၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန်မှာ ပြုလုပ်

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်တဲ့  ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဇာနည်ကြီးများရဲ့ မိသားစုဝင်များ  တက်ရောက်ဂါရဝပြုစဉ်။ (ဓာတ်ပုံ - ရဲအောင်သူ/အေအက်ဖ်ပီ) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါတဲ့ ခေါင်းဆောင်ကြီး ၈ ဦးနဲ့ ကိုယ်ရံတော်တစ်ဦး လုပ်ကြံခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို အာဇာနည်နေ့လို့ သတ်မှတ်ပြီး ကျင်းပတာဖြစ်ပါတယ်။