ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > ရွက်အုပ်သီး ဂီတဝါသနာရှင် ဗိုလ်သန်းရွှေ

ရွက်အုပ်သီး ဂီတဝါသနာရှင် ဗိုလ်သန်းရွှေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြသန်းစံနဲ့ တွေ့ဆုံခြင်း

စစ်တပ် စိတ်ဓာတ်စစ်ဆင်ရေးတွင် လုပ်ခဲ့ဖူးသည့် နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတယောက် ဝါဒဖြန့်သီချင်း ရေးလိမ့်မည်ဟု အများထင်မှတ်ထားမည် မဟုတ်ပါ။ မြင့်မောင်က အငြိမ်းစားစစ်မှုထမ်း တေးရေးမြသန်းစံကို ဆက်သွယ်မေးမြန်းထားသည်။
ကျနော် ကျောင်းပြီးတာနဲ့ တပ်ထဲကို ဝင်ခဲ့တယ်။ ခြေလျင်ဌာနမှာ ၂ နှစ်၊ ခြေမြန် ဌာနမှာ ၆နှစ်၊ စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှာ ၁၁ နှစ်လောက် လုပ်ခဲ့တယ်။ ကျနော် စစ်တပ်မှာ ၁၉နှစ်

မေး။ ။ ’တို့မွေးမြေ’’ သီချင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရေးတယ်ဆိုတာ။

ဟုတ်ပါတယ် ဗိုလ်ချုပ်မှူးကြီး ရေးသားတာပါ။

မေး။ ။ ဒီသီချင်းစာသားအတွက် သံစဉ်ရှာရာမှာ အချိန်ဘယ်လောက်ပေးခဲ့ရလဲခင်ဗျ။ ဘယ်တုန်းက ရေးခဲ့ပါသလဲ။
myathansan
တို့မွေးမြေ ကျနော်က သံစဉ် ရှာပေးခဲ့တာပါ။ ကျနော် အနေနဲ့ကတော့ သိပ်ပြီးတော့ အချိန်မယူရပါဘူး။ ဂီတမှူး ပက်ထရစ်က အချော သပ်ပေးတာပါ။ ၁၉၉၂ က စပ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ၁၉ နှစ်လောက် ရှိသွားပြီး သီချင်းတွေကလည်း ကြာပါပြီ။

မေး။ ။ ဆရာအနေနဲ့ အဲဒီ အချိန်တုန်းက ဘယ်ရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ပါသလဲ။ အဲဒီ သီချင်းစာသားတွေ အတွက် ဘယ်လိုလုပ်ခဲ့ ရပါသလဲ။ စာသား ပြင်တာတွေ ရှိပါသလား။ အဲဒီ သီချင်းကို ဘယ်သူတွေက သီဆိုကြပါသလဲ။

ကျနော်က အဲဒီ အချိန်မှာ ကာကွယ်ရေး ဝန်ကြီး ဌာနရုံးမှာ တာဝန်ထမ်းဆောင်တာပါ။ ကျနော်ကို အထက်က တာဝန်ပေးလို့ လုပ်လိုက်တာပါ။ စေတနာကောင်းတွေနဲ့ လုပ်လိုက်တာပါ။ ဂီတသဘောတရားထဲ ဝင်အောင် လုပ်လိုက်တာပဲ ရှိတယ်။ ဒီလောက်ပါပဲ။ ဆိုတာကတော့ မေဆွိနဲ့ အောင်ရင်ဆိုတာပါ။ တီးတာက Aurora တီးဝိုင်းပါ။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စပ်ဖူးတဲ့ တခြားသီချင်းတွေရော ဘယ်လောက် များများ ရှိလဲခင်ဗျ။ ဘယ်လိုအမျိုးအစားတွေ စပ်တတ်လဲ ခင်ဗျ။

တခြားသီချင်းတော့ ကျနော်မကြားမိဘူး။ သူ သီချင်း ဆိုတယ် မဆိုဘူးကိုတော့ ကျနော်မသိဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျနော်က သူနဲ့ အနီးကပ် မနေရဘူးလေ။ ကျနော့်ကို တာဝန်ပေးတဲ့ အချိန်မှာပဲ တွေ့ပါတယ်။

မေး။ ။ အနုပညာ သုခုမကြေးနဲ့ ငွေလှူတာ ဘယ်နေ့က လှူတာလဲခင်ဗျ။ ဘယ်သူတွေကို ဘယ်လောက် လှူဒါန်းပါသလဲ။
တခြားသီချင်းတော့ ကျနော်မကြားမိဘူး။ သူ သီချင်း ဆိုတယ် မဆိုဘူးကိုတော့ ကျနော် မသိဘူး။

စနေနေ့က လှူခဲ့တယ်။ သီချင်းအတွက် ဥာဏ်ပူဇော်ခ ၁၅ သိန်း ရပါတယ်။ အကုန်လုံး ပြန်လှူပါတယ်။ စိုင်းထီးဆိုင်၊ မေဆွိ၊ ခင်မောင်ထူး၊ ခိုင်ထူး၊ ဟေမာနေဝင်း၊ လေးလေးဝါး စတဲ့ အဆိုတော် ၆ ဦးကို ၁ သိန်းစီပေးတယ်။ တီးခတ်ပေးခဲ့တဲ့ မိုးသောက်ပန်းတေးဂီတ အဖွဲ့ကို ကျပ် ၁ သိန်း၊ အမေ့ကို ၅ သိန်း ကန်တော့တယ်။ ကျနော် ဆောက်နေတဲ့ ဘုန်းကြီးကျောင်းအတွက် ၃ သိန်းနဲ့ ပုဂ္ဂလိကစာနယ်ဇင်းများကို ၂ သိန်း ပေးခဲ့ တယ်။ ရတာ ၁၅ သိန်း ကုန်တာက ၁၇ သိန်းပါ။ ကျနော်ကိုယ်ပိုင် ပိုက်ဆံထဲက ၂ သိန်း တောင် ဆိုက်လိုက်ရသေးတယ်။

မေး။ ။ အလှူဒါနနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါအုံး ခင်ဗျာ။

သီချင်းရေးတယ်ဆိုတာက ပိုက်ဆံရဖို့ လုပ်ကြတာမဟုတ်ဘူးလေ၊ တာဝန်အရ လုပ်ကြတာ ဖြစ်တယ်။ သီချင်းတပုဒ် ပြီးဖို့အတွက် Team Work ပေါ့လေ။ ကိုယ်တယောက်နဲ့ မဆိုင်ဘူး ။ ကိုယ် တယောက်ထဲ ကောင်းလို့ မဖြစ်ဘူး။ တီးဝိုင်းတွေလည်း ကောင်းမှာ ဖြစ်မယ်။ လုပ်ဖော်ကိုင်ဘက် ညီအကို မောင်နှမတွေကို ခွဲဝေပေးတဲ့သဘောပါ။

မေး။ ။ အကျိုးပြု သီချင်းတွေ ရေးရတဲ့အတွက် ဘယ်လိုခံစားမိလဲခင်ဗျ။

အကျိုးပြုသီချင်းကို ရေးတယ် ဆိုတာက အားလုံးအတွက် ရေးပေးတာဖြစ်တယ်။ တာဝန်ထဲမှာ အနုပညာပါလို့ အရေးကြီးတာပါ။
သီချင်းရေးတယ် ဆိုတာက ပိုက်ဆံရဖို့ လုပ်ကြတာ မဟုတ်ဘူးလေ၊ တာဝန်အရ လုပ်ကြတာ ဖြစ်တယ်


မေး။ ။ ဘယ်အချိန်က တပ်ထဲဝင်ခဲ့ပါသလဲ။ ဘယ်ဌာနတွေမှာ တာဝန် ထမ်းဆောင်ခဲ့ပါသလဲ။

ကျနော် ကျောင်းပြီးတာနဲ့ တပ်ထဲကို ဝင်ခဲ့တယ်။ ခြေလျင်ဌာနမှာ ၂ နှစ်၊ ခြေမြန်ဌာနမှာ ၆နှစ်၊ စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှာ ၁၁ နှစ်လောက် လုပ်ခဲ့တယ်။ ကျနော် စစ်တပ်မှာ ၁၉နှစ် တာဝန် ထမ်းခဲ့ပါတယ်။

မေး။ ။ အခု လက်ရှိ သီချင်းတွေ မရေးတော့ဘူးဆိုတော့ ဂီတလောကကို ဘာကြောင့် စိတ်ကုန်သွားသလဲ။ အခုအချိန်မှာ သီချင်းရေးဖို့ တာဝန်ပေးမယ်ဆိုရင် ဆရာ့အနေနဲ့ ရေးပေးဖို့ အစီအစဉ် ရှိပါသလား။ လက်ရှိ ဘာတွေ လုပ်နေပါသလဲ ခင်ဗျာ။

ကျနော် အခု ဓမ္မဘက်ကို ဦးစားပေး လုပ်ကိုင်နေပါတယ်။ ကျနော်အားလုံးကို ပြောပြီးပါပြီ။ ကျနော် တရားဓမ္မက လွဲပြီးတော့ ဘာမှာ မလုပ်နိုင်တော့ဘူးလို့ ပြောပြီးပါပြီ။