မရှိတာ။ တလခွဲရှိပြီ။ ကျနော် ရန်ကုန်ကနေပဲ ၃-၄ ရွာလောက် စုပြီးသွား လိုက် ပြန်လာလိုက်’’

အန်ကယ့်မဲဆန္ဒနယ်က ဘယ်လောက်ကျယ်လည်း။ ဒေသခံတွေ အနေအထားကရော ခင်ဗျ။

’’ကျနော်ဆင်းရမဲ့ရွာက မြို့နယ် ၃ ခု၊ ရွာပေါင်း ၄၉ဝ ကျော်၊ မဲရုံပေါင်း ၇၄ဝ၊ မဲထည့်ခွင့်က လေးသိန်းကျော်လောက် ရှိတယ်။ အများဆုံးကတော့ အမှောင်ဖုံးနေတယ်လို့ ပြောရမှာပေါ့ဗျာ။ သတင်းတွေ နားထောင်ပြီးတော့ နိုင်ငံတော် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ တောက်လျှောက်ရေး၊ တောက်လျှောက်ပြော ဘီဘီစီ၊ ဗီအိုအေနဲ့ စာတွေပို့၊ အဲဒီရွာတွေလေ။ အဲဒါတွေကို သဘောပေါက်အောင် လိုက်ရှင်းပြနေရတာပေါ့’’

ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်အမှတ်-၉ မှာ အန်ကယ်နဲ့အတူ တခြားဘယ်ပါတီက ရှိသေးလဲခင်ဗျာ။

’’လေးဖွဲ့ရှိတယ်။ ကရင်လည်းရှိတယ်။ အများကြီးကွာပါတယ်။ ကျနော်တို့ စီးပွားရေးသမားဝင်မှ စီးပွားဖြစ်မှာ။ လူနေမှုအဆင့်အတန်း မြင့်အောင်ဆိုရင်တော့ ကျနော်တို့ပဲ ဝင်လုပ်ပေးကြရမှာ’’

အန်ကယ့်မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ ယူဆပါသလဲ။

’’နံပါတ်တစ်ကတော့ဗျာ အေးချမ်းတာ လုံခြုံတာပေါ့။ အဲဒီနေရာက လွန်ခဲ့တဲ့ နှစ် ၂ဝ ကဆို သူပုန်တွေရော၊ ဓားပြတွေရော ရှိတယ်ဗျာ။ အခုတော့ အဲဒါတွေ ဘာမှ မရှိတော့ဘူးဗျာ။ အဲဒီနေရာတွေက ဟိုတုန်းကဆို တံတားတွေမရှိတော့ ရန်ကုန်သွားဖို့ တော်တော်ခက်တယ်ဗျာ။ အခု တံတားတွေရှိတော့ ရန်ကုန်သွားဖို့ လွယ်သွားပြီဗျာ။ တခုပဲ စီးပွားရေးနဲ့ ပြန်လည်တည်ဆောက်ဖို့ပဲ။ လူလေးတစု ချမ်းသာရုံနဲ့မှ မရတာဗျာ။ အောက်ခြေ လူတန်းစားက ပိုက်ဆံရှိလာဖို့ လိုတယ်လေ။ အဲဒီအတွက် ကျနော်တို့ရှိတဲ့ အကြံအဥာဏ်တွေ၊ အပေါင်းအသင်းတွေ၊ မိတ်တွေ၊ အဲဒါတွေနဲ့ ကျနော်တို့က လုပ်ရမှာ’’

ဘာတွေလုပ်ပေးမယ်လို့ စိတ်ကူးရှိလဲခင်ဗျ။


’’စပါးရှိတဲ့နေရာ သီးထပ်တွေ စိုက်ခိုင်းမယ်။ ဝါးရှိတဲ့နေရာ ကုန်ချောထုတ်ဖို့၊ သည့်ပြင် စီးပွားရေး ကိစ္စတွေကို လိုက်ပြောပြရတာပေါ့ဗျာ။ ရေနက်ဆိပ်ကမ်းတွေ လုပ်ပေးမယ်။ စက်မှုဇုံတွေ ထောင်ပေးမယ်။ ရွာတွေအရောက်ကို အထည်ချုပ်တွေဗျာ။ ၄-၅ ရွာ ၁ ခုလောက်ထားလိုက်ရင် သဘောက လှိုင်သာယာလာ အလုပ်လုပ်တာထက်စာရင် သူ့ရွာတွေမှာ အလုပ်လုပ်နိုင်လေ ကောင်းလေပဲ။ ကျနော်က စီးပွားရေးအမြင်နဲ့ပဲ သွားမှာပါ’’

ကြိုတင်မဲကောက်နေတာတွေ ရှိပါလား ခင်ဗျာ။

’’ကျနော့် ဧရိယာမှာ လုံးဝ မရှိဘူး’’

အန်ကယ်က စည်းရုံးရေးဆင်းတော့ ဟောပြောတာလား။ စာရွက်စာတမ်းဝေတာလား။

’’ကျနော်က ဟောပြောတာ။ စာရွက်စာတမ်း ဝေတာကတော့ ကိုယ်သွားစရာ မလိုဘူး။ နောက် ကိုယ့်ကိုထည့်ရမယ့် မဲဆန္ဒရှင်တွေကို မျက်နှာလိုက်ပြရတယ်။ သူတို့ထင်တာက ဒေါက်တာခင်ရွှေ အရမ်းချမ်းသာတဲ့ လူကြီးပေါ့ဗျာ။ သူတို့ဆီ မလာလောက်ဘူး ထင်နေတာ။ အဲဒါကို ကျနော်က မျက်နှာလိုက်ပြတာ။ ကျနော့်ဧရိယာက ပင်လယ်ဝတွေ များတာကိုး။ ဟိုနေ့ကဆို တညင်ကုန်းဆို ပင်လယ်ဝမှာ။ စက်လှေကြီးတွေနဲ့ သွားရတာ’’

အန်ကယ်တယောက်ထဲလား။ ရုပ်ရှင်သရုပ်ဆောင် တချို့လည်းပါတယ်ကြားလို့ပါ။

’’ကျနော့်ဆီ ဦးမိုးဒီ တယောက်ပဲ ပါတယ်။ အဓိကအချက်ကလည်း ကျနော့်ကို စောင့်နေတဲ့ ရွာတွေက တခါတလေကျရင် ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီလောက် ကြာတယ်၊ သူတို့စောင့်ရတာ။ ဟာဒယလေးပေါ့ဗျာ။ လူတွေ ပျော်အောင်ပေါ့။ သူတို့ စောင့်ရကျိုး နပ်တာပေါ့။ နိုင်ငံရေးက ကျနော်က ဘယ်သူ့မှ အားကိုးစရာ မလိုဘူးလေ။ ဒေါက်တာခင်ရွှေ တပြည်လုံး သိနေပြီပဲ’’

အခု ဦးမိုးဒီတယောက်ပဲ လိုက်တော့တာပေါ့။ လွင်မိုးတို့၊ နန္ဒာလှိုင်တို့ မလိုက်တော့ဘူးလား

’’ဦးမိုးဒီတယောက်ပဲ။ ၂ ယောက် ၃ ယောက် ကျနော် မခေါ်ပါဘူး။ ဦးမိုးဒီမရမှ ကျနော် သူတို့ကို ခေါ်ပါမယ်။ ဟာသနဲ့ဆိုတော့ လူသိလောက်တယ်။ ဟိုဟာတွေက ကျေးဇူးတင်စကားလောက်ပဲ ပြောနိုင်တယ်ဗျာ။ ရုပ်ပြတွေကို မလိုဘူး။ ဦးမိုးဒီကျတော့ ဟာသလေးနဲ့ ဘာကြောင့် မဲထည့်ရမယ် ဘာညာ ဒါမျိုးပြောသွားတယ်။ ရွာသားတွေလည်း သဘောကျတယ်’’

ကွင်းဆင်းတော့ လက်ဆောင်တွေဘာတွေ ပေးတာမျိုး လုပ်လားခင်ဗျ။

’’ကျနော်က ပထမ (ကျပ်)သိန်းတသောင်း သုံးမယ်ဆိုတော့ ဝိုင်းပြီးတော့ ဘာညာဘာညာ မသုံးရဆိုတော့။ ကျနော့်အနေနဲ့ကတော့ သုံးမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးမှလေ။ လုပ်သင့်လုပ်ထိုက်တဲ့ လူမှုရေးတွေ၊ ဘာသာရေးတွေ၊ ပညာရေးတွေ လုပ်ပေးရမှာပေါ့။ ကျနော့် နိုင်ငံရေးကိုက ရောက်တဲ့နေရာမှာ လိုတာလုပ်ပေးတာပဲ။ ကျနော့်ဆီမှာရှိတဲ့ ပိုက်ဆံနဲ့လည်း ရင်းပစ်ရင် ရင်းပစ်လိုက်ရမှာပဲ။ အခုလောလောဆယ်တော့ …ပိုက်ဆံတပြားမှ အိတ်ထဲ ထည့်မသွားဘူးဗျာ’’

မဲမထည့်ရေး လှုပ်ရှားမှုတွေအပေါ် အန်ကယ့်အမြင် ပြောပြပေးပါခင်ဗျာ။

’’မဲထည့်ပါလို့ ကျနော်လိုက်ပြောနေတာ မဟုတ်ဘူး။ မဲထည့် မမှားအောင်လို့၊ လူရွေး တတ်အောင်လို့၊ တချို့ပါတီတွေကလည်း လိုက်ပြီးတော့ မဲမထည့်လည်း နေလို့ရပါတယ် ဘာညာပေါ့ဗျာ။ နေလို့တော့ ရတယ်ဗျာ။ တကယ်လို့ မထည့်လိုက်လို့ ကိုယ်လိုချင်တဲ့လူ မရဘူးဆိုရင် သူတို့ ကျေးရွာတွေ ဖွံ့ဖြိုးမှု နှေးမယ်လေ။ နှေးသွားရင် ဘယ်သူ လာလုပ်ပေးမလဲ။ အဲဒါလေး ရှင်းပြတာပါ’’

အန်ကယ့် မဲဆန္ဒနယ်ထဲမှာရော မဲမထည့်လဲ နေလို့ရတယ်ဆိုတဲ့ လှုပ်ရှားမှုရှိလား။

’’အဲဒါတွေက အကုန်လုံး ဝင်နေတာပဲ။ တောက်လျှောက်။ နောက် ဒီဧရိယာက ၉ဝ ကတည်းက တစညနဲ့ အန်အယ်ဒီလေ။ တိုင်သံတွေကြားရင် တွံတေးပဲ။ စုစုနွေးတို့ ထန်းမနိုင်ပဲ။ ဒီဧရိယာကြီးကို ကိုယ်က တာဝန်ယူလုပ်ရတဲ့ အခါကျတော့ အရေးကြီးတာက ကိုယ့်ဘက်က စေတနာပေါ့ဗျာ။ မဲပြီးတဲ့အခါ ထွက်လာရင် သိရပါလိမ့်မယ်’’

အန်ကယ်ရဲ့ စိတ်ကူးတွေက တကယ်ရော အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆလား။

’’အရင်တုန်းက တပ်မတော် အစိုးရဆိုတာ လူတစုလောက်ပဲ ကိုင်တယ်လေ။ ရွေးကောက်ပွဲပြီးတာနဲ့ အာဏာကြီး ၃ ရပ် ခွဲတော့မယ်။ အုပ်ချုပ်ရေး၊ တရားရေး၊ စီမံခန့်ခွဲရေးအာဏာ။ ခွဲပြီးရင် ဘေးကနေ တဦးတယောက်ထဲရဲ့ အိုင်ဒီယာနဲ့ မလုပ်တဲ့အတွက်ကြောင့် အမှားနည်းသွားမှာပေါ့။ ဥပမာ ကျနော်တို့က စီမံခန့်ခွဲရေးအာဏာထဲ ရောက်တာနဲ့ ဥပဒေပြုတာတို့ဘာတို့ အကုန်ဝိုင်း တင်ကြမှာ။ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ကြမှာ။ အပြင်က ပြောသလို မဟုတ်ဘူး။ တပ်မတော်အစိုးရဆိုတာက တပ်မတော်က အမိန့်နဲ့ အုပ်ချုပ်ရတာလေ။ ညွှန်ကြားရင် အကုန်လုပ်ကြရတာ’’

အန်ကယ့်မဲဆန္ဒနယ်မှာ လယ်လုပ်ငန်းရှိတော့ မြေယာပိုင်ဆိုင်မှုကျတော့ ဘယ်လိုလုပ်မလဲ။

“တချို့ပါတီတွေက ဘာပြောလဲဆိုတော့ လယ်လုပ်တဲ့လူတွေ ရောင်းခွင့်ရအောင် ပေးမယ် ဘာညာ ကွိကွ ပြောတယ်။ ဟိုတုန်းက အဲဒီလို ရောင်းခွင့်ပေးထားတဲ့အတွက်ကြောင့် ချစ်တီးက အကုန်သိမ်းသွားတာပဲ။ ကျနော်တို့က လယ်လုပ်တဲ့လူ လယ်ပိုင်ခွင့်ပေးထားတဲ့ အတွက်ကြောင့် သူ့ရဲ့ ဘိုးစဉ်ဘောင်ဆက် အကုန်လုံးက ပိုင်တယ်။ တကယ်လို့ ရောင်းခွင့်ပေးလိုက်တာနဲ့ မနက်ဖြန် သဘက်ခါဆို ပိုက်ဆံရှိတဲ့ကောင်က အကုန်လာဝယ်သွားမယ်’’

သူ့လယ်ကို သူပြန်ရောင်းချင်ရင်ရော ခွင့်ပြုနိုင်မလား။

“ရောင်းခွင့် တရားဝင်များ ပေးလိုက်လို့ကတော့ အကုန်ရောင်းရင် လယ်သမားက စာရင်းငှား ပြန်ဖြစ်သွားမယ်။ ပိုင်ရှင်က သူဋ္ဌေးတွေ ဖြစ်ကုန်မှာပေါ့’’

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားတွေကလည်း ဝင်မပြိုင်ဘူး၊ ဆန့်ကျင်တယ်၊ သပိတ်မှောက်တယ်လို့ ပြောနေကြတယ်။ အဲဒီပြဿနာတွေကို ဘယ်လိုရှင်းလို့ရမယ် ယူဆလဲ။


’’တကယ်တမ်း ဝင်မပြိုင်ဘူး သပိတ်မှောက်တယ်ဆိုရင် ဒီအတိုင်းပဲ တပ်မတော်အစိုးရကို နောက် အနှစ် ၂ဝ ထပ်ပေးမလား။ ရတာ ယူထားဖို့လိုတယ်လေ။ နောက်တခါ ရသင့်တာကိုပဲ တောင်းဖို့ လိုတာကိုး။ အတင်း အဓမ္မကြီး ဒါတွေ အကုန်ရမှ ရမယ်ဆိုရင် ဗမာပြည်အတိုင်းအတာနဲ့ တခြားနိုင်ငံနဲ့ ကွာတာတွေ ရှိတာကိုး။ ဖြည်းဖြည်းချင်းတော့ သွားရမှာပေါ့။ ကျနော့်အမြင် ပြောတာလေ။ အခု ပေးထားတာကိုက တော်တော်များနေပါပြီ။ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှာ အရပ်သားတွေပဲ။ အဲဒီထဲမှာမှ ဝန်ကြီးကနေ ပင်စင်ယူတဲ့လူတွေ၊ တပ်မတော်က ပင်စင်ယူတဲ့လူတွေ ပါတာပေါ့ဗျာ’’

အန်ကယ်ရဲ့ ဇေကမ္ဘာကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း မိတ်ဆက်ပေးပါဦးခင်ဗျာ။

“ကျနော်က မင်္ဂလာဒုံဥယျာဉ်မြို့တော်ကြီး ဧက ၄ဝဝဝ လောက် ရှိတယ်။ စက်မှုဇုံတို့၊ ဂေါက်ကွင်းတို့၊ အိမ်ယာတို့။ ၁၉၇ဝ ကျော်လောက်ကတည်းက ကျနော်က စလုပ်တာလေ။ အရင်တုန်းက ပြည်ထောင်စု ပြခန်းတွေဆိုရင် ကျနော် ဆောက်တာပဲ။ ပါတီဌာနချုပ်ကြီးတွေ ကျနော် ဆောက်တာပဲ။ အဓိက က ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေးပေါ့’’

ဘာကြောင့် ဝင်အရွေးခံရတာလဲခင်ဗျ။

’’ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဆိုတာ နိုင်ငံတော်က ဖွဲ့ပေးခဲ့တဲ့ အသင်းပေါ့ဗျာ။ ကျနော်က ပထမ မဝင်ဘူးလို့ စဉ်းစားတာကို လူကြီးကနေပြီးတော့ မဝင်လို့ရှိရင် မလုပ်ရင် လုပ်လက်စတွေ ရပ်သွားမှာပေါ့ဆိုပြီး ကျနော်တို့ကို ကိုင်ခိုင်းတာ။ ဝင်လုပ်တယ်ဆိုတာကလည်း ကျနော်တို့က နိုင်ငံတော်ကြောင့် ဒီအခြေအနေ ရောက်လာတာကိုး။ နိုင်ငံတော်တခုထဲ လုပ်လို့မရဘူး၊ ကျနော်တို့ ပိုက်ဆံရှိတဲ့ တချို့တွေနဲ့ ပူးပေါင်းမှရမှာလေ’’