လိင်အင်္ဂါပြောင်းပြီး အမျိုးသမီးဖြစ်လာသူများ အလှပြိုင်ပွဲ

လိင်အင်္ဂါပြောင်းပြီး အမျိုးသမီးဖြစ်လာသူများ အလှပြိုင်ပွဲ Miss International Queen 2020 ကို ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ မတ်လ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ Miss Myanmar မေ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အပန်းဖြေနေရာ ပတ္တရားမြို့အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ဖြစ်သလို လိင်အင်္ဂါပြောင်းပြီး အမျိုးသမီးဖြစ်လာသူများရဲ့ အပြုသဘောဆောင်တဲ့ ပုံရိပ်ကို ဖန်တီးဖို့ ရည်ရွယ်တဲ့အနေနဲ့ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)