ရန်ကုန်မြို့တွင်း ကရင်နှစ်သစ်ကူး ဖြတ်သန်းမှု မြင်ကွင်း

COVID-19 ကပ်ရောဂါ ကာလအတွင်း ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့၌ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူ အချို့ ရိုးရာဝတ်စုံများဝတ်ဆင်ကာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အတွင်းရှိ ဆူလေးတံတားပေါ်တွင် ယနေ့ ဇန်နဝါရီ ၁၃ ရက်က အမှတ်တရ ဓာတ်ပုံများ တွဲရိုက်ခဲ့ကြသည်။

ကိုဗစ်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများသူငှာ အနားယူလည်ပတ်သည့် ပန်းခြံများကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားခြင်းကြောင့် ယခုကဲ့သို့ အထိမ်းအမှတ်ပွဲများ၌ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးရန် နေရာအခက်အခဲရှိနေပြီး အဆင်ပြေ သင့်လျော်သည့်နေရာတွင် ဓာတ်ပုံများ ရိုက်ကူးခဲ့ရကြောင်း လာရောက် လည်ပတ်သူ့ အချို့က မဇ္ဈိမသို့ ပြောသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ