ကိုဗစ်ကာလ ပုံစံသစ်ဖြင့် ကျောင်းသားကျောင်း သူများ ကျောင်းစတက်

၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက်တန်းကျောင်း များကို ယနေ့ဇူလိုင် ၂၁ ရက်နေ့တွင် စဖွင့်လှစ်လိုက် ပြီဖြစ်သည်။

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ COVID-19 ကြောင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရေး ခေတ္တဆိုင်းငံ့ထားခဲ့ပြီးနောက် အခြေခံပညာအထက်တန်းဖြစ်သည့် စနစ်သစ်အခေါ် အဝေါ် Grade 10 နှင့် Grade 11 ကျောင်းသားများ ယနေ့ ကျောင်းစတက်  ရောက်ရခြင်း ဖြစ်သည်။

သန်လျင်မြို့ရှိ အမှတ် ၁ ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်ကြို တင်ကာကွယ်ရေးအတွက် ပုံစံသစ်ဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းစတက်ရသည့် မြင်ကွင်းများ။

ဓာတ်ပုံ - သူရ / မဇ္ဈိမ